Connect with us

North America

တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများကို ဖယ်ထုတ်ပြီး သန်းခေါင်စာရင်းကောက်ရန် ဒေါ်နယ်ထရမ့် အမိန့်ပေး

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ အိမ်ဖြူတော်တွင် သတင်းထောက်များအား ဖြေကြားနေသော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁ ရက်၌ တွေ့ရစဥ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဩဂုတ် ၉ ရက် (ဆင်ဟွာ)

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများကို ဖယ်ထုတ်ကာ သန်းခေါင်စာရင်းသစ် စတင်ကောက်ယူရန် အမိန့်ပေးစေခိုင်းထားပြီးဖြစ်ကြောင်း ဇူလိုင် ၇ ရက်နေ့က ထုတ်ဖော်ပြောကြားခဲ့သည်။

“အသစ်ဖြစ်သော၊ တိကျမှုမြင့်မားသော၊ မျက်မှောက်ခေတ်အချက်အလက်တွေနဲ့ ကိန်းဂဏန်းတွေကို အခြေခံထားတဲ့သန်းခေါင်စာရင်းသစ် ချက်ချင်းစတင်ကောက်ခံဖို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဌာနကို ညွှန်ကြားထားပြီးပါပြီ။ ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲက ရရှိတဲ့ရလဒ်နဲ့ အချက်အလက်တွေကို အသုံးပြုနိုင်ရေးက အရေးကြီးပါတယ်” ဟု ဒေါ်နယ်ထရမ့်က ၎င်း၏ လူမှုကွန်ရက် Truth Social တွင် ပို့စ်ရေးတင်ခဲ့သည်။

“ကျွန်တော်တို့နိုင်ငံမှာ တရားမ၀င်နေထိုင်သူတွေကို သန်းခေါင်စာရင်းမှာ ထည့်မတွက်ပါဘူး” ဟုလည်း ဒေါ်နယ်ထရမ့်က ပြောခဲ့သည်။

အမေရိကန်တွင် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ သန်းခေါင်စာရင်းဗျူရိုက ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ၁၀ နှစ်တစ်ကြိမ် သန်းခေါင်စာရင်းကောက်ခံသည်။ နောက်တစ်ကြိမ်ကို ၂၀၃၀ ပြည့်နှစ်တွင် ထပ်မံကောက်ခံမည်ဖြစ်သည်။

ထရမ့်၏ရည်ရွယ်ချက်မှာ နိုင်ငံသားဖြစ်စေ၊ ရွှေ့ပြောင်းလာသူများဖြစ်စေ အမေရိကန်ပြည်ထောင်စု အတွင်း မှီတင်းနေထိုင်သူတိုင်းကို စာရင်းသွင်းရေတွက်ရန်ဖြစ်သည်။ ထို့နောက် လူဦးရေအပေါ်အခြေခံ၍ ပြည်နယ်များရှိ အမေရိကန်အောက်လွှတ်တော်တွင် အမတ်နေရာများ ပြန်လည်ခွဲဝေရန်အတွက် ရလဒ်များကို အသုံးပြုမည်ဖြစ်သည်။

ထရမ့်၏ သန်းခေါင်စာရင်းနှင့်ပတ်သက်သော မှတ်ချက်ပြုမှုသည် လာမည့်ကြားဖြတ်ရွေးကောက်ပွဲ၌ ရီပက်ဘလစ်ကန်ပါတီမှ လွှတ်တော်အမတ်နေရာများ ပိုမိုရရှိရန်နှင့် ခရိုင်နယ်နိမိတ်များ ပြန်လည်သတ် မှတ်ပေးမည်ဆိုသော အားကောင်းသည့် စည်းရုံးစကားပြောဆိုအပြီး ထပ်မံလုပ်ဆောင်လာသော အရာဖြစ်သည်။

ရီပက်ဘလစ်ကန်ပါတီသည် တက္ကဆက်လွှတ်တော်မဲဆန္ဒနယ်များကို ပြန်လည်ပြင်ဆင်ပုံဖော်ရန် လုပ် ဆောင်နေကာ ထရမ့်သည် ပါတီခေါင်းဆောင်တစ်ဦးအနေဖြင့် ယခုကဲ့သို့လုပ်ဆောင်နေမှုအတွက် ဝေဖန်မှုများစွာရှိနေသလို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နိုင်ငံရေးပဋိပက္ခများကိုပါ ဖြစ်ပေါ်နေ စေသည်။

ယခုလို တရားမဝင်ရွှေ့ပြောင်းလုပ်သားများကိုဖယ်ချန်ပြီး သန်းခေါင်စာရင်းကောက်ခံရန် ထရမ့်ကြိုးစား သည်မှာ ပထမဆုံးအကြိမ်မဟုတ်ဘဲ ၂၀၂၀ ပြည့်နှစ်က ပထမသမ္မတ သက်တမ်းအတွင်း တစ်ကြိမ်လုပ်ဆောင်ခဲ့သေးသည်။ ပြည်နယ်များအတွင်း လွှတ်တော်အမတ်ရွေးချယ်မှုများ၌ တရားမဝင် ရွှေ့ပြောင်းလုပ်သားများ၏ မဲများမပါဝင်စေရေး သမ္မတအမိန့်စာချွန်လွှာဖြင့် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ခြင်းဖြစ်ကာ တရားရုံးတွင် စိန်ခေါ်မှုများစွာကြုံခဲ့ရပြီးနောက်ပိုင်း ပြန်လည်ပိတ်ပင်ခြင်း ခံခဲ့ရသည်။ (Xinhua)

……………………….
(English Version)

Trump orders U.S. census to exclude illegal immigrants

WASHINGTON, Aug. 7 (Xinhua)

U.S. President Donald Trump said Thursday that he has ordered to start working on a new census to exclude people living in the country without legal status.

“I have instructed our Department of Commerce to immediately begin work on a new and highly accurate CENSUS based on modern day facts and figures and, importantly, using the results and information gained from the Presidential Election of 2024,” Trump wrote in a post on social media platform Truth Social.

(English Caption)
U.S. President Donald Trump speaks to the press at the White House in Washington, D.C., the United States, on Aug. 1, 2025. U.S. President Donald Trump on Friday announced that he has ordered the firing of Erika McEntarfer, commissioner of the Bureau of Labor Statistics (BLS), accusing her of manipulating data for political purposes. (Xinhua/Hu Yousong)

“People who are in our Country illegally WILL NOT BE COUNTED IN THE CENSUS,” Trump said.

The U.S. Census is conducted every 10 years by the U.S. Census Bureau, part of the Commerce Department, as required by the U.S. Constitution. The next one is scheduled for 2030.

Its purpose is to count every person living in the United States, regardless of citizenship or immigration status. The results are then used to redistribute seats in the U.S. House of Representatives among the states, based on population.

Trump’s remarks about the U.S. census came after his strong advocacy for the Republican Party to gain additional U.S. House seats in the upcoming midterm elections by redrawing district boundaries. The Republican Party’s move to reshape Texas’ congressional districts — widely criticized as a partisan gerrymander — has ignited a nationwide political clash.

This is not the first time Trump has pushed for a new census that excludes illegal immigrants. In 2020, Trump — during his first term — signed a presidential memorandum to leave out unauthorized immigrants from the numbers used to divide up seats in Congress among the states. The plan was challenged in court and eventually blocked.

Photo

U.S. President Donald Trump speaks to the press at the White House in Washington, D.C., the United States, on Aug. 1, 2025. (Xinhua/Hu Yousong)