Connect with us

Latin America

BRICS နိုင်ငံများက မီဒီယာနှင့် တတ်သိပညာရှင် ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် ကမ္ဘာကြီးအား ရှုမြင်ချဉ်းကပ်ပုံကို အသွင်သစ်ဖြင့်ပုံဖော်ပေး

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့တွင် ကျင်းပသည့် BRICS နိုင်ငံများ မီဒီယာနှင့် တတ်သိပညာရှင်များ အဆင့်မြင့်ဖိုရမ် တက်ရောက်လာသော အရေးကြီး ဧည့်သည်တော်များနှင့် တွေ့ဆုံနေသည့် ဆင်ဟွာ သတင်းအေဂျင်စီ ဥက္ကဋ္ဌ ဖုဟွာအား ၂၀၂၅ ခုနှစ် ဇူလိုင် ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရီယိုဒီဂျနေးရိုး၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)
ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့တွင် ယခုသီတင်းပတ်အတွင်း ကျင်းပခဲ့သည့် BRICS နိုင်ငံများ မီဒီယာနှင့် တတ်သိပညာရှင်များ အဆင့်မြင့်ဖိုရမ်က နိုင်ငံတကာရေးရာများတွင် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ကိုယ်စားပြုမှု မြှင့်တင်ရန်၊ အကြောင်းအရာ ဖော်ညွှန်းမှုစနစ်ကို အတူတကွ ပြန်လည်ပုံဖော်ရန် ကမ္ဘာ့တောင်ဘက်ခြမ်း တစ်ဝန်းလုံးမှ အသံများကို စုစည်းပေးခဲ့သည်။
အဆိုပါ အဆင့်မြင့်ဖိုရမ်မှာ BRICS အဖွဲ့ဝင်နိုင်ငံများ၊ မိတ်ဖက်နိုင်ငံများ၊ ဒေသတွင်း အဖွဲ့အစည်းများ အပါအဝင် နိုင်ငံပေါင်း ၃၆ နိုင်ငံအား ကိုယ်စားပြုသည့် မီဒီယာအဖွဲ့အစည်းများ၊ တတ်သိပညာရှင် အဖွဲ့အစည်းများ၊ အစိုးရအဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းများမှ ကိုယ်စားလှယ် ၂၅၀ ကျော်အတွက် အလွန်အရေးပါသော တွေ့ဆုံဆွေးနွေးပွဲအဖြစ် အကျိုးဆောင်ပေးခဲ့သည်။
ယင်းဖိုရမ်၌ တက်ရောက်လာသူများ၏ ကျယ်ကျယ်ပြန့်ပြန့် သဘောတူညီမှုအပေါ် အခြေခံ၍ “ညီညွတ်သော BRICS အဖွဲ့အစည်း ၊ ကမ္ဘာ့တောင်ဘက်ခြမ်းအတွက် အခန်းကဏ္ဍသစ် ဖန်တီးခြင်း” ဟူသော ခေါင်းစဉ်ဖြင့် အရေးကြီး အကြောင်းအရာများကို ဆန်းစစ်အဖြေရှာခဲ့ကြောင်း သိရသည်။ ကမ္ဘာ့တောင်ဘက်ခြမ်း၏ ဖွံ့ဖြိုးတိုးတက်မှုအား ဦးဆောင်ရာတွင်လည်းကောင်း၊ ဒစ်ဂျစ်တယ် အနာဂတ်သစ်ကို ပုံဖော်တည်ဆောက်ကာ နိုင်ငံတကာဇာတ်ခုံ၌ ကမ္ဘာ့တောင်ဘက်ခြမ်း၏ အသံကို မြှင့်တင်ရာတွင်လည်းကောင်း BRICS အဖွဲ့၏ အခန်းကဏ္ဍနှင့် စပ်လျဉ်း၍ အလေးထား ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကံကြမ္မာအကျိုးတူ ဒစ်ဂျစ်တယ် အနာဂတ်အား ပုံဖော်တည်ဆောက်ခြင်း
ဉာဏ်ရည်တု (AI) ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်း၊ စီမံခန့်ခွဲရေး မူဘောင်များကို ပုံဖော်ခြင်း၊ ကမ္ဘာ့တောင်ဘက်ခြမ်း နိုင်ငံများအတွက် နည်းပညာဆိုင်ရာ စံချိန်စံညွှန်းများ ချမှတ်ခြင်းတို့တွင် မီဒီယာနှင့် တတ်သိပညာရှင်အဖွဲ့များ၏ အခန်းကဏ္ဍများ၊ တာဝန်များနှင့် စပ်လျဉ်း၍ ဖိုရမ် တက်ရောက်လာသူများအကြား ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ပြီးနောက် အဆိုပါ ဖိုရမ်၌ AI ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု အဆိုပြုချက်အား ထုတ်ပြန်ကြေညာခဲ့သည်။
AI ကဏ္ဍမှာ ကမ္ဘာတစ်ဝန်း၌ လူမှုဘဝ အဆင့်အတန်း မြှင့်တင်ရာတွင် ကြီးမားသော အလားအလာရှိနေသော်လည်း ယင်း၏ အကျိုးကျေးဇူးများအား စိတ်ဝင်စားခြင်းမှာ ယင်းအား ရည်ရွယ်ချက်ရှိ၍ဖြစ်စေ၊ မရည်ရွယ်ဘဲဖြစ်စေ အသုံးပြုခြင်းကြောင့် အန္တရာယ်ရှိလာနိုင်သည့် အလားအလာကို လွှမ်းမိုးထားခြင်း မရှိသင့်ကြောင်း ဘရာဇီးနိုင်ငံ Institute of Informatics of the Federal University of Rio Grande do Sul တက္ကသိုလ်မှ အချိန်ပြည့် ပါမောက္ခတစ်ဦးဖြစ်သူ အက်ဆွန် ပရက်စတီဆီ ဆေးလ်ဗားဂျူနီယာက ဆိုသည်။
ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုကို ပုံဖော်ခြင်း
ပထဝီနိုင်ငံရေး တင်းမာမှုများ၊ အမြဲတစေ တည်ရှိနေသော မညီမျှမှုများ၊ ပိုမိုကိုယ်စားပြုခွင့်ရှိသော ကမ္ဘာ့ရေးရာ စီမံခန့်ခွဲမှုစနစ်ကို အရေးတကြီး လိုအပ်နေသည့် ကမ္ဘာကြီးတွင် BRICS အဖွဲ့အနေဖြင့် စီးပွားရေးထွန်းသစ်စ နိုင်ငံများနှင့် ထိတွေ့ဆက်ဆံမှုအတွက် အဓိက ပလက်ဖောင်းတစ်ခုအဖြစ် ပေါ်ထွက်လာခဲ့သည်ဟု ကျူးဘားနိုင်ငံ ဟာဗားနားတက္ကသိုလ် နိုင်ငံတကာ စီးပွားရေးသုတေသနစင်တာမှ အချိန်ပြည့် ပါမောက္ခတစ်ဦးဖြစ်သူ လူးဝစ်စ် ရီနီ ဖာနန်ဒက်ဇ် တာဘီယိုက ပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/5f3

