Asia
တရုတ်-ကမ္ဘောဒီးယား-ထိုင်း သုံးပွင့်ဆိုင် အလွတ်သဘောဆွေးနွေးပွဲ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် ကျင်းပ

ရှန်ဟိုင်း၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ)
တရုတ်-ကမ္ဘောဒီးယား-ထိုင်း သုံးပွင့်ဆိုင် အလွတ်သဘောဆွေးနွေးပွဲကို တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ ဇူလိုင် ၃၀ ရက်တွင် ကျင်းပခဲ့သည်။ အဆိုပါဆွေးနွေးပွဲကို တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယနိုင်ငံခြားရေးဝန်ကြီး စွန်းဝေ့တုန်းက ကမ္ဘောဒီးယားနိုင်ငံ၊ ထိုင်းနိုင်ငံ ကိုယ်စားလှယ်များနှင့်အတူ တက်ရောက်ခဲ့သည်။
ကမ္ဘောဒီးယား၊ ထိုင်း နှစ်ဖက်လုံးက တရုတ်နိုင်ငံအား အပစ်ရပ်ရေးသဘောတူညီချက်ကို လေးစားလိုက်နာမည် ဖြစ်ကြောင်း ထပ်မံပြောကြားခဲ့သလို ယနေ့အထိ ကိစ္စရပ်အခြေအနေ တည်ငြိမ်ရေး တရုတ်နိုင်ငံ၏ အပြုသဘောအခန်းကဏ္ဍမှ ပါဝင်မှုအား တန်ဖိုးထားချီးကျူးကြောင်း ပြောကြားခဲ့သည်။
ဆွေးနွေးပွဲသည် ရိုးသားပွင့်လင်းမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် သင့်မြတ်မှုတို့ဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။
ကမ္ဘောဒီးယားနှင့် ထိုင်း နှစ်နိုင်ငံ နယ်စပ်အငြင်းပွားမှုကို ငြိမ်းချမ်းစွာ ဖြေရှင်းရာတွင် တရုတ်နိုင်ငံက အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ စဉ်ဆက်မပြတ် ပါဝင်ခဲ့ရာ ယခုအကြိမ် ကျင်းပသည့် သုံးပွင့်ဆိုင် အလွတ်သဘောဆွေးနွေးပွဲသည် တရုတ်နိုင်ငံ၏ နောက်ဆုံးသံတမန်ရေးကြိုးပမ်းမှုဖြစ်ကြောင်း သိရသည်။ (Xinhua)
———————
(Chinese Version)
中国—柬埔寨—泰国三方非正式会晤在上海举行
新华社上海7月30日电 7月30日,中国—柬埔寨—泰国三方非正式会晤在上海举行。外交部副部长孙卫东同柬埔寨和泰国代表共同出席。
柬、泰双方向中方重申将遵守停火共识,赞赏中国迄今为平息事态所发挥的积极作用。会议是在坦诚、友好和融洽的气氛中进行的。
中国持续为支持柬、泰双方和平解决边境争端发挥建设性作用,举行此次三方非正式会晤是中国的最新外交努力。(完)