Connect with us

International Organizations

တရုတ်နိုင်ငံက လကမ္ဘာ၏ မြေကြီးနမူနာကို ဗီယင်နာမြို့ရှိ ကုလသမဂ္ဂရုံးတွင် ပထမဆုံးအကြိမ် ပြသခဲ့

ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့ရှိ ကုလသမဂ္ဂရုံးတွင် ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ တရုတ်နိုင်ငံရုံး အမြဲတမ်းကိုယ်စားလှယ် လီဆုန်းက ပြပွဲ ဖွင့်လှစ်ခြင်း အခမ်းအနား၌ အမှာစကားပြောကြားနေသည်ကို ဇွန် ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဗီယင်နာ၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)
ကုလသမဂ္ဂ အာကာသ ငြိမ်းချမ်းစွာ အသုံးပြုမှုဆိုင်ရာ ကော်မတီ (COPUOS) ၆၈ ကြိမ်မြောက် အစည်းအဝေးအတွင်း တရုတ်နိုင်ငံ အမျိုးသားအာကာသစီမံခန့်ခွဲမှုဦးစီးဌာန (CNSA)၊ ဗီယင်နာအခြေစိုက် တရုတ်နိုင်ငံ အမြဲတမ်း ကိုယ်စားလှယ်အဖွဲ့တို့ ပူးပေါင်းပြီး “တရုတ် လကမ္ဘာစူးစမ်းလေ့လာရေး စီမံကိန်း နှစ် ၂၀ ပြည့်” အောင်မြင်မှုပြပွဲကို ဗီယင်နာမြို့ရှိ ကုလသမဂ္ဂ ရုံး၌ ကျင်းပခဲ့သည်။ Chang’e-5 နှင့် Chang’e-6 မစ်ရှင်များအတွင်း လ၏ ရှေ့ခြမ်းနှင့်နောက်ခြမ်းမှ စုဆောင်းရရှိသော နမူနာများကို ကုလသမဂ္ဂတွင် ပထမဆုံးအကြိမ် လူသိရှင်ကြား အတူတကွပြသခဲ့သည်။

တရုတ်နိုင်ငံမှ လကမ္ဘာ၏ မြေကြီးနမူနာက “အိပ်မက် အကောင်အထည်ဖော်ခြင်း၊ လေ့လာစူးစမ်းရဲခြင်း၊ အခက်အခဲများ ဖြေရှင်းရာတွင် အတူညှိနှိုင်းဆောင်ရွက်ခြင်း၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွားဖော်ဆောင်ခြင်း” ဟူသည့် လကမ္ဘာစူးစမ်းလေ့လာရေးစိတ်ဓာတ်ကို ပြသခဲ့သလို တရုတ်နိုင်ငံက တန်းတူညီမျှ အပြန်အလှန် အကျိုးပြုရေး၊ ငြိမ်းချမ်းစွာ အသုံးချရေး၊ အားလုံးပါဝင်နိုင်သော ဖွံ့ဖြိုးတိုးတက်ရေး အခြေခံမူအား လက်ကိုင်ထားသည်ကို ပေါ်လွင်စေပြီး လကမ္ဘာစူးစမ်းလေ့လာရေးဆိုင်ရာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုအပေါ် အပြုသဘောဆောင်သော သဘောထားကို တက်ကြွစွာ အားစိုက်ဆောင်ရွက်ကာ အဆက်အပြတ်ချဲ့ထွင်သွားမည်ဖြစ်ကြောင်း ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ တရုတ်နိုင်ငံရုံး အမြဲတမ်းကိုယ်စားလှယ် လီဆုန်းက ပြပွဲ ဖွင့်လှစ်ခြင်းအခမ်းအနား အမှာစကားတွင် ပြောကြားခဲ့သည်။