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့တွင် ကျင်းပသည့် BRICS နိုင်ငံများ မီဒီယာနှင့် တတ်သိပညာရှင်များ အဆင့်မြင့်ဖိုရမ် တက်ရောက်လာသော ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့က “BRICS ပူးပေါင်းဆောင်ရွက်မှုဖြင့် ကမ္ဘာ့တောင်ဘက်ခြမ်း လက်တွဲအတူ တက်လှမ်းမှုအပေါ် တွန်းအားပေးခြင်း” ဟူသော အစီရင်ခံစာအား ဖတ်ကြားနေသည်ကို ၂၀၂၅ ခုနှစ် ဇူလိုင် ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………….
(English Version)
BRICS nations reshaping global perspectives through media and think tank cooperation
RIO DE JANEIRO, July 17 (Xinhua) — The BRICS Media and Think Tank Forum, convened this week in Rio de Janeiro, brought together voices from across the Global South to jointly reshape the narrative system and enhance the representation of developing countries in international affairs.
The event served as a pivotal gathering for over 250 delegates from media outlets, think tanks, government institutions, and enterprises representing 36 countries, including BRICS member states, partner nations and regional organizations.
Based on the broad consensus of the attendees, the forum delved into a range of critical topics under the theme “BRICS United: Forging a New Chapter for the Global South.” Discussions focused on BRICS’ role in leading the Global South’s development, building a new digital future, and amplifying the voice of the Global South on the international stage.
BUILDING A SHARED DIGITAL FUTURE
An initiative on artificial intelligence (AI) cooperation and development was unveiled at the forum, following extensive discussions among attendees on the roles and responsibilities of media and think tanks in advancing AI collaboration, shaping governance frameworks, and establishing technical standards for the Global South.
Though AI has great potential to improve the quality of life worldwide, the enthusiasm for its benefits should not overshadow the potential risks posed by both intentional and unintentional use of its applications, said Edson Prestes e Silva Junior, a full professor at Institute of Informatics of the Federal University of Rio Grande do Sul, Brazil.
SHAPING GLOBAL GOVERNANCE
In a world marked by geopolitical tensions, persistent inequalities and the urgent need for more representative global governance, the BRICS group has emerged as a key platform for engaging with rising economies, said Luis Rene Fernandez Tabio, a full professor at the International Economic Research Center at the University of Havana, Cuba.
English Caption 1
President of Xinhua News Agency Fu Hua meets with important guests attending the BRICS Media and Think Tank Forum in Rio de Janeiro, Brazil, July 16, 2025. (Xinhua/Yao Dawei)
English Caption 2
A delegate reads a report titled “BRICS Cooperation: Advancing the Collective Progress of the Global South” while attending the BRICS Media and Think Tank Forum in Rio de Janeiro, Brazil, July 16, 2025. (Xinhua/Li Mengxin)