International Organizations
ဂါဇာမြို့ကို အစ္စရေး လက်လွှဲယူရန် စီစဉ်မှုနှင့်စပ်လျဉ်း၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေး ကျင်းပ

ကုလသမဂ္ဂ၊ ဩဂုတ် ၁၁ ရက် (ဆင်ဟွာ)
ဂါဇာမြို့ကို အစ္စရေး လက်လွှဲယူရန် စီစဉ်မှုနှင့်စပ်လျဉ်း၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဩဂုတ် ၁၀ ရက်တွင် အရေးပေါ် အစည်းအဝေး ကျင်းပခဲ့သည်။
ယခုအကြိမ် အရေးပေါ် အစည်းအဝေးကို လုံခြုံရေးကောင်စီရှိ ဥရောပ အမြဲတမ်းအဖွဲ့ဝင်နှင့် အမြဲတမ်း မဟုတ်သော အဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည့် ဗြိတိန်၊ ပြင်သစ်၊ ဒိန်းမတ်၊ ဂရိ၊ စလိုဗေးနီးယားနိုင်ငံများက ကျင်းပရန် အဆိုပြုခြင်းဖြစ်ရာ အမေရိကန်နိုင်ငံမှလွဲ၍ လုံခြုံရေးကောင်စီအဖွဲ့ဝင်အားလုံး၏ ထောက်ခံမှုကို ရရှိခဲ့သည်။
အဆိုပါ ဥရောပ ငါးနိုင်ငံက အစည်းအဝေးမတိုင်မီ ပူးတွဲကြေညာချက် ထုတ်ပြန်ပြီး အစ္စရေးအစိုးရ၏ ဂါဇာ၌ စစ်ရေးလှုပ်ရှားမှု ချဲ့ထွင်သည့် အစီအစဉ်ကို ပြစ်တင်ရှုတ်ချခဲ့ပြီး ယင်းအစီအစဉ်ကို အစ္စရေးအစိုးရမှ အရေးပေါ် ရုပ်သိမ်းရန် တိုက်တွန်းခဲ့သည်။
မည်သည့် ဝါးမြိုသိမ်းပိုက်မှု သို့မဟုတ် အခြေချနေထိုင်ရာနေရာကို ချဲ့ထွင်မှု ဟူသော ကြံစည်ကြိုးပမ်းမှုမဆို နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း၊ ဂါဇာဒေသ၌ စစ်ရေးလှုပ်ရှားမှု ချဲ့ထွင်ခြင်းသည် အရပ်သားပြည်သူများ၏ အသက်အိုးအိမ်ကို အန္တရာယ်သာဖြစ်စေပြီး ပိုမိုများပြားသော မလိုအပ်သည့် နာကျင်မှုများကို သယ်ဆောင်လာပေးမည် ဖြစ်ကြောင်း၊ ဥရောပ ငါးနိုင်ငံအနေဖြင့် ပဋိပက္ခဖြစ်ပွားသူနှစ်ဖက် ချက်ချင်း ထာဝရ အပစ်ရပ်ရန်၊ ဖမ်းဆီးထိန်းသိမ်းထားသူ အားလုံးကို လွှတ်ပေးရန်၊ “နှစ်နိုင်ငံ ဖြေရှင်းမှု နည်းလမ်းကို” တက်ကြွစွာ တွန်းအားပေးရန် တိုက်တွန်းကြောင်း ကြေညာချက်တွင် ထောက်ပြခဲ့သည်။
ကုလသမဂ္ဂ၏ ဥရောပ၊ ဗဟိုအာရှနှင့် အမေရိကရေးရာ လက်ထောက်အထွေထွေအတွင်းရေးမှူး Miroslav Jenča က လုံခြုံရေးကောင်စီထံသို့ အစီရင်ခံအကြောင်းကြားခဲ့သည်။
၎င်းက လက်ရှိ ဂါဇာဒေသ လူသားချင်းစာနာထောက်ထားမှု ကပ်ဘေးသည် မျှော်မှန်း၍မရသည့် ပမာဏဖြစ်နေပြီ ဖြစ်ကြောင်း၊ ဂါဇာ၌ အစ္စရေးက စစ်ရေးလှုပ်ရှားမှုများကို တိုးချဲ့ခြင်းသည် ကပ်ဘေးအသစ်ကို သယ်ဆောင်လာမည် ဖြစ်ပြီး ဒေသတစ်ခုလုံးကို ဒုက္ခရောက်စေမည် ဖြစ်သလို သတ်ဖြတ်မှု၊ ဖျက်ဆီးမှု ပို၍များပြားခြင်းနှင့် အိုးမဲအိမ်မဲ့များ ပို၍များပြားလာမည် ဖြစ်ကြောင်း၊ ဂါဇာသည် ယခုအခါသာမက အနာဂတ်တွင်လည်း ပါလက်စတိုင်းနိုင်ငံ၏ ခွဲခြား၍မရသော အစိတ်အပိုင်းတစ်ခု ဖြစ်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
