Connect with us

Africa & Middle East

အီရန်နျူကလီးယား သဘောတူညီချက် ဖော်ဆောင်မှု စသည်တို့နှင့်စပ်လျဉ်း၍ အီရန်နှင့် ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ တွေ့ဆုံဆွေးနွေး

တူကီယဲနိုင်ငံ အစ္စတန်ဘူလ်မြို့၌ တွေ့ဆုံဆွေးနွေးမှုကျင်းပသည့် အစ္စတန်ဘူလ်မြို့အခြေစိုက် အီရန်ကောင်စစ်ဝန်ချုပ်ရုံးအား ၂၀၂၅ ခုနှစ် ဇူလိုင် ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အစ္စတန်ဘူလ်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)

အီရန်သည် ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီတို့နှင့် ဇူလိုင် ၂၅ ရက်တွင် တူကီယဲနိုင်ငံ အစ္စတန်ဘူလ်မြို့၌ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့ပြီး အီရန်နျူကလီးယားသဘောတူညီချက် ဖော်ဆောင်မှုနှင့် သက်ဆိုင်ရာ ဒဏ်ခတ်အရေးယူမှု ကိစ္စရပ်တို့နှင့်စပ်လျဉ်း၍ သဘောထားအမြင်ချင်း ဖလှယ်ခဲ့ကြသည်။

ထိုနေ့တွေ့ဆုံဆွေးနွေးမှုကို အစ္စတန်ဘူလ်မြို့အခြေစိုက် အီရန်ကောင်စစ်ဝန်ချုပ်ရုံး၌ ကျင်းပခဲ့ပြီး အီရန်နှင့် ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ သုံးနိုင်ငံမှ ဒုတိယနိုင်ငံခြားရေးဝန်ကြီးအဆင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကာ တွေ့ဆုံဆွေးနွေးမှုသည် ၄ နာရီခန့်ကြာမြင့်ခဲ့သည်။ ယင်းသည် အစ္စရေးနှင့် အီရန်တို့ ဇွန် ၂၄ ရက်တွင် အပစ်ရပ်ပြီးနောက် အီရန်နှင့် ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီတို့က အီရန်နျူကလီးယားအရေးနှင့်စပ်လျဉ်း၍ ပထမဆုံးအကြိမ် တရားဝင် အော့ဖ်လိုင်းတွေ့ဆုံဆွေးနွေးမှု ကျင်းပခြင်းဖြစ်သည်။

တွေ့ဆုံဆွေးနွေးပွဲ တက်ရောက်လာသော ဘက်အသီးသီးက အသေးစိတ် စဉ်းစားချက်များ အဆိုပြုခဲ့ပြီး အကြောင်းအရာ အသီးသီးနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း အီရန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Kazem Gharibabadi က တွေ့ဆုံဆွေးနွေးပွဲပြီးနောက် လူမှုမီဒီယာ၌ ပို့စ်တင်၍ ပြောကြားခဲ့သည်။

အီရန်အနေဖြင့် ဥရောပနိုင်ငံများက လတ်တလောကာလ ပဋိပက္ခများအတွက် ရပ်တည်ချက်အား ခိုင်မာစွာ ဆန့်ကျင်ကြောင်းနှင့် “ဒဏ်ခတ်အရေးယူမှု အမြန်ဆုံး ပြန်လည်ဖော်ဆောင်ခြင်း” စသည့် အရေးကိစ္စများတွင် အခြေခံမူဆိုင်ရာ ရပ်တည်ချက်အား ထပ်မံအလေးထားပြောကြားခဲ့သည်ဟု Kazem Gharibabadi က ပြောကြားခဲ့သည်။ ယခုအကြိမ် တွေ့ဆုံဆွေးနွေးမှုတွင် အဆိုပါအရေးကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်းမှုအား ဆက်လက်လုပ်ဆောင်သွားရန် သဘောတူခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။

၂၀၁၅ ခုနှစ် အီရန်နျူကလီးယားအရေး ဘက်စုံသဘောတူညီချက်အရ “ဒဏ်ခတ်အရေးယူမှု အမြန်ဆုံး ပြန်လည်ဖော်ဆောင်ရေး” အကြောင်းအချက်များတွင် အီရန်၏ စည်းကမ်းချိုးဖောက်မှုလုပ်ရပ်အား တုံ့ပြန်ရန်အတွက် လက်မှတ်ရေးထိုးထားသည့်နိုင်ငံက အစီအမံလုပ်ဆောင်ရန် ခွင့်ပြုထားပြီး အဆိုပါ အကြောင်းအချက်သည် ယခုနှစ် အောက်တိုဘာလတွင် သက်တမ်းပြည့်မည်ဖြစ်သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ဇူလိုင် ၁၄ ရက်တွင် ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ နိုင်ငံခြားရေးဝန်ကြီးများနှင့် ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးခဲ့ရာ ဩဂုတ်လကုန်အား အီရန်နှင့် အမေရိကန် နျူကလီးယားအရေး သဘောတူညီချက် ရရှိသည့် နောက်ဆုံးအချိန်ကန့်သတ်မှုအဖြစ် ထားရှိရန်၊ သို့မဟုတ်ပါက ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ သုံးနိုင်ငံက အီရန်ထံသို့ “ဒဏ်ခတ်အရေးယူမှု အမြန်ဆုံး ပြန်လည်ဖော်ဆောင်မှု” လုပ်ငန်းစဉ် စတင်၍ အီရန်အပေါ် ဒဏ်ခတ်အရေးယူမှု ပြန်လည် လုပ်ဆောင်သွားမည်ကို သဘောတူခဲ့ကြောင်း သတင်းဖော်ပြချက်အရ သိရသည်။ (Xinhua)

—————————
(Chinese Version)
伊朗与英法德就伊核协议履行等问题举行会谈
新华社伊斯坦布尔7月25日电(记者王腾飞)伊朗与英国、法国和德国25日在土耳其伊斯坦布尔举行会谈,就伊核协议的履行以及相关制裁问题交换了意见。
当天的会谈在伊朗驻伊斯坦布尔总领馆举行,由伊朗与英法德三国的副外长级别代表参加,历时约4小时。这是以色列与伊朗6月24日停火以来,伊朗与英法德首次就伊核问题举行正式线下会谈。
伊朗副外长卡泽姆·加里布阿巴迪会谈结束后在社交媒体发文说,与会各方提出了具体构想,并就各项内容进行了探讨。
加里布阿巴迪说,伊方对欧洲国家在近期冲突问题上的立场提出严正抗议,并重申了在“快速恢复制裁”等问题上的原则性立场。他表示,此次会谈同意关于该问题的磋商将会继续。
根据2015年伊核问题全面协议,“快速恢复制裁”条款允许签署国采取措施应对伊朗的违规行为,该条款将于今年10月到期。据报道,美国务卿鲁比奥本月14日与英法德外长进行电话会商,同意将8月底设定为伊朗与美国达成核协议的最后期限,否则英法德三国将启动该程序,恢复对伊朗制裁。(完)
图说:这是7月25日在土耳其伊斯坦布尔拍摄的举行会谈的伊朗驻伊斯坦布尔总领事馆。新华社发(萨法尔·拉贾博夫摄)