North America
ကြေးနီထုတ်ကုန်၊ ပါဆယ်အသေးစားနှင့် ဘရာဇီးအား ပစ်မှတ်ထား၍ စည်းကြပ်ခွန် အစီအမံများစွာအား အမေရိကန် ကြေညာ

နယူးယောက်၊ ဩဂုတ် ၁ ရက် (ဆင်ဟွာ)
အမေရိကန် သမ္မတ ထရမ့်က ဇူလိုင် ၃၀ ရက်တွင် အမိန့်နှင့် ကြေညာချက်များစွာကို လက်မှတ်ရေးထိုးခဲ့ရာ ဩဂုတ် ၁ ရက်မှစ၍ တင်သွင်းသည့် ကြေးနီတစ်ပိုင်းကုန်ချောပစ္စည်းများနှင့် ကြေးနီပါဝင်မှုမြင့်မားသော ဆက်စပ်ကုန်ပစ္စည်းများကို စည်းကြပ်ခွန် ၅၀ ရာခိုင်နှုန်း တစ်ပြေးညီကောက်ခံခြင်း၊ ဩဂုတ် ၂၉ ရက်မှစ၍ ကန်ဒေါ်လာတန်ဖိုး ၈၀၀ နှင့်အောက်ရှိသည့် သွင်းကုန်ပါဆယ်အသေးစားများကို အခွန်ကင်းလွတ်ခွင့်ပေးသည့် ခံစားခွင့်အား ယာယီရပ်တန့်ခြင်း၊ ဩဂုတ် ၆ ရက်မှစ၍ အမေရိကန်သို့ တင်သွင်းသည့် ဘရာဇီးထုတ်ကုန်များအပေါ် ပစ္စည်းတန်ဖိုး၏ ၄၀ ရာခိုင်နှုန်း အခွန်ထပ်မံကောက်ခံခြင်း ပြုမည် ဖြစ်ကြောင်း သိရသည်။
အမေရိကန် အိမ်ဖြူတော်ဝက်ဘ်ဆိုက်၏ ဇူလိုင် ၃၀ ရက် ထုတ်ပြန်သည့် အဖြစ်မှန် စာရင်းများအရ ထရမ့်သည် ယင်းနေ့တွင် ကြေညာချက်အား လက်မှတ်ရေးထိုးခဲ့ရာ သြဂုတ် ၁ ရက်မှစ၍ တင်သွင်းသည့် ကြေးနီတစ်ပိုင်းကုန်ချောပစ္စည်းများနှင့် ကြေးနီပါဝင်မှုမြင့်မားသည့် ဆက်စပ်ကုန်ပစ္စည်းများကို စည်းကြပ်ခွန် ၅၀ ရာခိုင်နှုန်း တစ်ပြေးညီကောက်ခံမည်ဖြစ်ကြောင်း သိရသည်။
ကြေးနီသွင်းကုန်များအပေါ် စည်းကြပ်ခွန်ကောက်ခံသည့် မှီငြမ်းချက်မှာ “၁၉၆၂ ခုနှစ် ကုန်သွယ်ရေးတိုးချဲ့မှု ဥပဒေ” ပုဒ်မ ၂၃၂ ဖြစ်ကြောင်း၊ ကြေးပိုက်၊ ကြေးနန်းကြိုး၊ ကြေးနီချောင်းနှင့် ကြေးပြား စသည့် တစ်ပိုင်းကုန်ချောပစ္စည်းများနှင့် ပိုက်သုံးပစ္စည်း၊ ကေဘယ်ကြိုး၊ ချိတ်ဆက်ကိရိယာ၊ အီလက်ထရွန်နစ်ပစ္စည်း အစိတ်အပိုင်း စသည့် ဆက်စပ်ထုတ်ကုန်ပစ္စည်းများအပါအဝင် ထုတ်ကုန်ပစ္စည်းများအား ပစ်မှတ်ထားခြင်း ဖြစ်ကြောင်း၊ အနာဂတ်တွင် ပိုမိုများပြားသည့် ကြေးနီဆက်စပ်ထုတ်ကုန်ပစ္စည်းများကို စည်းကြပ်ခွန်အကျုံးဝင်မှုထဲ ထည့်သွင်းသွားမည် ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
AllianceBernstein ကုမ္ပဏီ သုတေသနဌာန တာဝန်ခံ Bob Brackett က အမေရိကန်၌ သုံးစွဲသည့် ကြေးနီအများစုသည် သွင်းကုန်ကို အားထားနေရကြောင်း ပြောကြားခဲ့သည်။
“စည်းကြပ်ခွန်က သင့်လျော်တဲ့ စီးပွားရေးအပြုအမူကို နှိုးဆွအားပေးမှာ မဟုတ်ဘဲ အမေရိကန် ကုန်ထုတ်လုပ်သူတွေရဲ့ အရင်းအနှီးကိုသာ ပိုပြီးတိုးလာစေမှာ ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။