လုံခြုံရေးကောင်စီအဖွဲ့ဝင်များက အစ္စရေး၏ အစီအစဉ်အပေါ် ပြစ်တင်ရှုတ်ချကြောင်း သို့မဟုတ် စိုးရိမ်ကြောင်း ဖော်ပြခဲ့ကြသည်။
ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံးက ဂါဇာအား သိမ်းပိုက်မည့် အစ္စရေး၏ ကြံစည်ကြိုးပမ်းမှုများကို အခိုင်အမာ ဆန့်ကျင်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဂါဇာကို ပါလက်စတိုင်းသားများက ပိုင်ဆိုင်ကြောင်း၊ ပါလက်စတိုင်းနယ်မြေပိုင်နက်၏ ခွဲခြား၍မရသည့် အစိတ်အပိုင်း ဖြစ်ကြောင်း၊ ဂါဇာဒေသလူဦးရေနှင့် နယ်မြေပိုင်နက်ဖွဲ့စည်းမှုကို ပြုပြင်ပြောင်းလဲသည့် မည်သည့် လုပ်ရပ်ကိုမဆို အခိုင်အမာ ဆန့်ကျင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အစ္စရေးအစိုးရအနေဖြင့် အခြေအနေတင်းမာမှု အရှိန်မြင့်တက်စေသည့် လုပ်ရပ်များကို ချက်ချင်းရပ်တန့်ရန်၊ ဂါဇာအပေါ် စစ်ရေးလှုပ်ရှားများကို ရပ်တန့်ရန်၊ အချင်းဖြစ်ပွားသူများအပေါ် အရေးကြီး ဩဇာသက်ရောက်မှုရှိသည့် နိုင်ငံများအနေဖြင့် တရားမျှတမှု၊ တာဝန်ယူမှုရှိသည့် သဘောထားကို လက်ကိုင်ထားကာ အပစ်ရပ်ရေးတွန်းအားပေးမှုကို လက်တွေ့လုပ်ဆောင်ရန် ၎င်းက တိုက်တွန်းပြောကြားခဲ့သည်။ (Xinhua)

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံး (အရှေ့တန်းအလယ်) က လုံခြုံရေးကောင်စီ ပါလက်စတိုင်း-အစ္စရေး အရေးကိစ္စ အရေးပေါ် အစည်းအဝေးတွင် ဆွေးနွေးပြောကြားနေသည်ကို ၂၀၂၅ ခုနှစ် ဩဂုတ် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
———————
(Chinese Version)
联合国安理会就以色列计划接管加沙城举行紧急会议
新华社联合国8月10日电(记者尚绪谦)联合国安理会10日就以色列安全内阁批准以军接管加沙城计划举行紧急公开会。
此次紧急会议由安理会中来自欧洲的常任和非常任理事国英国、法国、丹麦、希腊、斯洛文尼亚提请召开,得到除美国以外所有安理会成员的支持。
上述欧洲五国在会前发表联合声明,谴责以色列政府扩大加沙军事行动的计划,敦促以政府紧急撤销该计划。
声明指出,任何吞并或扩大定居点的企图都违反国际法。扩大在加沙地带的军事行动只会危及平民的生命,带来更多不必要的痛苦。欧洲五国敦促冲突双方立即永久停火,释放所有被扣押人员,积极推进“两国方案”。
联合国负责欧洲、中亚和美洲事务的助理秘书长米洛斯拉夫·延恰向安理会作通报。他说,目前,加沙人道灾难已到不可想象的规模,以色列扩大在加沙的军事行动将带来新的灾难,殃及整个地区,导致更多的杀戮、破坏和更多人流离失所。加沙现在是、将来也必须是巴勒斯坦国不可或缺的一部分。
安理会成员纷纷对以色列的计划加以谴责或表达关切。
中国常驻联合国代表傅聪强调,必须坚决反对以色列占领加沙的企图。他说,加沙属于巴勒斯坦人民,是巴勒斯坦领土不可分割的一部分,任何改变加沙人口及领土结构的行为都必须予以坚决抵制。他敦促以政府立即停止加剧紧张局势升级的行为,停止对加沙的军事行动。对当事方有重要影响力的国家应秉持公正负责任态度,采取切实行动推动停火。(完)
1. 8月10日,在位于纽约的联合国总部,安理会召开巴以问题紧急公开会。新华社记者 谢锷 摄
2. 8月10日,在位于纽约的联合国总部,中国常驻联合国代表傅聪(前排中)在安理会巴以问题紧急公开会上发言。新华社记者 谢锷 摄