Connect with us

North America

အမေရိကန်နှင့် အီရန် လာမည့်ရက်သတ္တပတ်တွင် တွေ့ဆုံဆွေးနွေးမည်ဟု ထရမ့် ဆို

နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့၌ နေတိုး ထိပ်သီးအစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာသော အမေရိကန် သမ္မတ ထရမ့် (အလယ်) အား ဇွန် ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

သည်ဟိတ်၊ ဇွန် ၂၆ ရက် (ဆင်ဟွာ)
အမေရိကန်နှင့် အီရန် လာမည့်ရက်သတ္တပတ်တွင် တွေ့ဆုံဆွေးနွေးပွဲကျင်းပမည်ဖြစ်ပြီး သဘောတူညီချက်တစ်ရပ် လက်မှတ်ရေထိုးနိုင်ဖွယ်ရှိကြောင်း ထရမ့်က ဇွန် ၂၅ ရက်တွင် နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့၌ နေတိုး ထိပ်သီးအစည်းအဝေးအပြီး ကျင်းပသော သတင်းစာရှင်းလင်းပွဲတက်ရောက်စဉ် ပြောကြားခဲ့သည်။

“ကျွန်တော်တို့ လာမယ့်အပတ်မှာ အီရန်နဲ့ တွေ့ဆုံဆွေးနွေးပြီး သဘောတူညီချက်တစ်ရပ် လက်မှတ်ထိုးနိုင်ဖွယ်ရှိပါတယ်” ဟု ထရမ့်က ပြောကြားခဲ့သည်။ တစ်ချိန်တည်းမှာပင် ၎င်းက ဤသဘောတူညီချက်မှာ “မဖြစ်မနေလိုအပ်ချက်” မဟုတ်ဟု ယူဆထားသော်လည်း အမေရိကန်၏ အဓိကတောင်းဆိုချက်မှာ အီရန်အား နျူကလီးယား ပိုင်ဆိုင်ခွင့်မပြုခြင်းဖြစ်ဆဲပင် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အီရန်နှင့် အစ္စရေးအကြား အပစ်ရပ်ရေးမှာ “ကောင်းမွန်စွာ တိုးတက်” လျက်ရှိကြောင်း အဆိုပါနေ့ အစောပိုင်းတွင် နေတိုး ထိပ်သီးအစည်းအဝေး တက်ရောက်စဉ်ကာလအတွင်း ထရမ့်က မီဒီယာများထံ ပြောကြားခဲ့သည်။

အီရန်၏ ယူရေနီယံသန့်စင်ရေး စီမံကိန်းနှင့် စပ်လျဉ်း၍ ပြောကြားရာတွင် ထရမ့်က သဘောထား တင်းတင်းမာမာဖြင့် အီရန်က နျူကလီးယားလှုပ်ရှားမှုများ ဆက်လက်လုပ်ဆောင်နေခြင်းကို သည်းခံမည်မဟုတ်ကြောင်း ပြောကြားခဲ့ပြီး အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုများသည် အီရန်၏နျူကလီးယားအဆောက်အအုံများကို “အပြည့်အဝ ဖျက်ဆီး” ခဲ့ကြောင်း အလေးပေးပြောကြားခဲ့သည်။

အစ္စရေးသည် ဇွန် ၁၃ ရက် နံနက်ပိုင်းက အီရန်နယ်နိမိတ်အတွင်းရှိ နျူကလီးယားအဆောက်အဦနှင့် စစ်ရေးပစ်မှတ် စသည်တို့ကို အကြီးအကျယ် တိုက်ခိုက်ခဲ့ရာ အီရန်က ထိုနေ့ညတွင်ပင် တန်ပြန်တိုက်ခိုက်ခဲ့သည်။ ပဋိပက္ခစတင်ပြီးနောက် နှစ်ဖက်သည် ကြိမ်ဖန်များစွာ အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။ အမေရိကန် စစ်တပ်သည် အီရန်၏ ဖော်ဒိုး၊ နာတန့်ဇ်၊ အက်စ်ဖာဟန် နျူကလီးယား အဆောက်အဦနေရာ ၃ ခုအား “အောင်မြင်စွာ တိုက်ခိုက်နိုင်” ခဲ့ကြောင်း ထရမ့်က အမေရိကန် အရှေ့ပိုင်းဒေသစံတော်ချိန် ဇွန် ၂၁ ရက်တွင် ကြေညာခဲ့သည်။ အစ္စရေးနှင့် အီရန် အပစ်ရပ်ရေးနှင့် စပ်လျဉ်း၍ သဘောတူညီမှုရရှိခဲ့ကြောင်း ထရမ့်က အမေရိကန် အရှေ့ပိုင်းဒေသစံတော်ချိန် ဇွန် ၂၃ ရက်တွင် ကြေညာခဲ့သည်။ အစ္စရေးနှင့် အီရန်နှစ်နိုင်ငံလုံးက ဇွန် ၂၄ ရက်တွင် အပစ်ရပ်ရေး အစီအစဉ်ကို လက်ခံကြောင်း ပြောကြားခဲ့သည်။ (Xinhua)


………………
(Chinese Version)
特朗普称美国与伊朗下周将举行会谈
新华社海牙6月25日电(记者王湘江 陈斌杰)美国总统特朗普25日在荷兰海牙出席北约峰会后举行记者会,称美国与伊朗下周将举行会谈,并可能签署一项协议。
特朗普说:“我们下周将与伊朗进行会谈,也许会签署一项协议。”但他同时表示,他认为这项协议并非“必要”,但美方核心诉求依然是不允许伊朗拥有核武器。
当天早些时候,特朗普在出席北约峰会期间对媒体表示,伊朗与以色列之间的停火正在“顺利推进”。谈及伊朗铀浓缩项目,特朗普态度强硬,表示不会容忍伊朗继续开展核活动,并强调美军的空袭已“彻底摧毁”伊朗核设施。
以色列13日凌晨对伊朗境内核设施和军事目标等发起大规模空袭,伊朗当晚还击。冲突爆发后,双方发动多轮互袭。美东时间21日,特朗普宣布美军“成功打击”伊朗福尔道、纳坦兹和伊斯法罕三处核设施。美东时间23日,特朗普宣布以伊就停火达成一致。以伊两国24日均表示接受停火方案。(完)
图说:6月25日,在荷兰海牙,美国总统特朗普(中)在北约峰会后出席记者会。新华社记者 赵丁喆 摄