Connect with us

North America

အလုပ်အကိုင်ဆိုင်ရာ အချက်အလက်များအပေါ် ကျေနပ်မှုမရှိသဖြင့် ထရမ့်က အလုပ်သမားစာရင်းအင်းဗျူရို ကော်မရှင်နာအား “အလုပ်ထုတ်”

အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်ရှိ အိမ်ဖြူတော်တွင် အမေရိကန် သမ္မတ ထရမ့်က မေးမြန်းမှုများအား ဖြေကြားနေသည်ကို ဩဂုတ် ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဩဂုတ် ၂ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ အလုပ်သမားရေးရာဌာန ထုတ်ပြန်သော နောက်ဆုံး အလုပ်အကိုင်ဆိုင်ရာ အချက်အလက်များအပေါ် ကျေနပ်မှုမရှိသဖြင့် အမေရိကန် သမ္မတ ထရမ့်က အလုပ်သမားရေးရာဌာနလက်အောက်ရှိ အလုပ်သမားစာရင်းအင်းဗျူရို ကော်မရှင်နာ Erika McEntarfer အား အလုပ်ထုတ်ပယ်ရန် အမိန့်ချခဲ့ကြောင်း ကြေညာခဲ့ပြီး McEntarfer ကို “နိုင်ငံရေးရည်ရွယ်ချက်ကြောင့် အလုပ်အကိုင်အချက်အလက်ကို ကြိုးကိုင်နေတယ်” ဟု စွပ်စွဲခဲ့သည်။

ထရမ့်က အမေရိကန်အလုပ်အကိုင်ဆိုင်ရာ အချက်အလက်များကို သမ္မတဟောင်း ဘိုင်ဒန် ခန့်အပ်ခဲ့သော အရာရှိ McEntarfer မှ တာဝန်ယူ စာရင်းဇယားပြုခြင်းဖြစ်သည်ကို ၎င်းအနေဖြင့် မကြာသေးမီကမှ သိရကြောင်း ထိုနေ့တွင် လူမှုမီဒီယာပလက်ဖောင်း “Truth Social” ၌ ပို့စ်ရေးသားဖော်ပြခဲ့သည်။ ၂၀၂၄ ရွေးကောက်ပွဲမတိုင်မီ အလုပ်အကိုင်ဆိုင်ရာ အချက်အလက်များကို အတုလုပ်ခဲ့ပြီး ထိုစဉ်က ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဟားရစ် အနိုင်ရရေး ကူညီရန် ကြိုးပမ်းခဲ့သည်ဟု ၎င်းအမျိုးသမီးအား ထရမ့်က ပြစ်တင်ပြောဆိုခဲ့သည်။ သို့သော် ဤစွပ်စွဲချက်အတွက် ထရမ့်ဘက်မှ မည်သည့်သက်သေအထောက်အထားမျှ မပြသခဲ့ပေ။

အမေရိကန်နိုင်ငံ အလုပ်သမားရေးရာဌာနက ဩဂုတ် ၁ ရက်တွင် ထုတ်ပြန်သော အချက်အလက်များအရ အမေရိကန်နိုင်ငံ၏ ဇူလိုင်လ အလုပ်လက်မဲ့နှုန်းသည် လွန်ခဲ့သည့်ကာလထက် မြင့်တက်လာပြီး အဆိုပါလတွင် စိုက်ပျိုးရေးဌာနက မဟုတ်သော အလုပ်အကိုင်သစ် စွမ်းဆောင်ရည်သည်လည်း စျေးကွက်မျှော်မှန်းချက်လောက်ပင် မကောင်းကြောင်း သိရသည်။ တစ်ချိန်တည်းမှာပင် မေလနှင့် ဇွန်လတွင် စိုက်ပျိုးရေးဌာနက မဟုတ်သော အလုပ်အကိုင်သစ် အရေအတွက်သည် ယခင်ထုတ်ပြန်ထားသော အချက်အလက်များထက် သိသိသာသာ လျော့နည်းသွားပြီး အမေရိကန် အလုပ်အကိုင်ဈေးကွက်၏ သိသိသာသာ အေးစက်လာမှုကို ညွှန်ပြနေသည်။

ဤကဲ့သို့ ကျဆင်းသည့် အခြေအနေသည် ယခုနှစ် နှစ်ဆန်းပိုင်းတွင်လည်း ဖြစ်ပွားခဲ့ဖူးပြီး အချက်အလက်များကို အမြဲလိုပင် “အပျက်သဘောဆောင် ပြင်ဆင်မှု” များ ဖြစ်ကြောင်း ထရမ့်က ပို့စ်တွင် ပြောကြားခဲ့သည်။

