Connect with us

China

“ရှန်ဟိုင်းစိတ်ဓာတ်” မြှင့်တင်ခြင်းဖြင့် သာယာလှပသော မိသားစုဥယျာဉ် အတူတကွ တည်ဆောက်မည်၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) မီဒီယာနှင့် တတ်သိပညာရှင်များ ထိပ်သီးအစည်းအဝေး တရုတ်နိုင်ငံ ကျိန့်ကျိုးမြို့တွင် ကျင်းပ

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) မီဒီယာနှင့် တတ်သိပညာရှင်များ ထိပ်သီးအစည်းအဝေးတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြန်ကြားရေးဌာန ဒုတိယအကြီးအကဲ၊ နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံး အကြီးအကဲ မော့ကောင်းရိ အမှာစကားပြောကြားနေသည်ကို ၂၀၂၅ ခုနှစ် ဇူလိုင် ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကျိန့်ကျိုး၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)

“ရှန်ဟိုင်းစိတ်ဓာတ်” မြှင့်တင်ခြင်းဖြင့် သာယာလှပသော မိသားစုဥယျာဉ် အတူတကွ တည်ဆောက်မည် ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) မီဒီယာနှင့် တတ်သိပညာရှင်များ ထိပ်သီးအစည်းအဝေး၏ မျက်နှာစုံညီဆွေးနွေးပွဲကို တရုတ်နိုင်ငံ ဟဲနန်ပြည်နယ် ကျိန့်ကျိုးမြို့၌ ဇူလိုင် ၂၅ ရက်က ကျင်းပခဲ့သည်။ အဆိုပါအစည်းအဝေးကို SCO အဖွဲ့ဝင်နိုင်ငံ၊ လေ့လာသူနိုင်ငံ၊ ဆွေးနွေးဖက်နိုင်ငံများ၏ မီဒီယာ၊ တတ်သိပညာရှင်၊ အစိုးရအဖွဲ့အစည်း၊ နိုင်ငံတကာနှင့် ဒေသတွင်းအဖွဲ့အစည်း ၂၀၀ နီးပါးမှ ပြည်တွင်းပြည်ပ ဧည့်သည်တော် ၄၀၀ ကျော် တက်ရောက်ခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြန်ကြားရေးဌာန ဒုတိယအကြီးအကဲ၊ နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံး အကြီးအကဲ မော့ကောင်းရိက အမှာစကားပြောကြားရာ၌ မကြာသေးမီက သမ္မတ ရှီကျင့်ဖိန်သည် SCO အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးများ ကောင်စီအစည်းအဝေး နိုင်ငံခြားကိုယ်စားလှယ်အဖွဲ့ အကြီးအကဲများနှင့် အဖွဲ့လိုက်တွေ့ဆုံခဲ့ပြီး SCO သာယာလှပသော မိသားစုဥယျာဉ် အတူတကွ တည်ဆောက်ရေးဆီသို့ တက်လှမ်းရန် ဦးတည်ချက်များအား ရှင်းလင်းစွာ လမ်းညွှန်ခဲ့ကြောင်း ပြောကြားခဲ့သည်။ မကြာမီ SCO ထျန်းကျင်းထိပ်သီးအစည်းအဝေး ကျင်းပတော့မည့် အခါသမယတွင် မီဒီယာနှင့် တတ်သိပညာရှင် ကိုယ်စားလှယ်များ အတူတကွ စုံစည်း၍ တွေ့ဆုံဆွေးနွေးဖလှယ်ကြခြင်းသည် ပိုမိုနီးကပ်သည့် SCO အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေး တွန်းအားပေးရန် အရေးကြီးသည့်အနက်အဓိပ္ပာယ်ရှိကြောင်း၊ ဘက်ပေါင်းစုံအနေဖြင့် “ရှန်ဟိုင်းစိတ်ဓာတ်” ကို တက်ကြွစွာ မြှင့်တင်ကာ SCO စဉ်ဆက်မပြတ် တိုးတက်အားကောင်းရေးကို တွန်းအားပေးကြမည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဆင်ဟွာသတင်းဌာန ဥက္ကဋ္ဌ ဖုဟွာက မီဒီယာ၊ တတ်သိပညာရှင်များ၏ အားသာချက်ကို အပြည့်အဝ အသုံးပြုကာ ဘက်ပေါင်းစုံနှင့်အတူ SCO ၏ ပူးတွဲဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းသည့် တူညီသောအသံများအတိုင်း SCO နိုင်ငံများ၏ အကျိုးစီးပွားချိတ်ဆက်ချက်၊ ဂရုပြုချက်၊ ပဲ့တင်ထပ်သည့် တူညီချက်များကို ဗဟိုပြုပြီး ဘက်စုံမြင်ကွင်းပုံစံ၊ ရုပ်လုံးကြွအသွင်ဖြင့် ခေတ်သစ် SCO နိုင်ငံများ စည်းလုံးညီညွတ်စွာ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ကြသည့် သက်ဝင်ထင်ရှားသော လက်တွေ့ဖော်ဆောင်မှုများကို ပြသသွားမည်ဖြစ်ကြောင်း၊ ပို၍နီးကပ်သည့် SCO အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးအတွက် ဉာဏ်ပညာနှင့် အင်အား အကျိုးသယ်ပိုးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ လူမှုသိပ္ပံအကယ်ဒမီ ဒုတိယ အကြီးအကဲ ဖုန်ကျင်းဟွေးက SCO နိုင်ငံများ၏ မီဒီယာ၊ တတ်သိပညာရှင်နှင့် ယဉ်ကျေးမှု အဖွဲ့အစည်းများကြား ပူးပေါင်းဖလှယ်မှုများကို ဆက်လက်နက်ရှိုင်းစွာ ဆောင်ရွက်သွားလိုကြောင်း၊ “SCO ၏ အကြောင်းအရာများ” အား စုပေါင်းအင်အားဖြင့် ကောင်းမွန်စွာ ဖော်ပြပြီး “SCO အတွေ့အကြုံများ” ကို ဖြန့်ချိတင်ဆက်ကာ SCO အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်များ၏ သဘောတူညီချက်ကို ကောင်းမွန်စွာ ဖော်ဆောင်ရန်၊ SCO ယဉ်ကျေးမှုဖလှယ်ရေးနှင့် အပြန်အလှန်လေ့လာသင်ယူရေး ကဏ္ဍသစ်ကို အတူတကွ ရေးခြယ်သွားရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ဟဲနန်ပြည်နယ် ပါတီကော်မတီ အတွင်းရေးမှူး လျိုနင်က ဟဲနန်ပြည်နယ်သည် ယခုအကြိမ် မီဒီယာနှင့် တတ်သိပညာရှင်များ ထိပ်သီးအစည်းအဝေးကို အခွင့်အလမ်းအဖြစ် ထားရှိကာ SCO နိုင်ငံများနှင့် ကဏ္ဍစုံတွင် ချစ်ကြည်ရင်းနှီးစွာ ကူးလူးဖလှယ်မှု၊ လက်တွေ့ ပူးပေါင်းဆောင်ရွက်မှုများကို တစ်ဆင့်တိုးအားဖြည့် ဆောင်ရွက်သွားလိုကြောင်း၊ သမိုင်းယဉ်ကျေးမှုအခြေခံ နက်ရှိုင်းသည့် အားသာချက်ကို ကောင်းမွန်စွာ အသုံးပြုကာ လူမှုယဉ်ကျေးမှုဖလှယ်ရေး အချိတ်အဆက်များကို စဉ်ဆက်မပြတ် နီးကပ်အောင် ဆောင်ရွက်သွားလိုကြောင်း၊ SCO အေးအတူပူအမျှ အသိုက်အဝန်းအတွက် ပို၍ခိုင်မာအားကောင်းသည့် ပြည်သူ့ဆန္ဒအခြေခံကို တည်ဆောက်သွားလိုကြောင်း ပြောကြားခဲ့သည်။