Chang’e လကမ္ဘာ၏ မြေကြီးက မိမိတို့အား ပိုမို နီးနီးကပ်ကပ်၊ စည်းလုံးညီညွတ်စွာ အတူရှိစေခဲ့ပြီး ကုလသမဂ္ဂနှင့် COPUOS ပလက်ဖောင်းတို့က လူသားများ ငြိမ်းချမ်းစွာ အာကာသ စူးစမ်းလေ့လာရေး၊ အသုံးချရေး ခရီးကို အတူတကွ တွန်းအားပေးခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ကုလသမဂ္ဂ အာကာသရေးရာရုံး ညွှန်ကြားရေးမှူး Aarti Holla-Maini က တရုတ်နိုင်ငံ၏ အာကာသလုပ်ငန်းတွင် ကြီးမားသော အောင်မြင်မှုရရှိခဲ့ခြင်းအပေါ် လှိုက်လှဲစွာ ဂုဏ်ပြုခဲ့ပြီး လူသားများ၏ ပထမဆုံး လကမ္ဘာ အနောက်ခြမ်းနမူနာအား ဗီယင်နာကုလသမဂ္ဂရုံးသို့ ယူဆောင်လာ၍ ပြသခြင်းအပေါ် တရုတ်နိုင်ငံအား နက်နက်ရှိုင်းရှိုင်း ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

အာကာသလုပ်ငန်းဆိုင်ရာ နိုင်ငံကြီးအနေဖြင့် တရုတ်နိုင်ငံသည် အရေးပါသော ဦးဆောင်သည့် အခန်းကဏ္ဍမှ ဆက်လက်ပါဝင်ဆောင်ရွက်ကာ COPUOS အဓိကပလက်ဖောင်း အခန်းကဏ္ဍကို တွန်းအားပေးပြီး အာကာသကဏ္ဍ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုကို မြှင့်တင်ပေးရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံက ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများကို ဦးဆောင်၍ အိပ်မက်များကို ရဲဝဲ့စွာ အကောင်အထည်ဖော်ရန်၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဖြင့် နည်းပညာ ကွာဟချက်များကို နီးကပ်စေရန်၊ လူသားမျိုးနွယ် ဘုံအနာဂတ်ကို ဖွဲ့စည်းတည်ဆောက်ရန် မျှော်လင့်ကြောင်း “G77 နှင့် တရုတ်နိုင်ငံ” ဗီယင်နာရုံးခွဲ အလှည့်ကျဥက္ကဋ္ဌ၊ ကင်ညာနိုင်ငံအမြဲတမ်းကိုယ်စားလှယ် Makoloo Maurice က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ လကမ္ဘာ မြေကြီးနမူနာသည် ဗီယင်နာကုလသမဂ္ဂရုံးတွင် အထူးစိတ်ဝင်စားမှုခံခဲ့ရကာ နိုင်ငံအများအပြားမှ သံတမန်များ၊ ကိုယ်စားလှယ်များနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ အရာရှိများ လာရောက်ကြည့်ရှုခဲ့ကြပြီး တရုတ်နိုင်ငံပြခန်းစင်ရှေ့၌ အပြန်အလှန် နှီးနှောဖလှယ်ခြင်း၊ အမှတ်တရ စုပေါင်းဓာတ်ပုံများ ရိုက်ကူးခြင်းတို့ ပြုလုပ်ခဲ့ကြသည်။ တရုတ်နိုင်ငံ၏ လကမ္ဘာစူးစမ်းလေ့လာရေး စီမံကိန်း ကြီးမားသော အောင်မြင်မှုများရရှိခဲ့ခြင်းသည် လူသားမျိုးနွယ်အားလုံး၏ ဂုဏ်ယူဝင့်ကြွားဖွယ်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံက နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု အခွင့်အရေးများ မျှဝေခြင်းကို လေးစားချီးကျူးကြောင်း၊ တရုတ်နိုင်ငံ၏ အာကာသလုပ်ငန်းဆိုင်ရာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများတွင် တက်ကြွစွာ ပါဝင်ကာ ကုလသမဂ္ဂပလက်ဖောင်းကို အသုံးပြုကာ လူသားမျိုးနွယ်၏ စကြဝဠာ လျှို့ဝှက်ဆန်းကြယ်မှုကို စူးစမ်းရှာဖွေသွားမည့် ဘုံလုပ်ငန်းစဉ်ကို အားထားဆောင်ရွက်သွားလိုကြောင်း ဘက်အသီးသီးက ပြောကြားခဲ့သည်။

