China
လီချန်နှင့် နယူးဇီလန်နိုင်ငံ ဝန်ကြီးချုပ် Christopher Luxon တွေ့ဆုံဆွေးနွေး

ပေကျင်း၊ ဇွန် ၂၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်က တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ် လာရောက်သော နယူးဇီလန်နိုင်ငံ ဝန်ကြီးချုပ် Christopher Luxon နှင့် ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် ဇွန် ၂၀ ရက် ညနေပိုင်းက တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာ၌ လီချန်က လက်ရှိပြောင်းလဲရှုပ်ထွေးနေသည့် နိုင်ငံတကာအခြေအနေနှင့် ရင်ဆိုင်ရာတွင် တရုတ်-နယူးဇီလန် မဟာဗျူဟာ ညှိနှိုင်းဆွေးနွေးမှု အားဖြည့်ခြင်း၊ အပြန်အလှန်အကျိုးဖြစ်ထွန်းသည့်ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းခြင်းက နှစ်ဖက်အတွက် အရေးပါသော အနက်အဓိပ္ပာယ်ရှိကြောင်း လီချန်က ပြောကြားခဲ့သည်။
ယနေ့နံနက်ပိုင်းတွင် သမ္မတ ရှီကျင့်ဖိန်နှင့် အဆွေတော် ဝန်ကြီးချုပ်တို့ တွေ့ဆုံဆွေးနွေးခဲ့ရာ နောက်တစ်ဆင့် နှစ်နိုင်ငံဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ဦးတည်ချက်ကို လမ်းညွှန်ခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် နယူးဇီးလန်နိုင်ငံနှင့်အတူ အစဉ်အလာချစ်ကြည်ရေး တိုးတက်ပြန့်ပွားစေကာ နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှု ခိုင်မာစေရန်၊ လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ဆောင်ရွက်ကာ နှစ်နိုင်ငံဘုံဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုကောင်းမွန်စွာ မြှင့်တင်ပေးပြီး နှစ်နိုင်ငံပြည်သူများအား ပိုမိုကျယ်ကျယ်ပြန့်ပြန့်အကျိုးပြုရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်- နယူးဇီလန် စီးပွားရေးတွင် မြင့်မားသော အပြန်အလှန် ဖြည့်စွက်မှုရှိပြီး တရုတ်နိုင်ငံအနေဖြင့် နယူးဇီလန်နိုင်ငံနှင့်အတူ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာချိတ်ဆက်မှုများ အားဖြည့်ကာ ပိုမိုများပြားသော အကျိုးစီးပွား ဆုံချက်များရှာဖွေရန်၊ ကဏ္ဍအသီးသီး ပူးပေါင်းဆောင်ရွက်မှု အရည်အသွေး၊ ထိရောက်မှုမြှင့်တင်ရေးအား တွန်းအားပေးကာ ပိုမိုအဆင့်မြင့်သော အပြန်အလှန် အကျိုးဖြစ်ထွန်း၍ ဘုံအကျိုးစီးပွားကို ဖော်ဆောင်ရန် ဆန္ဒရှိကြောင်း၊ နှစ်ဖက်အနေဖြင့် ကုန်သွယ်ရေးအတိုင်းအတာ တစ်ဆင့်တိုးချဲ့ကာ လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီမှုဆိုင်ရာ စည်းကြပ်ခွန် လျှော့ချရေး ကတိကဝတ်များအား အတူတကွ ဖော်ဆောင်ပြီး ဝန်ဆောင်မှုဆိုင်ရာကုန်သွယ်မှု ကန့်သတ်ချက်စာရင်းနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးမှုများကို အရှိန်မြှင့်ပြီး ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု လွတ်လပ်ရေး၊ အဆင်ပြေချောမွေ့ရေး အသွင်ပြောင်းမှုကို စဉ်ဆက်မပြတ်တွန်းအားပေးရမည်ဖြစ်ကြောင်း ၎င်းက ထောက်ပြခဲ့သည်။