ဆွေးနွေးပွဲတက်ရောက်ကြသော ပြည်တွင်းပြည်ပဧည့်သည်တော်များက SCO နိုင်ငံများတွင် အမျိုးအစားစုံလင်၍ ထွန်းလင်းတောက်ပသည့် ယဉ်ကျေးမှုများ ရှိကြရာ မတူကွဲပြားသည့် တိုင်းရင်းသားယဉ်ကျေးမှုများ နှီးနွှယ်ပေါင်းစပ်စုစည်းကာ သဟဇာတဖြစ်စွာ၊ သင့်မြတ်စွာ အတူယှဉ်တွဲနေထိုင်ကြကြောင်း၊ မီဒီယာနှင် တတ်သိပညာရှင်များသည် ပြည်သူ့ဆန္ဒ ညှိနှိုင်းဖလှယ်မှု၊ လူထုသဘောထားလမ်းပြမှု၊ ဝန်ဆောင်မှုဆိုင်ရာ ဆုံးဖြတ်ချက်မူဝါဒ စသည့်နယ်ပယ်များ၌ အရေးကြီးသည့်အခန်းကဏ္ဍမှ ပါဝင်သင့်ကြောင်း၊ နိုင်ငံအသီးသီး ပြည်သူများ၏ အပြန်အလှန် သိရှိနားလည်၊ ချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်ပေးပြီး SCO ဘုံမိသားစု ဥယျာဉ်တည်ဆောက်ရေးအတွက် အကျိုးဆောင်အင်အား ပံ့ပိုးပေးရမည် ဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။

ဆွေးနွေးပွဲတွင် ကာဂျစ္စတန်နိုင်ငံ သမ္မတ Sadyr Japarov ၏ ဂုဏ်ပြုသဝဏ်လွှာကို ဖတ်ကြားခဲ့သည်။
မီဒီယာနှင့် တတ်သိပညာရှင်များသည် ယုံကြည်မှုတည်ဆောက်ရေး စသည့်နယ်ပယ်တွင် အရေးကြီးအခန်းကဏ္ဍမှ ပါဝင်သလို SCO စိတ်ဓာတ်နှင့် ယဉ်ကျေးမှုကို အပြည့်အဝ ဖော်ပြသွားမည် ဖြစ်ကြောင်း၊ ယခုအကြိမ် ထိပ်သီးအစည်းအဝေးသည် ငြိမ်းချမ်းရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး မြှင့်တင်ရန် ရည်ရွယ်သော အတွေးအခေါ်လမ်းစဉ်သစ်နှင့် အစီအမံသစ်များကို ပေါ်ထွက်လာစေရန် ထပ်မံတွန်းအားပေး ဖော်ဆောင်သွားမည်ဟု မျှော်လင့်ကြောင်း Sadyr Japarov က ပြောကြားခဲ့သည်။

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) မီဒီယာနှင့် တတ်သိပညာရှင် ထိပ်သီးအစည်းအဝေးကို ဇူလိုင် ၂၃ ရက်မှ ၂၇ ရက်အထိ တရုတ်နိုင်ငံ ဟဲနန်ပြည်နယ် ကျိန့်ကျိုးမြို့တွင် ကျင်းပလျက်ရှိရာ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံး၏ လမ်းညွှန်မှုဖြင့် ဆင်ဟွာသတင်းဌာန၊ တရုတ်နိုင်ငံ လူမှုသိပ္ပံအကယ်ဒမီ၊ ဟဲနန်ပြည်နယ် ပြည်သူ့အစိုးရ တို့အတူ ပူးတွဲကြီးမှူးကျင်းပခြင်း ဖြစ်သည်။
ထိပ်သီးအစည်းအဝေးပွဲကာလတွင် “ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ မီဒီယာနှင့် တတ်သိပညာရှင်များ ထိပ်သီးအစည်းအဝေး ကျိန့်ကျိုး သဘောတူညီချက်” နှင့် “လူသားမျိုးနွယ်တို့၏ အဖိုးတန်ရတနာအား အတူတကွ ထိန်းသိမ်းစောင့်ရှောက်ခြင်း – ခေတ်သစ် တရုတ်ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းကာကွယ်မှု၏ အတွေးအခေါ်နှင့် လက်တွေ့ဆောင်ရွက်ချက်”၊ “ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေး သုတေသန” တတ်သိပညာရှင်အဖွဲ့ အစီရင်ခံစာများအား ထုတ်ပြန်ခဲ့သည်။ အစည်းအဝေးသို့ တက်ရောက်ကြသော ဧည့်သည်တော်များက ဟဲနန်ပြည်နယ် နေရာအများအပြားသို့ သွားရောက်လေ့လာလည်ပတ်ကြည့်ရှုမည် ဖြစ်သည်။ (Xinhua)

