Connect with us

Africa & Middle East

ပထမနှစ်ဝက်အတွင်း ဒူဘိုင်းသို့ နိုင်ငံတကာခရီးသွား ဝင်ရောက်မှု ၉.၈၈ သန်းရှိခဲ့ပြီး ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့

ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့မြင်ကွင်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၇ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ဒူဘိုင်း ဩဂုတ် ၄ ရက် (ဆင်ဟွာ)
ဒူဘိုင်း၏ ခရီးသွားကဏ္ဍသည် ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်တွင် နိုင်ငံတကာ ခရီးသွားဧည့်သည် ၉.၈၈ သန်းကို ဆွဲဆောင်နိုင်ခဲ့ပြီး တိုးတက်မှု စံချိန်တင်ခဲ့ကြောင်း သိရသည်။ ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၆ ရာခိုင်နှုန်း တိုးလာကြောင်း ဒူဘိုင်း၏ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းဌာနမှ သြဂုတ် ၃ ရက်တွင် ထုတ်ပြန်သော ကြေညာချက်အရ သိရသည်။

၎င်းတိုးတက်မှုသည် ဒူဘိုင်း၏ ခရီးသွားလုပ်ငန်းနှင့် စီးပွားရေးအတွက် အဓိက ကမ္ဘာလုံးဆိုင်ရာ ဦးတည်ရာနေရာတစ်ခုဖြစ်လာစေရန် ကြိုးပမ်းအားထုတ်မှုများကို ထင်ရှားစေကြောင်း ဒူဘိုင်းအိမ်ရှေ့မင်းသား Sheikh Hamdan bin Mohammed bin Rashid Al Maktoum က ပြောကြားခဲ့သည်။

အနောက်ဥရောပသည် အဆိုပါခရီးသွားဧည့်သည်အားလုံး၏ ၂၂ ရာခိုင်နှုန်းကို ကိုယ်စားပြုကာ ဒူဘိုင်း၏ ထိပ်တန်းခရီးသွားအရင်းအမြစ်အဖြစ် ဆက်လက်ရပ်တည်ခဲ့သည်။ တစ်ချိန်တည်းတွင် ပင်လယ်ကွေ့၊ အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကဒေသများမှ စုစုပေါင်းလာရောက်လည်ပတ်သူဦးရေမှာ ၂၆ ရာခိုင်နှုန်းရှိခဲ့ပြီး ခိုင်မာသောတိုးတက်မှုကို ပြသခဲ့သည်။

ယခုနှစ်ပထမနှစ်ဝက်ကာလအတွင်း ဒူဘိုင်း၏ ဟိုတယ်လုပ်ငန်းကဏ္ဍသည်လည်း ဟိုတယ်အခန်းငှားရမ်းမှုနှုန်း ၈၀.၆ ရာခိုင်နှုန်းဖြင့် စွမ်းဆောင်ရည်ကောင်းခဲ့သည်။ ဟိုတယ်အဆောက်အအုံ စုစုပေါင်း ၈၂၂ ခု တိုးလာခဲ့ပြီး အခန်းပေါင်း ၁၅၂,၀၀၀ ကျော် ထွက်ပေါ်လာခဲ့ကြောင်း သိရသည်။ (Xinhua)
………………
(English Version)

Dubai receives 9.88 mln int’l visitors in H1, up 6 pct

DUBAI, Aug. 3 (Xinhua) — Dubai’s tourism sector recorded strong growth in the first half of 2025, attracting 9.88 million international visitors — a 6 percent increase compared to the same period last year, according to a statement released Sunday by Dubai’s Department of Economy and Tourism.

Crown Prince of Dubai Sheikh Hamdan bin Mohammed bin Rashid Al Maktoum said the performance underscores Dubai’s ongoing efforts to establish itself as a premier global destination for tourism and business.

Western Europe continued to be the leading source of visitors, representing 22 percent of all arrivals. Meanwhile, the Gulf, Middle East, and North Africa regions showed robust growth, collectively making up 26 percent of the total visitors.

Dubai’s hospitality industry also demonstrated strong performance, with hotel occupancy hitting 80.6 percent and over 22.2 million room nights booked. The total number of hotel establishments increased to 822, providing more than 152,000 rooms. ■

English Caption

This photo taken on Oct. 17, 2024 shows a city view of Dubai, the United Arab Emirates. (Xinhua/Duan Minfu)