Connect with us

North America

အမေရိကန် ဖက်ဒရယ်အစိုးရ၏ ရဲဌာန လက်လွှဲယူမှုနှင့်စပ်လျဉ်း၍ ဝါရှင်တန်ဒီစီ တရားစွဲထား

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ အိမ်ဖြူတော်တွင် သတင်းစာရှင်းလင်းပွဲတက်ရောက်လာသော အမေရိကန် သမ္မတ ထရမ့် (အလယ်) အား ဩဂုတ် ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဩဂုတ် ၁၆ ရက် (ဆင်ဟွာ)
မကြာသေးမီရက်က အမေရိကန်သမ္မတ ထရမ့်၏ မြို့တော် ရဲဌာနအား လက်လွှဲယူမည့် အမိန့်ချမှတ်ခဲ့မှုနှင့်စပ်လျဉ်း၍ တရားစွဲဆိုရန် ဒီစီဖက်ဒရယ်တရားရုံးတွင် စွဲချက်တင်ထားကြောင်း အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်ဒီစီ (Washington, D.C.) ရှေ့နေချုပ် Brian Schwalb က ဩဂုတ် ၁၅ ရက်တွင် ကြေညာခဲ့သည်။

ထရမ့်၏ မြို့တော် ရဲဌာနကို ဖက်ဒရယ်အစိုးရ ညွှန်ကြားမှုအောက်တွင် ထားသောလုပ်ရပ်သည် “ကိုလံဘီယာခရိုင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဥပဒေ (Home Rule Act)” ကို ချိုးဖောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းဥပဒေသည် အရေးပေါ်အခြေအနေများတွင်သာ သမ္မတအား အကန့်အသတ်ရှိသော ယာယီအာဏာ ပေးထားခြင်းဖြစ်ပြီး ဖက်ဒရယ်အစိုးရတွင် မြို့တော်ရဲဌာန ရဲမှူးချုပ်အား အပြောင်းအလဲလုပ်ခြင်း၊ ရဲဌာန၏ နေ့စဉ်လုပ်ငန်းလည်ပတ်မှုများကို လက်လွှဲယူခြင်း ပြုလုပ်ခွင့် မရှိကြောင်း Schwalb က ယူဆသည်။

“ဖက်ဒရယ်အစိုးရ လုပ်ရပ်က ဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာဖြစ်တယ်”၊ အမေရိကန်လွှတ်တော်က သမ္မတအား ရဲမှူးချုပ်အား ရာထူးမှဖယ်ရှားခြင်း သို့မဟုတ် မြို့တော်ရဲဌာနအား လက်လွှဲယူပိုင်ခွင့် မည်သည့်အခါမျှ မပေးခဲ့ကြောင်း Schwalb က ကြေညာချက်တစ်ရပ်တွင် ပြောကြားခဲ့သည်။
ထရမ့်က ၎င်းသည် “ကိုလံဘီယာခရိုင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဥပဒေ (Home Rule Act)” ကို ကိုးကား၍ မြို့တော် ရဲဌာနအား ဖက်ဒရယ်တိုက်ရိုက် ထိန်းချုပ်မှုအောက်တွင် ထားမည်ဖြစ်ကြောင်း အိမ်ဖြူတော်၌ ဩဂုတ် ၁၁ ရက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် ကြေညာခဲ့သည်။ အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်၏ မြို့တော်ဝန် Muriel Bowser က ထရမ့် အမိန့်ချခဲ့သည့် ဖက်ဒရယ်အစိုးရမှ မြို့တော် ရဲဌာနအား လက်လွှဲယူမည့် အပြုအမူသည် “စိုးရိမ်ဖွယ်” ဖြစ်ပြီး “မကြုံစဖူး” ဖြစ်ကြောင်း အဆိုပါနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ (Xinhua)
………………………
(Chinese Version)
美国华盛顿特区就联邦政府接管警察局提起诉讼
新华社华盛顿8月15日电 美国首都华盛顿哥伦比亚特区总检察长施瓦尔布15日宣布,就美国总统特朗普日前下令接管首都警察局一事,在特区联邦法院提起诉讼。
施瓦尔布认为,特朗普将首都警察局置于联邦政府指挥之下的行为违反了《哥伦比亚特区自治法》。该法仅在紧急情况下赋予总统有限的临时权力,联邦政府无权更换首都警察局局长并接管警察局日常运作。
施瓦尔布在一份声明中说,“联邦政府的行为公然违法”,美国国会从未赋予总统罢免警察局长或接管首都警察局的权力。
特朗普11日在白宫召开新闻发布会,宣布他已援引《哥伦比亚特区自治法》,将首都警察局置于联邦直接管控之下。华盛顿市长缪里尔·鲍泽当天在新闻发布会上说,特朗普下令联邦政府接管首都警察局的行为“令人不安”且“前所未有”。(完)
8月11日,美国总统特朗普(中)在华盛顿白宫出席新闻发布会。新华社记者 胡友松 摄