Connect with us

China

ပါကစ္စတန်ဆရာဝန်တစ်ဦး၏ တရုတ်နိုင်ငံတွင် ခြောက်နှစ်ကြာ လုပ်ကိုင်ဆောင်ရွက်မှုနှင့် ချစ်ကြည်ရင်းနှီးမှု

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့တွင် ပခုံးကြွက်သားနာကျင်မှု ခံစားနေရသော အားကစားသမားတစ်ဦးအား ပြန်လည်ထူထောင်ရေး လေ့ကျင့်ပေးနေသော ဆေယတ် ဇူဖီကာ အလီရှာ (အလယ်) အား တွေ့ရစဉ် (ဆင်ဟွာ)

ကွေ့ယန်၊ တရုတ်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)
ပါကစ္စတန် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် ဆေယတ် ဇူဖီကာ အလီရှာသည် တရုတ်နိုင်ငံ၌ ခြောက်နှစ်တာကာလအတွင်း ပုဂ္ဂိုလ်ရေးအရရော ပညာရပ်ပိုင်းဆိုင်ရာ နှစ်ခုလုံးတွင်ပါ ကြာရှည်စွာနေထိုင်ခဲ့သူဖြစ်သလို တရုတ်နိုင်ငံနှင့် ပါကစ္စတန်နိုင်ငံကြား နက်ရှိုင်းသော ချစ်ကြည်ရင်းနှီးမှုကိုလည်း သက်သေပြုလျက်ရှိပေသည်။
“ဒီလိုနေထိုင်အသက်ရှင်လာတဲ့အလျောက် တရုတ်-ပါကစ္စတန် ချစ်ကြည်ရင်းနှီးမှုအကြောင်းကို ကျွန်တော် သိလာခဲ့ရတယ်။ ဒီအရာက တရုတ်လူမှုအဖွဲ့အစည်းထဲမှာ နက်ရှိုင်းစွာနဲ့ အမြစ်တွယ်နေခဲ့တယ်ဆိုတာကို ကျွန်တော် မထင်ခဲ့မိဘူး” ဟု ၎င်းက ဆိုသည်။
အလီရှာသည် တရုတ်နိုင်ငံ အလယ်ပိုင်း၊ ဝူဟန့်မြို့ရှိ ဟွာကျုံး သိပ္ပံနှင့် နည်းပညာတက္ကသိုလ်၊ ထုံးကျီဆေးကောလိပ်တွင် PhD ဘွဲ့ လေ့လာသင်ယူနိုင်ရန် ပညာသင်ဆုကို ၂၀၁၈ ခုနှစ်က ရရှိခဲ့သည်။
ညအချိန် ဝူဟန့်မြို့သို့ ၎င်းရောက်ရှိခဲ့ချိန် ပျားပန်းခပ်မျှ စည်ကားသည့် မြို့ပြမြင်ကွင်းများက ၎င်းကိုအံ့အားသင့်စေခဲ့သည်။ နောက်တစ်နေ့ နံနက်ခင်းတွင်မူ အလီရှာအား စိမ်းလန်းလှသော ဝူဟန့်မြို့ရှုခင်းက ဆီးကြိုခဲ့ကာ မြို့သူမြို့သားများကလည်း ကျောင်းသွား၊ အလုပ်သွားရန် စိုင်းပြင်းနေကြသလို ၎င်း၏ ယခင်အတွေ့အကြုံများနှင့် သိသိသာသာ ကွဲလွဲနေခဲ့သည်။
ဝူဟန့်မြို့တွင် ပညာသင်ယူနေစဉ်ကာလအတွင်း ၎င်း၏ပညာရေးလုပ်ငန်းအများစုမှာ တရုတ်ဘာသာစကားကို လေ့လာသင်ယူစိတ်ပြင်းပြစေခဲ့သော အိမ်နီးချင်းများနှင့် နေ့စဉ် ထိတွေ့ဆက်ဆံရသော ဆင်ခြေဖုန်းဒေသရှိ ဓာတ်ခွဲခန်းတစ်ခု၌ပင် ဖြစ်သည်။
ဝူဟန့်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည့် ၂၀၂၀ ပြည့်နှစ်တွင် အလီရှာသည် ယင်းမြို့၌ပင် နေထိုင်ရန် ဆုံးဖြတ်ခဲ့သည်။ ထိုကပ်ရောဂါဖြစ်ပွားစဉ်ကာလအတွင်း တရုတ်နိုင်ငံ၏ တုံ့ပြန်မှုကို မျက်မြင်ကိုယ်တွေ့ သိရှိခဲ့ရသလို အရေးပါသော ပညာရပ်ဆိုင်ရာ စာတမ်းနှစ်စောင်ကိုလည်း ထုတ်ဝေနိုင်ခဲ့သည်။
အလီရှာသည် ပြန်လည်ထူထောင်ရေးဆေးပညာရပ်နှင့် ရုပ်ပိုင်းဆိုင်ရာကုထုံးပညာရပ်ဖြင့် ၂၀၂၁ ခုနှစ်တွင် PhD ဘွဲ့ရရှိပြီးနောက် ဆန်းကျန့်မြို့ရှိ နိုင်ငံတကာ အားကစားပြန်လည်ထူထောင်ရေးစင်တာတစ်ခုတွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့နောက် အလီရှာသည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၊ ကွေ့ကျိုး အားကစားဗျူရိုအောက်ရှိ ချင်းကျန့် အားကစား လေ့ကျင့်ရေးစခန်းတွင် ပြန်လည်ထူထောင်ရေး အထူးကုဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/4Nz


…………………….
(English Version)
A Pakistani doctor’s six-year story of work and friendship in China
GUIYANG, China, June 30 (Xinhua) — Pakistani health professional Sayed Zulfiqar Ali Shah says he has grown both personally and professionally during his six years in China, while also witnessing the deepening friendship between China and Pakistan.
“Growing up, I knew about the China-Pakistan friendship, but I had no idea it was so deeply ingrained in Chinese society,” he said.
In 2018, Shah received a scholarship to pursue a PhD at Tongji Medical College of Huazhong University of Science and Technology in Wuhan, central China.
He arrived in the city at night and was struck by the bustling urban scene. The next morning, he was greeted by a city full of greenery, with people rushing to school and work – a sharp contrast to his previous experiences.
During his studies in Wuhan, most of his academic work was conducted at a suburban laboratory, where daily interactions with neighbors motivated him to learn Chinese.
In 2020, when COVID-19 hit Wuhan, Shah decided to stay in the city. He witnessed China’s response and published two influential academic papers during the pandemic period.
After completing his PhD in rehabilitation medicine and physical therapy in 2021, he secured a position at an international sports rehabilitation center in Shenzhen. Since April 2022, Shah has been working as a rehabilitation specialist at the Qingzhen Sports Training Base under the Guizhou Bureau of Sports in southwest China.
Photo 1: Sayed Zulfiqar Ali Shah (L) gives rehabilitation for an athlete with shoulder muscle tear in Shenzhen City, south China’s Guangdong Province. (Xinhua)