စွမ်းအင်သစ်မော်တော်ကားများ၊ အစိမ်းရောင်ကာဗွန်လျော့နည်းစက်မှုလုပ်ငန်း၊ ဒစ်ဂျစ်တယ်နည်းပညာအသုံးချမှု၊ ဒစ်ဂျစ်တယ်ထုတ်ကုန်ဝန်ဆောင်မှုစသည့် ထွန်းသစ်စကဏ္ဍပူးပေါင်းဆောင်ရွက်မှုများအား တိုးချဲ့ဆောင်ရွက်ကာ “ဒေသတွင်း ဘက်စုံစီးပွားရေးမိတ်ဖက်ဆက်ဆံမှုသဘောတူညီချက်” (RCEP) အား ဘက်စုံ၊ အရည်အသွေးမြှင့် ဖော်ဆောင်ပြီး ဒေသတွင်းစီးပွားရေးပေါင်းစည်းမှုကို ပိုမိုကောင်းမွန်စွာ တွန်းအားပေးရမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် နယူးဇီလန်မှ ပိုမိုများပြားသော အရည်အသွေးကောင်းမွန်သည့် လယ်ယာထွက်စားသောက်ကုန်များ တရုတ်နိုင်ငံသို့ တင်သွင်းရန် ဆန္ဒရှိပြီး အရည်အချင်းရှိသော တရုတ်ကုမ္ပဏီလုပ်ငန်းများကို နယူးဇီလန်တွင် ရင်းနှီးမြှုပ်နှံရန် ဆက်လက် အားပေးတိုက်တွန်းသွားမည်ဖြစ်ကြောင်း၊ နယူးဇီလန်အနေဖြင့် တရုတ်ကုမ္ပဏီလုပ်ငန်းများ နယူးဇီလန်တွင် လုပ်ငန်းလုပ်ဆောင်ရန် မျှတမှု၊ တံခါးဖွင့်လှစ်မှုရှိသော စီးပွားရေးပတ်ဝန်းကျင်ကို ပံ့ပိုးပေးရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် နယူးဇီလန်က ၂၀၂၅ ခုနှစ် တရုတ်-နိုင်ငံတကာ ပညာရေး နှစ်ပတ်လည် ညီလာခံ၏ အဓိကဧည့်သည်တော်နိုင်ငံဖြစ်လာခြင်းကို ကြိုဆိုကြောင်း၊ နှစ်နိုင်ငံပြည်သူများအကြား အပြန်အလှန်နားလည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ရန်အတွက် နယူးဇီလန်နိုင်ငံနှင့်အတူ ပညာရေး၊ ခရီးသွားလာရေး၊ တတ်သိပညာရှင်များနှင့် ဒေသဆိုင်ရာ စသည့်ကဏ္ဍများတွင် နှီးနှောဖလှယ်မှုများ ပိုမိုနက်ရှိုင်းလာစေရန် ဆန္ဒရှိကြောင်း၊ လက်ရှိတွင် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်စီးပွားအခင်းအကျင်းသည် နက်ရှိုင်းသော ပြောင်းလဲမှုနှင့် ပြင်ဆင်ချိန်ညှိမှုများနှင့် ကြုံတွေ့နေရလျက်ရှိရာ တရုတ်နိုင်ငံသည် နယူးဇီလန်နိုင်ငံနှင့်အတူ ကုလသမဂ္ဂ၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO)၊ အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့အစည်း (APEC) စသည့် မူဘောင်အောက်တွင် ညှိနှိုင်းပူပေါင်းဆောင်ရွက်မှုကို အားဖြည့်ကာ ကမောက်ကမဖြစ်နေသော ကမ္ဘာကြီးအား ပိုမိုတည်ငြိမ်မှု၊ သေချာမှု ဖြည့်တင်းပေးရန်၊ စည်းမျဉ်းစည်းကမ်းများအား အခြေခံသော နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုကို ထိန်းသိမ်းကာကွယ်ပြီး တံခါးဖွင့်လှစ်မှုရှိသော၊ အားလုံးပါဝင်နိုင်သော၊ ခွဲခြားဆက်ဆံမှု မရှိသော နိုင်ငံတကာစီးပွားရေး ပတ်ဝန်းကျင်ကို ဖန်တီးသွားလိုကြောင်း လီချန်က ပြောကြားခဲ့သည်။
ဝန်ကြီးချုပ် Luxon က နယူးဇီလန်-တရုတ်ဆက်ဆံရေးသည် ရှည်လျားသော သမိုင်းကြောင်းရှိပြီး နေ့စဉ်နှင့်အမျှ ပိုမိုရင့်ကျက်လာကာ အပြန်အလှန် လေးစားမှု၊ အပြန်အလှန်အကျိုးစီးပွားဖြစ်ထွန်းမှုရှိသော အခြေခံ၌ အစဉ်အမြဲ တည်ဆောက်ထားခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
လက်ရှိ နှစ်ဖက်ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှုအရှိန်အဟုန်မှာ ကောင်းမွန်ပြီး ကုန်သွယ်စီးပွားပူးပေါင်းဆောင်ရွက်မှုမှာ စွမ်းအားပြည့်နှက်ကာ လူမှုယဉ်ကျေးမှု ဖလှယ်မှုများသည် နေ့စဉ်နှင့်အမျှ နီးကပ်လာကြောင်း၊ နယူးဇီလန်သည် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အခိုင်အမာ လက်ကိုင်ထားကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ အဆင့်မြင့်အလွှာ ကူးလူးဆက်ဆံမှုကို ထိန်းသိမ်းထားရန်၊ အပြန်အလှန်နားလည်မှုနှင့် ယုံကြည်မှုအား