International Organizations
ဖီဘာအာရှဖလားအား သုံးနှစ်ဆက်တိုက် သြစတြေးလျ သိမ်းပိုက်

ဂျက်ဒါ၊ ဆော်ဒီအာရေဗျ၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ)
ဆော်ဒီအာရေဗျနိုင်ငံ ဂျက်ဒါမြို့တွင် ၂၀၂၅ ခုနှစ် သြဂုတ် ၁၇ ရက်က ကျင်းပသော ဖီဘာအာရှဖလား ဖိုင်နယ်ပွဲ၌ သြစတြေးလျအသင်းက တရုတ်အသင်းကို ၉၀-၈၉ မှတ်ဖြင့် အနိုင်ရရှိပြီး ၂၀၂၅ ခုနှစ် ဖီဘာအာရှဖလားကို ဆွတ်ခူးခဲ့ကြောင်း သိရသည်။
၂၀၁၇ ခုနှစ် အာရှဖလားပြိုင်ပွဲမှ အစပြုပါဝင်လာချိန်မှစ၍ ဩစတြေးလျအသင်းမှာ ရှုံးပွဲ တစ်ပွဲမျှမရှိခဲ့ပေ။ သြဂုတ် ၁၇ ရက်က နိုင်ပွဲမှာ အဆိုပါပြိုင်ပွဲတွင် အသင်း၏ ၁၈ ပွဲမြောက် ဆက်တိုက်အနိုင်ရရှိမှုလည်း ဖြစ်ခဲ့သည်။
တရုတ်အသင်းကမူ အနိုင်ရရန် နောက်ဆုံးသုံးစက္ကန့်တွင် အခွင့်အရေးရခဲ့သော်လည်း Hu Mingxuan ၏ ပစ်သွင်းမှုမှာ ပစ်မှတ်ကို လွဲချော်သွားခဲ့သည်။
သြစတြေးလျအသင်းအတွက် ဇာဗီယာ ကွတ်ခ်က ရမှတ် ၃၀ ဖြင့် အမှတ်အများဆုံးသွင်းယူခဲ့ကာ ဂျေလင် ဂယ်လိုဝေးက ၂၃ မှတ်ဖြင့် ဒုတိယအမှတ်အများဆုံး သွင်းယူခဲ့ကြောင်း သိရသည်။ (Xinhua)

ဆော်ဒီအာရေဗျနိုင်ငံ ဂျက်ဒါမြို့တွင် ၂၀၂၅ ခုနှစ် သြဂုတ် ၁၆ ရက်က သြစတြေးလျအသင်းနှင့် အီရန်အသင်းတို့၏ ဆီမီးဖိုင်နယ်ပွဲစဉ်၌ အနီးကပ်ပစ်သွင်းနေသည့် သြစတြေးလျအသင်းမှ ဂျက်ခ်ဝှိုက်ထ် (ယာအပေါ်) အား တွေ့မြင်ရစဉ် (ဆင်ဟွာ)
……………
(English Version)
Australia wins 3rd straight FIBA Asia Cup
JEDDAH, Saudi Arabia, Aug. 17 (Xinhua) — Australia won the 2025 FIBA Asia Cup after beating China 90-89 in the final on Sunday.
Australia has never lost a game since joining the Asia Cup in 2017. Sunday’s victory marked the team’s 18th straight win at the continental tournament.
China had the chance to make a kill with three seconds left, but Hu Mingxuan’s shot missed the target.
Xavier Cooks scored a game-high 30 points for Australia. Jaylin Galloway added 23. ■
English Caption 1
Jack McVeigh (R) of Australia vies for a rebound during the semifinal match between Australia and Iran at the FIBA Asia Cup 2025 in Jeddah, Saudi Arabia, Aug. 16, 2025. (Xinhua/Wang Dongzhen)
English Caption 2
Jack White (top R) of Australia goes for a lay up during the semifinal match between Australia and Iran at the FIBA Asia Cup 2025 in Jeddah, Saudi Arabia, Aug. 16, 2025. (Xinhua/Wang Dongzhen)