McEntarfer သည် ဖက်ဒရယ်အစိုးရတွင် နှစ် ၂၀ ကျော် တာဝန်ထမ်းဆောင်ခဲ့သော စီးပွားရေးပညာရှင်တစ်ဦးဖြစ်ပြီး အမေရိကန်သန်းခေါင်စာရင်းဗျူရို၊ သမ္မတအမှုဆောင်ရုံးနှင့် ဘဏ္ဍာရေးဌာနတို့တွင် တာဝန်များထမ်းဆောင်ခဲ့ဖူးကြောင်း အမေရိကန်အလုပ်သမားစာရင်းအင်းဗျူရို၏ တရားဝင်ဝက်ဘ်ဆိုက်အချက်အလက်များအရ သိရသည်။ ဘိုင်ဒန်က ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် ၎င်းအား အလုပ်သမားစာရင်းအင်းဗျူရို၏ ကော်မရှင်နာအဖြစ် တာဝန်ထမ်းဆောင်ရန် အဆိုပြုခဲ့ပြီး အမေရိကန်အထက်လွှတ်တော်က ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် ၎င်း၏ခန့်အပ်မှုကို အတည်ပြုခဲ့သည်။
အလုပ်သမားစာရင်းအင်းဗျူရိုသည် စီးပွားရေးအချက်အလက်များကို ပုံမှန်ပြန်လည်သုံးသပ်ကြောင်း၊ အမေရိကန် စီးပွားရေးပမာဏမှာကြီးမားလှပြီး အဆိုပါဗျူရိုသည် စုံစမ်းစစ်ဆေးခြင်းမှတစ်ဆင့် ဤအချက်အလက်များ၏ တုံ့ပြန်နှုန်းအကြောင်းအရာစုဆောင်းရာ အချက်အလက် စုဆောင်းမှုသည် နောက်ကျမှုများ ဖြစ်ပေါ်တတ်ကြောင်း၊ သို့သော် ထိုသို့ နောက်ကျမှုသည် မသင့်လျော်သောလုပ်ရပ်များ သို့မဟုတ် အချက်အလက် ကြိုးကိုင်မှု ဖြစ်သည်ဟု အဓိပ္ပာယ်မသက်ရောက်ကြောင်း အမေရိကန် NBC အသံလွှင့်ကုမ္ပဏီက သတင်းတွင် ထောက်ပြခဲ့သည်။

ယခုအကြိမ်သည် နိုင်ငံရေးသဘောပြည့်နှက်သော အလုပ်ထုတ်ပယ်ခြင်းဖြစ်ပြီး၊ လုပ်ငန်းစွမ်းဆောင်ရည် သို့မဟုတ် ကျွမ်းကျင်မှုဆိုင်ရာ ကျိုးကြောင်းဆီလျော်သော မည်သည့်အထောက်အထားမျှ မရှိကြောင်း၊ အနာဂတ်တွင် ထရမ့်တာဝန်အပ်ခန့်ထားသူများသည် အချက်အလက်များကို ထရမ့်အတွက် အကျိုးရှိမည့် ပုံစံဖြင့် အဓိပ္ပာယ်ပြန်ဆိုခြင်း သို့မဟုတ် ကြေညာချက်ထုတ်ပြန်ခြင်းများ ပြုလုပ်နိုင်ကြောင်း အမေရိကန်နိုင်ငံ ပီတာဆန် နိုင်ငံတကာစီးပွားရေး သုတေသနဌာန အဆင့်မြင့်သုတေသီ၊ ဘဏ္ဍာရေးဌာန အရာရှိဟောင်း Gary Clyde Hufbauer က ဆင်ဟွာသတင်းထောက်အား ပြောကြားခဲ့သည်။ (Xinhua)
……………………
(Chinese Version)
对就业数据不满 特朗普让劳工统计局局长“走人”
新华社华盛顿8月1日电(记者熊茂伶)因不满美国劳工部发布的最新就业数据,美国总统特朗普1日宣布,他已下令解雇劳工部下属的劳工统计局局长埃丽卡·麦肯塔弗,并指控她“出于政治目的操纵就业数据”。
特朗普当天在社交媒体平台“真实社交”上发文说,他刚刚得知,美国就业数据由前总统拜登任命的官员麦肯塔弗负责统计。特朗普指责她在2024年大选前伪造就业数据,试图帮助当时的民主党总统候选人哈里斯胜选。但对于这一指控,特朗普并未提供任何证据。
美国劳工部1日公布的数据显示,7月美国失业率环比上升,当月非农业部门新增就业岗位表现也逊于市场预期。同时,5月和6月非农业部门新增就业岗位数量较此前公布数据有大幅下调,显示美国就业市场明显降温。
特朗普在贴文中还说,类似下调情况在今年年初也发生过,而且数据总是“负面调整”。
根据美国劳工统计局官网信息,麦肯塔弗是一名在联邦政府工作逾20年的经济学家,曾在美国人口普查局、总统行政办公室和财政部担任职务。拜登于2023年7月提名她担任劳工统计局局长,国会参议院于2024年1月通过对其任命。
美国全国广播公司在报道中指出,劳工统计局会定期修订经济数据。由于美国经济体量庞大,以及该局在通过调查收集这些数据时的回应率问题,数据收集往往会出现滞后,但这种滞后并不意味着存在不当行为或数据操纵。
美国彼得森国际经济研究所高级研究员、前财政部官员加里·赫夫鲍尔对新华社记者表示,这是一次充满政治意味的解职,缺乏任何基于绩效或能力的合理依据。未来,特朗普任命的人选可能会以对特朗普有利的方式来解读数据或发布声明。(完)
图说:8月1日,在美国首都华盛顿白宫,美国总统特朗普回答提问。新华社记者 胡友松 摄