Connect with us

Europe

နေတိုးအဖွဲ့၏ ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ရေးအတွက် ထရမ့်၏ တွန်းအားပေးမှုက ဥရောပ၏ လူမှုဘဝဖူလုံမှုအပေါ် ထိခိုက်စေမည်ဟု စပိန်ကျွမ်းကျင်ပညာရှင် သုံးသပ်

နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့၌ လက်ကိုင်စာတန်းကိုင်ဆောင်၍ ဆန္ဒပြနေသူတစ်ဦးအား ၂၀၂၅ ခုနှစ် ဇွန် ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘာစီလိုနာ၊ စပိန်၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)
နေတိုးအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ပြည်တွင်းအသားတင် ကုန်ထုတ်လုပ်မှုတန်ဖိုး (ဂျီဒီပီ) ၏ ငါးရာခိုင်နှုန်းကို ကာကွယ်ရေးအသုံးစရိတ်အဖြစ် အသုံးပြုရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ တောင်းဆိုမှုမှာ “ရူးမိုက်ရာကျပြီး” ဥရောပနိုင်ငံများ၏ “အရေးအကြီးဆုံးတန်ဖိုး” ဖြစ်သော လူမှုဖူလုံရေးစနစ်များမှ ရန်ပုံငွေများကို လမ်းလွဲသွားစေရုံသာ ရှိလိမ့်မည်ဖြစ်ကြောင်း စပိန်ကျွမ်းကျင်ပညာရှင်တစ်ဦးက ဇွန် ၂၆ ရက်၌ သုံးသပ်ပြောဆိုခဲ့သည်။
နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့တွင် ဇွန် ၂၅ ရက်က ပြုလုပ်သော အစည်းအဝေး၌ နေတိုးအဖွဲ့ဝင်နိုင်ငံများ၏ ခေါင်းဆောင်များက အမေရိကန် တောင်းဆိုထားသည့် ကာကွယ်ရေးအသုံးစရိတ်တိုးမြှင့်ရေး လျာထားချက်ကို ထောက်ခံခဲ့သော်လည်း စပိန်နိုင်ငံက ငြင်းပယ်ခဲ့ပြီး ကာကွယ်ရေးအသုံးစရိတ်အား ဂျီဒီပီ၏ ၂.၁ ရာခိုင်နှုန်းထက် ကျော်လွန်အသုံးပြုမည်မဟုတ်ဟု ပြောကြားခဲ့သည်။
“အဲဒါက ရူးမိုက်ရာကျပြီး လက်ခံနိုင်စရာမရှိပါဘူး။ ကျွန်တော်တို့ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ အဲဒါက ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပမှာ ကျွန်တော်တို့တည်ဆောက်ထားတဲ့ အရေးအပါဆုံး တန်ဖိုးဖြစ်တဲ့ ဥရောပရဲ့ လူမှုဖူလုံရေးစနစ်တွေကို ထိခိုက်လာမှာမို့ အဲဒါကို ရှုတ်ချရပါမယ်” ဟု စပိန်သုတေသန အဖွဲ့အစည်း Delas Center for Peace Studies ၏ ဂုဏ်ထူးဆောင် ဥက္ကဋ္ဌ ပယ်ရဲ အော်တေဂါက ဆင်ဟွာသို့ ပြောကြားခဲ့သည်။
လက်ရှိတွင် နေတိုးအဖွဲ့၏ စုစုပေါင်း စစ်အသုံးစရိတ်မှာ အမေရိကန်ဒေါ်လာ ၁.၅ ထရီလီယံနီးပါး ရှိနေပြီဖြစ်ကြောင်း၊ ထရမ့်၏ တောင်းဆိုချက်အား ပြည့်မီရန် ယင်းအား နှစ်ဆတိုးမြှင့်ရမည်ဖြစ်ရာ “လက်ခံနိုင်ဖွယ်မရှိသော” ပမာဏဖြစ်သည့် ဒေါ်လာ ၃ ထရီလီယံအထိ ရှိလာမည်ဖြစ်ကြောင်း အဆိုပါ နိုင်ငံရေးကျွမ်းကျင်သူက ဆိုသည်။
“နေတိုးအဖွဲ့ဟာ ကျွန်တော်တို့ကို စစ်ရေးအသုံးစရိတ်တွေ ပိုသုံးစွဲစေသလို ကမ္ဘာပေါ်မှာ စစ်ရေးတင်းမာမှုတွေ ပိုပြီးမြင့်တက်အောင်သာ လုပ်နေတဲ့အတွက် ဥရောပအနေနဲ့ နေတိုးအဖွဲ့ကို စတင်မေးခွန်းထုတ်လာမယ်လို့ မျှော်လင့်ပါတယ်။ နေတိုးအဖွဲ့အနေနဲ့ အခုလိုမျိုးပဲ ရုရှားနဲ့တင်မကဘဲ တရုတ်နိုင်ငံနဲ့ပါ ထိပ်တိုက်တွေ့နေတာကို အနာဂတ်မှာ ထပ်ပြီးမမြင်တွေ့ချင်တော့ပါဘူး။ အဲဒါက သိပ်ကိုဝမ်းနည်းစရာကောင်းပါလိမ့်မယ်” ဟု အော်တေဂါက ဖြည့်စွက်ပြောကြားခဲ့သည်။ ၎င်းမှာ စပိန်နိုင်ငံ Open University of Catalonia တက္ကသိုလ်၌လည်း သင်ကြားပို့ချပေးနေသူဖြစ်သည်။
စပိန်မှာ ဒေါ်နယ်ထရမ့်အား သတ္တိရှိရှိ တုံ့ပြန်ရဲသည့် တစ်ခုတည်းသောနိုင်ငံဖြစ်သည်ဟု အော်တေဂါက ချီးကျူးခဲ့ပြီး ထိုလျာထားချက်အား သဘောတူလက်ခံထားသော နေတိုးအဖွဲ့ဝင်နိုင်ငံများအနေဖြင့်လည်း ယင်းအား အမှန်တကယ် ပြည့်မီနိုင်ခြင်းရှိမရှိအပေါ် သံသယဖြစ်မိကြောင်း၊ ဘယ်လ်ဂျီယမ်နှင့် ဆလိုဗက်ကီးယား စသော နိုင်ငံအချို့ကလည်း ၎င်းတို့အနေဖြင့် စပိန်၏ လမ်းစဉ်ကိုလိုက်၍ ယင်းအား လိုက်နာမည်မဟုတ်ဟု ပြောဆိုထားကြောင်း ဆက်လက်ပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/4IO