ထရမ့်က ယင်းနေ့တွင် အမိန့်ကြေညာချက်တစ်ရပ်ကိုလည်း လက်မှတ်ရေးထိုးခဲ့သေးရာ ဩဂုတ် ၂၉ ရက်မှစ၍ ကန်ဒေါ်လာတန်ဖိုး ၈၀၀ နှင့်အောက်ရှိသည့် သွင်းကုန်ပါဆယ်အသေးစားများကို အခွန်ကင်းလွတ်ခွင့်ပေးသည့် ခံစားခွင့်အား ယာယီရပ်တန့်မည်ဖြစ်ကြောင်း၊ ထိုအချိန်တွင် ပါဆယ်အသေးစားများကို ကိုက်ညီမှုရှိသည့် အခွန်အခအားလုံး ပေးဆောင်ရမည်ဖြစ်သော်လည်း အခွန်ကင်းလွတ်ခွင့်အခြေအနေနှင့်ကိုက်ညီသော နိုင်ငံတကာ စာပို့ပါဆယ်များသည် အခွန်ကင်းလွတ်ခွင့်ရရှိမည် ဖြစ်ကြောင်း သိရသည်။
ယင်းနေ့တွင် ထရမ့် လက်မှတ်ရေးထိုးခဲ့သည့် အခြားအမိန့်ကြေညာချက်အရ အမေရိကန်သည် ဩဂုတ် ၆ ရက်မှစ၍ အမေရိကန်သို့ တင်သွင်းသည့် ဘရာဇီးထုတ်ကုန်ပစ္စည်းများကို ပစ္စည်းတန်ဖိုး၏ ၄၀ ရာခိုင်နှုန်းအခွန် ကောက်ခံမည် ဖြစ်ကြောင်း၊ သို့သော် ဘရာဇီးလေယာဉ်၊ အခွံမာအသီးများ၊ လိမ္မော်ရည်နှင့် သတ္တုထုတ်ကုန်အချို့ကမူ အခွန်ကင်းလွတ်ခွင့်ရမည် ဖြစ်ကြောင်း၊ ယင်းအစီအမံအသက်ဝင်ပြီးနောက် အမေရိကန်သို့ တင်သွင်းသည့် ဘရာဇီးထုတ်ကုန် အများအပြား ရင်ဆိုင်ရမည့် စည်းကြပ်ခွန် အခွန်နှုန်းထားသည် ၅၀ ရာခိုင်နှုန်းအထိ မြင့်တက်သွားမည် ဖြစ်ကြောင်း သိရသည်။
အကယ်၍ ထရမ့် ခြိမ်းခြောက်သည့် ဘရာဇီးအပေါ် စည်းကြပ်ခွန်ကောက်ခံမှုကို ဖော်ဆောင်လိုက်ပါက အမေရိကန် ထုတ်ကုန်အချို့အပေါ် တန်ပြန်စည်းကြပ်ခွန်ကောက်ခံရန် ဘရာဇီးအစိုးရက စဉ်းစားသွားမည် ဖြစ်ကြောင်း ဘရာဇီး သမ္မတ လူလာက ဇူလိုင် ၃၀ ရက်တွင် ထုတ်ပြန်သော The New York Times ၏ သီးသန့်တွေ့ဆုံမေးမြန်းမှု၌ ပြောကြားခဲ့သည်။ အမေရိကန်သည် တစ်ဖက်သတ်ဝါဒနှင့် ကုန်သွယ်ရေးကဏ္ဍ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒကို တွန်းအားပေးဖော်ဆောင်နေခြင်းဖြစ်ကြောင်း ဘရာဇီး စီမံကိန်းနှင့် ဘတ်ဂျက်ရေးရာဝန်ကြီးဌာန ဝန်ကြီး Simona Tebet က ထိုနေ့တွင် ဝေဖန်ပြောကြားခဲ့ပြီး မဟာဗျူဟာရွေးချယ်မှုတွင် ဘရာဇီးအနေဖြင့် လိုက်လျောမည်မဟုတ်ကြောင်း အလေးထားပြောကြားခဲ့သည်။ (Xinhua)
———————
(Chinese Version)
针对铜产品、小额包裹和巴西 美国宣布多项关税措施
新华社纽约7月30日电(记者刘亚南 张永青)美国总统特朗普7月30日签署多项行政令和公告,从8月1日起对进口的铜半成品和铜含量高的衍生品统一征收50%的关税,从8月29日起暂停对价值800美元及以下的进口包裹给予免税待遇,从8月6日起对巴西输美产品加征40%从价关税。
根据美国白宫网站7月30日发布的事实清单,特朗普当日签署公告,从8月1日起对进口的铜半成品和铜含量高的衍生品统一征收50%的关税。
公告称,对进口铜加征关税的依据是《1962年贸易扩展法》第232条款,针对的产品包括铜管、铜线、铜棒和铜片等半成品以及管件、电缆、连接器和电气元件等衍生产品,未来还将把更多铜衍生产品纳入关税适用范围。
美国联博资产管理公司研究部门负责人鲍勃·布拉克特表示,美国所消费大部分铜依赖进口,“关税不会激励合适的经济行为而只会增加美国制造商的成本”。
特朗普当日还签署行政令,从8月29日起暂停对价值800美元及以下的进口包裹给予免税待遇,届时小额包裹需缴纳适用的所有税费,但符合豁免条件的国际邮政包裹免于征税。
根据特朗普当日签署的另一份行政令,美国将从8月6日起对巴西输美产品加征40%从价关税,但巴西飞机、坚果、橙汁和一些金属产品将被豁免。该措施生效后,大部分巴西输美产品面临的关税税率将提高到50%。
巴西总统卢拉在《纽约时报》7月30日刊登的专访中表示,如果特朗普威胁对巴西征收的关税落地,巴西政府将考虑对部分美国产品征收报复性关税。巴西计划和预算部长西蒙娜·特贝特当天批评美国推行单边主义和贸易保护主义,强调巴西不会在战略选择上作出妥协。(完)
1, 这是7月30日在美国首都华盛顿白宫拍摄的美国总统特朗普。新华社记者 胡友松 摄