ပိုမိုနက်ရှိုင်းစေရန်၊ ကုန်သွယ်စီးပွားရေး၊ လယ်ယာစိုက်ပျိုးရေး၊ ခရီးသွားလာရေး၊ ပညာရေး စသည့်ကဏ္ဍများ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန်၊ ဘုံဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်သွားရန် ဆန္ဒရှိကြောင်း၊ လက်ရှိ နိုင်ငံတကာ အခြေအနေသည် နက်ရှိုင်းသော ပြောင်းလဲမှုများ ဖြစ်ပေါ်လျက်ရှိပြီး နယူးဇီလန်-တရုတ် ဆွေးနွေးမှု၊ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးသည် လွန်စွာအရေးပါကြောင်း၊ နယူးဇီလန်နိုင်ငံသည် တရုတ်နိုင်ငံနှင့်အတူ ရာသီဥတုပြောင်းလဲမှု ရင်ဆိုင်တုံ့ပြန်ရေး၊ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်ရေး စသည့် ကဏ္ဍများတွင် ဆွေးနွေးညှိနှိုင်းဆောင်ရွက်မှုကို အားဖြည့်ကာ နိုင်ငံတကာစည်းစနစ် ထိန်းသိမ်းကာကွယ်ရေးတွင် အတူတကွ အားထားဆောင်ရွက်ပြီး အာရှ-ပစိဖိတ်ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် သာယာဝပြောရေးအား မြှင့်တင်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
တွေ့ဆုံဆွေးနွေးမှုအပြီး နှစ်နိုင်ငံဝန်ကြီးချုပ်တို့သည် အကောက်ခွန်၊ စားသောက်ကုန်ဘေးကင်းရေး၊ အော်ဂဲနစ်ထုတ်ကုန်ထောက်ခံချက်၊ ရာသီဥတုပြောင်းလဲမှု၊ ယဉ်ကျေးမှုအမွေအနှစ် စသည့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စာချုပ်များ လက်မှတ်ရေးထိုးမှုအား အတူသက်သေပြုခဲ့ကြသည်။
တွေ့ဆုံဆွေးနွေးမှုမတိုင်မီ လီချန်က ပြည်သူ့ခန်းမဆောင် မြောက်ဘက်ခန်းမတွင် Luxon အတွက် ကြိုဆိုပွဲ အခမ်းအနားကျင်းပခဲ့သည်။
နှစ်ဖက်က “တရုတ်-နယူးဇီလန် ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးမှုဆိုင်ရာ အောင်မြင်မှုရလဒ်များ ပူးတွဲကြေညာချက်” ကို အတူတကွ ထုတ်ပြန်ခဲ့သည်။
အထက်ပါ အခမ်းအနားများကို ဝူကျိန့်လုံလည်း တက်ရောက်ခဲ့သည်။ (Xinhua)
…………………………………….
(Chinese Version)
李强同新西兰总理拉克森会谈
新华社北京6月20日电 国务院总理李强6月20日下午在北京人民大会堂同来华进行正式访问的新西兰总理拉克森举行会谈。
李强表示,面对当前变乱交织的国际形势,中新加强战略沟通、深化互利合作对双方具有重要意义。今天上午,习近平主席同总理先生举行会晤,为下阶段两国关系发展指明了方向。中方愿同新方一道弘扬传统友谊,巩固政治互信,拓展务实合作,更好促进两国共同发展,更多惠及两国人民。
李强指出,中新经济有着高度互补性,中方愿同新方加强发展战略对接,发掘更多利益契合点,推动各领域合作提质增效,实现更高水平的互利共赢。双方要进一步扩大贸易规模,共同履行好自贸协定关税减让承诺,加快推进服务贸易负面清单谈判,持续推进贸易投资自由化便利化。要拓展新能源汽车、工业绿色低碳、数字技术应用、数字产品服务等新兴领域合作,全面、高质量实施《区域全面经济伙伴关系协定》,更好推进区域经济一体化。中方愿进口新方更多优质农食产品,将继续鼓励有实力的中国企业赴新投资,希望新方为中国企业在新经营提供公平、开放的营商环境。中方欢迎新西兰成为2025年中国国际教育年会主宾国,愿同新方深化教育、旅游、智库、地方等交流,增进两国人民相知相亲。当前,全球经贸格局正在经历深刻变革调整,中方愿同新方加强在联合国、世贸组织、亚太经合组织等框架下的沟通协作,维护以规则为基础的多边贸易体制,营造开放、包容、非歧视的国际经济合作环境,为动荡的世界注入更多稳定性和确定性。
拉克森表示,新中关系历史悠久、日益成熟,始终建立在相互尊重、互惠互利的基础之上。当前双边关系发展势头良好,经贸合作充满活力,人文交流日益紧密。新方坚持奉行一个中国政策,愿同中方保持高层交往,加深相互理解和信任,深化经贸、农业、旅游、教育等领域交流合作,促进共同发展。当前国际形势正在发生深刻变化,新中加强对话合作尤为重要。新方愿同中方加强在应对气候变化、绿色发展等领域沟通协调,共同致力于维护国际秩序,促进亚太地区的和平、稳定和繁荣。
会谈后,两国总理共同见证签署海关、食品安全、有机产品认证、气候变化、文化遗产等多项合作文件。
会谈前,李强在人民大会堂北大厅为拉克森举行欢迎仪式。
双方共同发表《中国-新西兰领导人会晤联合成果声明》。
吴政隆参加上述活动。(完)
图说:6月20日下午,国务院总理李强在北京人民大会堂同来华进行正式访问的新西兰总理拉克森举行会谈。 新华社记者 饶爱民 摄