China
ရတနာမြို့လေးတွင် ယွမ်ဘီလီယံဆယ်ချီ ဟန့်ဖူဝတ်စုံလုပ်ငန်း ရက်လုပ်နေ

ကျိနန်၊ ဇွန် ၂၅ ရက် (ဆင်ဟွာ)
ဟယ်ဇယ်မြို့ ချောင်ရှန့်ခရိုင်သည် တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ် အနောက်တောင်ပိုင်းနှင့် ဆန်းတုန်း-ဟဲနန် ပြည်နယ်နှစ်ခုစပ်ကြား၌ တည်ရှိပြီး တရုတ်နိုင်ငံတစ်ဝန်း ဟန့်ဖူဝတ်စုံများ ထုတ်လုပ်ရောင်းချရာ အခြေစိုက်စခန်းများအနက် တစ်ခုဖြစ်သည်။ လက်ရှိတွင် ခရိုင်တစ်ခုလုံး၌ ဟန့်ဖူဝတ်စုံ လုပ်ငန်းကုမ္ပဏီပေါင်း ၂,၇၅၀ ခု၊ အွန်လိုင်းဆိုင် ၁၅,၀၀၀ ခန့်ရှိသည်။ ဟန့်ဖူဝတ်စုံ လုပ်ငန်းလုပ်ကိုင်သူပေါင်း ၁၀၀,၀၀၀ နီးပါးရှိပြီး ဟန့်ဖူဝတ်စုံလုပ်ငန်း တစ်နှစ်အရောင်းပမာဏသည် ယွမ် ၁၂ ဘီလီယံဝန်းကျင်ဖြစ်ကာ ဒေသခံပြည်သူများ ဝင်ငွေတိုးစေသော၊ ကျေးလက်ဖွံ့ဖြိုးတိုးတက်စေသော တွန်းအားသစ် ဖြစ်လာခဲ့သည်။
ချောင်ရှန့်ခရိုင်သည် ဟန့်ဖူဝတ်စုံ၊ e-commerce ကို အားထား၍ မူလဖန်တီးဖော်ဆောင်မှု၊ ဒီဇိုင်းရေးဆွဲထုတ်လုပ်မှု၊ မူပိုင်ခွင့်ကာကွယ်ပေးမှု၊ ပိတ်စဖြတ်တောက်ခြင်းနှင့် ပုံစံချခြင်း၊ ပန်းချည်ထိုးခြင်း၊ တင်ဆက်ပြသမှုနှင့် အွန်လိုင်းမှရောင်းချခြင်း စသည်တို့ပါဝင်သည့် ပြည့်စုံသော ထုတ်လုပ်မှုလုပ်ငန်း ကွင်းဆက်ကို ဖော်ဆောင်ထားသည်။ ယနေ့အခါ ချောင်ရှန့်ခရိုင် ဟန့်ဖူဝတ်စုံလုပ်ငန်းသည် ပမာဏကြီးမားသော၊ အမှတ်တံဆိပ်များဖြစ်သော၊ အဆင့်မြင့်သော အသွင်သို့ တိုးတက်ကူးပြောင်းလျက်ရှိသည်။ မာမျန့်ချွင် စကတ်ကို အဓိကထားသည့် ဟန့်ဖူဝတ်စုံများကို ဩစတြေးလျ၊ ကနေဒါ၊ ဥရောပသမဂ္ဂ စသည့် နိုင်ငံနှင့်ဒေသပေါင်း ၁၀ ခုကျော်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ် ချောင်ရှန့်ခရိုင် ယိုအိုက်ယွင်ချန်း ဟန့်ဖူဝတ်စုံ အခြေစိုက်စခန်းတွင် ဝန်ထမ်းက တိုက်ရိုက်ထုတ်လွှင့်၍ ဟန့်ဖူဝတ်စုံအား မိတ်ဆက်ရောင်းချနေသည်ကို ဇွန် ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ် ချောင်ရှန့်ခရိုင် ယိုအိုက်ယွင်ချန်း ဟန့်ဖူဝတ်စုံ အခြေစိုက်စခန်းတွင် ဟန့်ဖူဝတ်စုံ မော်ဒယ် ဝူကျင့်လူ (ဝဲဘက်) က ဟန့်ဖူဝတ်စုံပိတ်သား၊ ဒီဇိုင်းတို့အား မိတ်ဆက်ပေးနေသည်ကို ဇွန် ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
——————
(Chinese Version)
宝藏之城丨这座小城织就百亿汉服产业
新华社照片,济南,2025年6月24日
菏泽市曹县位于山东省西南部、鲁豫两省交界处,是全国汉服生产销售基地之一。目前,全县共有汉服企业2750多家,网店约1.5万个,汉服从业者近10万人,汉服产业年销售额在120亿元左右,成为当地群众增收、乡村振兴的新引擎。
曹县以汉服、电商为依托,形成了涵盖原创研发、设计制作、版权保护、裁剪打版、绣花印花、展演展示以及网络营销等完整的产业链条。如今,曹县汉服产业正在向规模化、品牌化、高端化跃升。以马面裙为主的汉服销往澳大利亚、加拿大、欧盟等10余个国家和地区。
1、6月19日,在曹县有爱云仓汉服基地,中华女子学院非洲法语国家妇女能力建设研修班的学员在体验汉服。新华社记者 郭绪雷 摄
2、6月17日,在曹县有爱云仓汉服基地,工作人员直播推介汉服。 新华社记者 徐嘉懿 摄
3、6月17日,在曹县有爱云仓汉服基地,汉服模特吴静如(左)在介绍汉服面料、设计风格等。新华社记者 郭绪雷 摄