Connect with us

Politics, Law & Military

SCO အဖွဲ့ဝင်နိုင်ငံများအကြား ခရီးသွားကဏ္ဍပူးပေါင်းဆောင်ရွက်မှုအတွက် အလားအလာများစွာ တည်ရှိနေ

SCO ထိပ်သီးအစည်းအဝေးကျင်းပမည့် တရုတ်နိုင်ငံ ရှိ ချင်းသောင်မြို့အားတွေ့ရစဉ် (ဆင်ဟွာ)

ချင်းသောင်၊ ဇွန် ၉ ရက် (ဆင်ဟွာ)

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) အဖွဲ့ဝင်နိုင်ငံများအကြား ခရီးသွားကဏ္ဍပူးပေါင်းဆောင်ရွက်မှု အတွက် အလားအလာများစွာ တည်ရှိနေကြောင်း တရုတ်နိုင်ငံ မှ တာဝန်ရှိသူတစ်ဦး က ဇွန် ၈ ရက်တွင်ပြောကြားခဲ့သည်။

SCO အဖွဲ့ဝင်နိုင်ငံများသည် ခရီးသွားကဏ္ဍအရင်းအမြစ်များ ဖြင့် မြင့်မားစွာပြည့်စုံနေသော နီးကပ်သည့် အိမ်နီးချင်းများ ဖြစ်ကြောင်း ယဉ်ကျေးမှု နှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာန လက်အောက် ရှိ ဈေးကွက် နှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဌာန ညွှန်ကြားရေးမှူး ရွှယ်ရာဖိန် က ၁၈ကြိမ်မြောက် SCO ထိပ်သီးအစည်းအဝေး မတိုင်မီ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ခု၌ပြောကြားခဲ့သည်။

ရွှယ်က လက်ရှိတွင် ခရီးသွားကဏ္ဍပူးပေါင်းဆောင်ရွက်မှုသည် SCO အဖွဲ့ဝင် နိုင်ငံများအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၏ အဓိကအရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်လာကြောင်း၊ အဖွဲ့ဝင်နိုင်ငံများအကြား အိမ်နီးချင်းကောင်းစိတ်ဓါတ်ပိုမိုခိုင်မာဖွံ့ဖြိုးလာစေရန် အထောက်အကူပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၂၀၁၇ခုနှစ် တွင် SCO အဖွဲ့ဝင် နိုင်ငံများမှ ခရီးသည်များသည် တရုတ်နိုင်ငံသို့ ခရီးစဉ်ပေါင်း ၃.၆၂သန်းလာရောက်ခဲ့ပြီး ယခင် တစ်နှစ်ထက် ၁၁.၇၅ရာခိုင်နှုန်းအထိ တိုးတက်လာကြောင်း သိရသည်။

လာမည့် ထိပ်သီးအစည်းအဝေးပွဲတွင် ၂၀၁၉-၂၀၂၀ ခုနှစ် SCO ခရီးသွားကဏ္ဍပူးပေါင်းဆောင်ရွက်မှု လမ်းညွှန်ချက်များကို ပြီးပြည့်စုံအောင်ဆောင်ရွက်ရန်အတွက် အစီအစဉ်တစ်ခုကို လာမည့်နှစ်များတွင် လက်တွေ့ကျသည့် ခရီးသွားကဏ္ဍပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းလာစေမည့် ညွှန်ကြားချက်တစ်ခုအဖြစ် လက်မှတ်ရေးထိုးနိုင်မည်ဟု မျှော်လင့်ထားကြောင်း ရွှယ်ကပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.