International Organizations
ဆင်နာ၊ ဂျိုကိုဗစ်တို့ ဝင်ဘယ်ဒန်ပြိုင်ပွဲ တတိယအဆင့်သို့ တက်ရောက်
လန်ဒန်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)
ဇူလိုင် ၃ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ဝင်ဘယ်ဒန် တင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်းပွဲစဉ်၌ ကမ္ဘာ့အဆင့်-၁ ဂျန်းနစ်ခ် ဆင်နာနှင့် ဂရင်းစလင်းချန်ပီယံဆု ၂၄ ကြိမ် ဆွတ်ခူးထားသော နိုဗက် ဂျိုကိုဗစ်တို့က ပြိုင်ဘက်များကို အသီးသီးအနိုင်ယူကာ တတိယအဆင့်သို့ တက်ရောက်သွားပြီဖြစ်သည်။
အသက် ၂၃ နှစ်အရွယ် ဆင်နာက ဩစတြေးလျ တင်းနစ်ကစားသမား အလက်ဇန်းဒါး ဗူကစ်အား ၆-၁၊ ၆-၁၊ ၆-၃ ဖြင့် အခက်အခဲသိပ်မရှိဘဲ အနိုင်ရရှိခဲ့သည်။ အဆိုပါ အီတလီနိုင်ငံသားအနေဖြင့် Center Court တင်းနစ်ကွင်း၌ ပွဲချိန် ၁ နာရီနှင့် ၄၀ မိနစ်အကြာတွင် ပွဲကိုအဆုံးသတ်နိုင်ခဲ့ခြင်းဖြစ်ကာ တတိယအဆင့်၌ စပိန်ကစားသမား ပက်ဒရို မာတီနက်ဇ်နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
အစောပိုင်းတွင် ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်၌ အသက် ၃၈ နှစ်အရွယ် ဆားဘီးယား တင်းနစ်အကျော်အမော် ဂျိုကိုဗစ်က ဗြိတိန်ကစားသမား ဒန်နီရယ် အီဗန်စ်ကို ၆-၃၊ ၆-၂၊ ၆-၀ ဖြင့် အနိုင်ယူခဲ့သည်။
“ဒီစွမ်းဆောင်ရည်အတွက် ကျွန်တော် သိပ်ကိုကျေနပ်ပါတယ်” ဟု ဆင်နာထက် ခုနစ်မိနစ် ပိုမိုကစားခဲ့ရသည့် ဂျိုကိုဗစ်က ဆိုသည်။ “ပွဲစစချင်းမှာပဲ ပထမဆုံးအမှတ်ယူနိုင်ခဲ့တာက ကျွန်တော့်ရဲ့ထက်မြက်မှုကြောင့်ပါပဲ။ ကျွန်တော် ဒီပွဲမှာ ဒန်ကို အခွင့်အရေးလုံးဝမပေးချင်ခဲ့ဘူး။ သူ့ကို ကွင်းအနောက်ဘက်ကနေ ဆက်တိုက်ဖိအားပေးဖို့ ကြိုးစားခဲ့တာပါ” ဟု ၎င်းက ဆိုသည်။
“ကျွန်တော် ဒီနေ့လိုပဲ ကစားနိုင်မယ်ဆိုရင် ဘယ်သူနဲ့ပဲ ရင်ဆိုင်ရပါစေ အခွင့်အရေးကောင်းရှိတယ်လို့ ခံစားမိပါတယ်” ဟု ဝင်ဘယ်ဒန်ပြိုင်ပွဲတွင် ခုနစ်ကြိမ် ချန်ပီယံဖြစ်ခဲ့ပြီး ပြီးခဲ့သည့် ခြောက်နှစ်အတွင်း ခြောက်ကြိမ်စလုံး ဗိုလ်လုပွဲတက်နိုင်ခဲ့သည့် ဂျိုကိုဗစ်က ဆက်လက်ပြောကြားခဲ့သည်။ ၎င်းအနေဖြင့် ချန်ပီယံဆုကို လေးကြိမ်ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့သော်လည်း ပြီးခဲ့သည့်နှစ်နှစ်တွင် စပိန်ကစားသမား ကားလို့စ် အယ်လ်ကာရက်ဇ်ကို ရှုံးနိမ့်ထားသည်။
အမျိုးသမီးတစ်ဦးချင်း ပွဲစဉ်၌ နာမည်ကြီး ပိုလန်တင်းနစ်မယ် အီဂါ ဆဝိုင်ယာတက်ခ်က တစ်ပွဲရှုံးနေရာမှ အမေရိကန်တင်းနစ်မယ် ကေတီ မက်ခ်နယ်လီကို ၅-၇၊ ၆-၂၊ ၆-၁ ဖြင့် ပြန်လည်အနိုင်ယူခဲ့သလို ဝင်ဘယ်ဒန် ချန်ပီယံဟောင်းဖြစ်သူ ကာဇက်စတန်တင်းနစ်မယ် အယ်လီနာ ရေဘက်ကီနာကလည်း ဂရိတင်းနစ်မယ် မာရီယာ ဆက်ကာရီကို ၆-၃၊ ၆-၁ ဖြင့် သက်သောင့်သက်သာ အနိုင်ရရှိခဲ့သည်။ (Xinhua)
……………….
(English Version)
Sinner, Djokovic cruise into third round at Wimbledon
LONDON, July 3 (Xinhua) — World No. 1 Jannik Sinner and 24-time Grand Slam champion Novak Djokovic both cruised into the men’s singles third round at the Wimbledon Championships on Thursday.
Sinner, 23, faced little trouble as he beat Australia’s Aleksandar Vukic 6-1, 6-1, 6-3. The Italian needed just one hour and 40 minutes to wrap up the final match on Center Court and set up a third-round clash with Spaniard Pedro Martinez.
Earlier, Djokovic also enjoyed a swift win as the 38-year-old Serbian defeated British player Daniel Evans 6-3, 6-2, 6-0.
“I’m very, very pleased with the performance,” said Djokovic, who spent seven more minutes on court than Sinner. “From the very first point of the get-go, I was really sharp. I didn’t really want to give Dan a chance to come back to the match. I really tried to pressure him constantly from the back of the court.”
“If I play like today, I feel like I have a very good chance against anybody,” added the seven-time Wimbledon champion, who has reached six finals in the last six editions of the tournament. He won four titles consecutively before being beaten by Spain’s Carlos Alcaraz in the past two years.
In the women’s singles, Polish star Iga Swiatek came from a set down to beat American Caty McNally 5-7, 6-2, 6-1, while former Wimbledon champion Elena Rybakina of Kazakhstan breezed past Greece’s Maria Sakkari 6-3, 6-1.