Connect with us

International Organizations

ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အသင်းများ၏ ဘောလုံးအရည်အသွေးကို ရီးရဲလ်မက်ဒရစ်နည်းပြ အလွန်ဆို ချီးကျူး

ဖီလာဒဲလ်ဖီးယား၊ ဇွန် ၂၈ ရက် (ဆင်ဟွာ)
အလွန်ပြင်းထန်သော အပူရှိန်၊ ပရိသတ်နည်းပါးမှုနှင့် ဘိုင်ယန်မြူးနစ်က အော့ကလန်စီးတီးအား ၁၀ ဂိုးပြတ် အနိုင်ရခဲ့သည့်ပွဲစဉ်ကဲ့သို့ ခြေမညီသော တစ်ဖက်သတ်ပွဲစဉ်များ စသည့် အကြောင်းရင်းများကြောင့် လက်ရှိကျင်းပနေသော ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအပေါ် ဝေဖန်မှုများရှိနေသော်လည်း ရီးရဲလ်မက်ဒရစ် နည်းပြသစ် ဇာဗီ အလွန်ဆိုကမူ ထိုပြိုင်ပွဲ၌ မြင်တွေ့ရသော ဘောလုံးအရည်အသွေးအပေါ် အံ့အားသင့်မိကြောင်း ပြောကြားခဲ့သည်။
ဥရောပမှမဟုတ်သော ကလပ်အသင်းများ၏ အရည်အသွေးက မိမိအား အံ့အားသင့်စေခဲ့သည်ဟု အလွန်ဆိုက ဝန်ခံပြောဆိုခဲ့သည်။
“တခြားနေရာက ပြိုင်ပွဲအဆင့်အတန်းကို မြင်တွေ့ခွင့်ရတာက ဥရောပဘောလုံးလောကအတွက် အကျိုးရှိစေပါတယ်။ ကျွန်တော်တို့အနေနဲ့ လိုက်လျောညီထွေဖြစ်အောင် လုပ်နိုင်ဖို့ အရေးကြီးပေမဲ့ မြင်တွေ့နေကျမဟုတ်တဲ့ အသင်းတွေကို တွေ့နေရတာပါ။ သူတို့က သိပ်ကောင်းတယ်ဗျ” ဟု ၎င်းက ဆိုသည်။
ပြိုင်ပွဲမှ စောစောစီးစီး ထွက်ခွာခဲ့ရသော်လည်း အာဂျင်တီးနားကလပ် ရေးဗားပလိတ်၏ စွမ်းဆောင်ရည်ကို အလွန်ဆိုက သီးခြားရွေးထုတ်၍ ချီးကျူးပြောဆိုခဲ့သည်။ ထို့အတူ ဥရောပအသင်းများဖြစ်သည့် အက်သလက်တီကိုနှင့် ပေါ်တိုတို့ အုပ်စုအဆင့်မှ လှည့်ပြန်ခဲ့ရချိန်တွင် ရှုံးထွက်အဆင့်သို့ တက်နိုင်ခဲ့သော ဘရာဇီးကလပ်များဖြစ်သည့် ဖလူမင်နိစ်၊ ဖလာမင်ဂိုနှင့် ဘိုတာဖိုဂိုတို့ကိုလည်း ၎င်းက ချီးကျူးခဲ့သည်။ (Xinhua)


………………………………………………………………………………….
(English Version)
Real Madrid coach Alonso hails playing standard at Club World Cup
PHILADELPHIA, June 26 (Xinhua) — The ongoing FIFA Club World Cup has faced criticism for several reasons, including extreme heat, small crowds, and one-sided mismatches such as Bayern Munich’s 10-0 win over Auckland City. However, new Real Madrid coach Xabi Alonso insisted he was surprised at the quality of the football on show at the tournament.
Alonso acknowledged that the quality of the non-European sides had taken him by surprise.
“It has been good for European football to see the level of competition from elsewhere,” he said. “It is important to be able to adapt, but we are seeing sides that you don’t see on a daily basis, and they are very good,” he said.
The coach singled out Argentina’s River Plate despite its early exit from the tournament, and also praised Brazilian sides Fluminense, Flamengo and Botafogo, who have all made the knockout round, while European sides Atletico Madrid and FC Porto have fallen at the group stage.