ထိုနေ့တွင် လီဆုန်းက တရုတ်နိုင်ငံ၏ လူတင်အာကာသယာဉ်၊ အာကာသနက် (deep space) သို့ စူးစမ်းလေ့လာခြင်း၊ BeiDou လမ်းညွှန်စသည့် ကဏ္ဍများတွင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု အခြေအနေများကို COPUOS ၆၈ ကြိမ်မြောက် အစည်းအဝေး၌ အမှာစကားပြောကြားစဉ် မိတ်ဆက်ပြောကြားခဲ့သည်။ (Xinhua)

ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့ရှိ ကုလသမဂ္ဂရုံးတွင် ကုလသမဂ္ဂ အာကာသရေးရာရုံး ညွှန်ကြားရေးမှူး Aarti Holla-Maini က ပြပွဲ ဖွင့်လှစ်ခြင်း အခမ်းအနား၌ အမှာစကားပြောကြားနေသည်ကို ဇွန် ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………
(Chinese Version)
中国月壤样品首次走进维也纳联合国总部
新华社维也纳6月25日电(记者于涛 孟凡宇)6月25日,在联合国和平利用外层空间委员会第68届会议期间,中国国家航天局、中国常驻维也纳代表团共同在维也纳联合国总部举办“中国探月工程20年”成就展,首次将嫦娥五号、嫦娥六号任务中采集的月球正面和背面样品一同在联合国公开展出。
中国常驻联合国维也纳办事处和其他国际组织代表李松在展览揭幕仪式上致辞说,来自中国的月壤样品体现了“追逐梦想、勇于探索、协同攻坚、合作共赢”的探月精神,彰显中国秉持平等互利、和平利用、包容发展的原则,积极致力于并将不断扩大探月国际合作的建设性姿态。他表示,嫦娥月壤使我们更加紧密地团结在一起,在联合国和外空委平台共同推进人类和平探索利用外空的远征。
联合国外空司司长霍拉-迈尼热烈祝贺中国航天取得巨大成就,衷心感谢中国将人类首个月背样品带到维也纳联合国总部展出。她期待中国作为航天大国继续发挥重要引领作用,推动维护外空委主平台作用,促进外空全球治理。
“77国集团和中国”维也纳分部轮值主席、肯尼亚常驻代表马库鲁表示,期待中国带领全球南方国家大胆追逐梦想,充分利用国际合作弥合空间技术鸿沟,构建人类共同的未来。
中国月壤样品在维也纳联合国总部引起轰动,众多国家使节、代表和国际机构官员驻足观赏,围绕在中国展台前相互交流、合影留念。各方纷纷表示,中国探月工程取得巨大成就是全人类的骄傲,高度赞赏中国分享国际合作机会,愿积极参加中方航天国际合作项目,致力于利用联合国平台推动人类探索宇宙奥秘的共同事业。
同日,李松在外空委第68届会议发言中介绍了中国在载人航天、深空探测、北斗导航等领域开展国际合作的情况。(完)
图说1:6月25日,在维也纳联合国总部,中国常驻联合国维也纳办事处和其他国际组织代表李松在展览揭幕仪式上致辞。新华社发(王宙摄)
图说2:6月25日,在维也纳联合国总部,联合国外空司司长霍拉-迈尼在展览揭幕仪式上致辞。新华社发(王宙摄)