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) မီဒီယာနှင့် တတ်သိပညာရှင်များ ထိပ်သီးအစည်းအဝေး၏ မျက်နှာစုံညီဆွေးနွေးပွဲမြင်ကွင်းအား ၂၀၂၅ ခုနှစ် ဇူလိုင် ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

 

——————–
(Chinese Version)
弘扬“上海精神” 共建美好家园 上海合作组织媒体智库峰会在郑州举行
新华社郑州7月25日电 以“弘扬‘上海精神’ 共建美好家园”为主题的上海合作组织媒体智库峰会25日在郑州举行全体会议。来自上合组织成员国、观察员国、对话伙伴的近200家媒体、智库、政府机构及国际和地区组织的400余位中外嘉宾出席。
中宣部副部长、国务院新闻办公室主任莫高义在致辞中表示,不久前,习近平主席集体会见上合组织成员国外长理事会会议外方代表团团长,为共建上合组织美好家园指明前进方向。在上合组织天津峰会即将举行之际,媒体智库代表齐聚一堂对话交流,对推动构建更加紧密的上合组织命运共同体具有重要意义。希望各方积极弘扬“上海精神”,推动上合组织不断发展壮大。
新华通讯社社长傅华表示,愿充分发挥媒体智库优势,同各方一道顺应上合组织谋求联合发展的共同心声,围绕上合组织国家利益交汇点、关切点、共鸣点,全景式、立体化展现新时代上合组织国家团结协作的生动实践,为构建更加紧密的上合组织命运共同体贡献智慧和力量。
中国社会科学院副院长彭金辉表示,愿继续深化同上合组织国家媒体智库和文化机构间的合作交流,合力讲好“上合故事”,传播“上合经验”,落实好上合组织成员国领导人共识,共同谱写上合组织文明交流互鉴的崭新篇章。
河南省委书记刘宁表示,河南省将以此次媒体智库峰会为契机,进一步加强与上合组织国家的各领域友好交流和务实合作,发挥好历史文化底蕴深厚的优势,不断拉紧人文交流纽带,让上合组织命运共同体建设具有更为坚实的民意基础。
与会中外嘉宾表示,上合组织国家有着多元灿烂的文明,不同民族文化交融汇聚、和合共生,媒体智库应发挥好在沟通民意、引导舆论、服务决策等方面的重要作用,促进各国人民相知相亲,为建设上合共同家园贡献力量。
会上宣读了吉尔吉斯斯坦总统扎帕罗夫致峰会的贺信。扎帕罗夫表示,媒体智库在建立信任等方面发挥重要作用,也将充分展现上合组织的精神和文化,相信此次峰会将进一步推动产生旨在促进和平与可持续发展的新思路、新举措。
上海合作组织媒体智库峰会于23日至27日在河南郑州举行,由中国国务院新闻办公室指导,新华通讯社、中国社会科学院、河南省人民政府共同主办。峰会期间发布了《上海合作组织媒体智库峰会郑州共识》和《共同守护人类文明瑰宝——新时代中国文化遗产保护的理念与实践》《上海合作组织命运共同体构建研究》智库报告。与会嘉宾还将赴河南多地参访。(完)
1. 7月25日,以“弘扬‘上海精神’ 共建美好家园”为主题的上海合作组织媒体智库峰会在郑州举行全体会议。来自上合组织成员国、观察员国、对话伙伴的近200家媒体、智库、政府机构及国际和地区组织的400余位中外嘉宾出席。这是中宣部副部长、国务院新闻办公室主任莫高义在峰会上致辞。 新华社记者 黄敬文 摄
2. 这是7月25日拍摄的上海合作组织媒体智库峰会全体会议现场。新华社记者 李嘉南 摄