Connect with us

Asia

တရုတ်နိုင်ငံသားများအနေဖြင့် သဘာဝဘေးအန္တရာယ်များကို သတိရှိရှိနေထိုင်ကြရန် ဂျပန်နိုင်ငံဆိုင်ရာ တရုတ်သံရုံး သတိပေး

ဂျပန်နိုင်ငံ တိုကျိုမြို့တွင် အပြာရောင်မီးအလှဆင်ထားသော Sumida River ရထားလမ်းတံတားနှင့် Tokyo Sky Tree ကို ၂၀၂၅ ခုနှစ် ဇွန် ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တိုကျို၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ)
ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းတွင် ငလျင်များ မကြာခဏလှုပ်ခတ်နေသဖြင့် ယင်းနိုင်ငံရှိ တရုတ်နိုင်ငံသားများအနေဖြင့် သဘာဝဘေးအန္တရာယ်များအား နိုးနိုးကြားကြားသတိရှိရှိ နေထိုင်ကြရန် ဂျပန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဇူလိုင် ၄ ရက်၌ သတိပေးချက် ထုတ်ပြန်ခဲ့သည်။
ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ကာဂိုရှီမားစီရင်စုရှိ တိုကာရာကျွန်းစု‌ဒေသတွင် ဇွန် ၂၁ ရက်မှစ၍ ငလျင်အကြိမ်ရေ ၁,၀၀၀ ကျော် လှုပ်ခတ်ခဲ့ကြောင်း၊ ဇူလိုင် ၃ ရက်ကလည်း ဂျပန်နိုင်ငံ၏ ငလျင်ပြင်းအား အဆင့်သတ်မှတ်ချက် ၇ တွင် အဆင့် ၆ အောက်ရှိသော အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်ခဲ့သေးကြောင်း ဒေသန္တရ မိုးလေဝသလေ့လာရေးအဖွဲ့အရ သိရသည်။
ငလျင်လှုပ်ခတ်မှု အကြိမ်ရေများပြားလာခြင်းကြောင့် တိုကာရာကျွန်းစုရှိ အာခူစီကီဂျီမာကျွန်းရှိ ဒေသခံများအား အချိန်မရွေးရွှေ့ပြောင်းနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရန် ဂျပန်အာဏာပိုင်များက တိုက်တွန်းထားသည်။ ဇူလိုင် ၄ ရက်တွင်လည်း အာခူစီကီဂျီမာကျွန်းရှိ တိုရှီမာကျေးရွာမှ ဒေသခံ ၁၃ ဦး ပြောင်းရွှေ့ခဲ့ကြပြီး သင်္ဘောဖြင့် ကာဂိုရှီးမားဆိပ်ကမ်းသို့ ရောက်ရှိခဲ့ကြောင်း ဒေသတွင်းမီဒီယာ သတင်းများအရ သိရသည်။
ထို့ပြင် ဂျပန်နိုင်ငံ အရှေ့ဘက် ပင်လယ်ပြင်အတွင်း မြောက်ဘက်သို့ ရွေ့လျားဖွယ်ရှိသော
တိုင်ဖွန်းမုန်တိုင်း မွန်း၏အခြေအနေနှင့်ဂျပန်နိုင်ငံတစ်ဝန်း စက်တင်ဘာလအထိ အပူချိန်များဆက်လက်မြင့်တက်ဖွယ်ရှိသည့်အခြေအနေများကိုလည်း တရုတ်သံရုံးက သတိပေးချက်ထုတ်ပြန်ထားသည်။
ဂျပန်နိုင်ငံတွင် နေထိုင်သော တရုတ်နိုင်ငံသားများနှင့် ဂျပန်နိုင်ငံသို့ သွားရောက်လည်ပတ်သော ခရီးသွားဧည့်သည်များအနေဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာများ တိုးမြှင့်ထားရန်နှင့် ငလျင်သတင်းများ၊ ရာသီဥတုဆိုင်ရာ သတိပေးချက်များနှင့် သဘာဝဘေးကြိုတင်ကာကွယ်ရေးနှင့် သတင်းအချက်အလက်များအား အနီးကပ်စောင့်ကြည့်ထားကြရန်၊ လိုအပ်သည့်အချိန်တွင် ဆောလျင်စွာ ဘေးကင်းရာနေရာများသို့ ရွှေ့ပြောင်းကြရန် တရုတ်သံရုံးက သတိပေးနှိုးဆော်ထားကြောင်း သိရသည်။ (Xinhua)
…………………..
(English Version)
Chinese embassy in Japan warns Chinese citizens to stay vigilant against natural disasters
TOKYO, July 5 (Xinhua) — The Chinese Embassy in Japan on Friday issued a notice to remind Chinese citizens in the country to be vigilant against natural disasters as earthquakes have frequently jolted southwestern Japan.
The Tokara island chain region in the southwestern prefecture of Kagoshima has been hit by over 1,000 felt earthquakes since June 21, with a strong quake measuring in the lower 6 on the Japanese seismic intensity scale of 7 logged on Thursday, according to a local meteorological observatory.
Heightened seismic activities have prompted Japanese authorities to urge residents of Akusekijima, part of the Tokara island chain, to be prepared to evacuate at any time. On Friday, 13 residents evacuated the village of Toshima on Akusekijima and arrived at Kagoshima Port by ship, local media reported.
The embassy also warns of Typhoon Mun, which is expected to move northward over the sea east of Japan, as well as scorching temperatures, which are expected to persist across Japan until September.
The embassy reminds Chinese nationals residing in Japan and tourists visiting Japan to strengthen their awareness of natural disaster prevention, pay close attention to earthquake updates, weather warnings and disaster prevention information, and evacuate to safe areas as soon as possible when necessary.
Photo: The Tokyo Sky Tree and the Sumida River Railroad Bridge are illuminated in blue in Tokyo, Japan, June 20, 2025. (Xinhua/Jia Haocheng)