………………
(English Version)
Trump’s NATO spending push hits European welfare, says Spanish expert
BARCELONA, Spain, June 26 (Xinhua) — U.S. president Donald Trump’s demand that NATO members spend five percent of their gross domestic product (GDP) on defense is “crazy” and will only divert funds from their welfare states, the “most important asset” of European countries, a Spanish expert said Thursday.
NATO leaders met in The Hague in the Netherlands on Wednesday to endorse the higher spending goal demanded by the United States, but Spain refused and said it would not spend more than 2.1 percent of its GDP on defense.
“It’s crazy, outrageous. We have to condemn it, because whether we like it or not, it will affect the welfare states of Europe, which is precisely the most important asset that we have built in Europe since the Second World War,” Pere Ortega, honorary president of Spain’s Delas Center for Peace Studies, told Xinhua.
According to the political expert, NATO’s overall military spending currently approaches one and a half trillion dollars and that meeting Trump’s demands would mean doubling that figure to an “outrageous” three trillion dollars.
“I wish in Europe we would start to question NATO, because NATO has only brought us more military spending and more military tensions in the world. I don’t want to see NATO in the future, not only confronting Russia as now, but also confronting China. That would be very sad,” added Ortega, who also teaches at Spain’s Open University of Catalonia.
Praising Spain as “the only country with the courage to stand up to Donald Trump,” Ortega doubted whether the NATO members who accepted the target would actually end up meeting it, and he pointed out that “some countries such as Belgium and Slovakia have already said they will follow Spain’s stance and will not comply.” xhtxs.cn/4IO
English Caption
A protester holding a placard is pictured in The Hague, the Netherlands, June 22, 2025. (Xinhua/Zhao Dingzhe)