China
ပေကျင်းဂီတပွဲတော်ကို အောက်တိုဘာတွင် ကျင်းပမည်

ပေကျင်း၊ ဩဂုတ် ၁၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံတွင် ၂၈ ကြိမ်မြောက် ပေကျင်းဂီတပွဲတော်ကို အောက်တိုဘာ ၁၀ ရက်မှ ၂၄ ရက်အထိ ကျင်းပရန် စီစဉ်ထားပြီး တရုတ်၊ ဆွစ်ဇာလန်၊ ဂျပန်၊ ရုရှား၊ ဗြိတိန်နှင့် အခြားနိုင်ငံများမှ အနုပညာရှင်များ ပါဝင်ဖျော်ဖြေမည်ဖြစ်သည်။
အမျိုးသားအနုပညာစင်တာတွင် ကျင်းပရန် စီစဉ်ထားသည့် ၎င်းဂီတပွဲတော်၏ ဖွင့်ပွဲမှာ ကျော်ကြားသော တေးရေးဆရာ ယွီလုံ ဦးဆောင်သည့် China Philharmonic Orchestra တီးဝိုင်းမှ ဖျော်ဖြေမည်ဖြစ်ကြောင်း ဂီတပွဲတော်မတိုင်မီပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲအရ သိရသည်။
ယခုနှစ်ပွဲတော်မှာ အွန်လိုင်းနှင့် အော့ဖ်လိုင်းဂီတဝန်ဆောင်မှုများကို ပေးဆောင်သည့် ပြည်သူ့အကျိုးပြုပရောဂျက်အသစ်တစ်ခုကို မိတ်ဆက်ပေးမည်ဖြစ်သည်။
ဒေသခံများ၊ ဂီတဝါသနာရှင်များနှင့် ကျောင်းသားလူငယ်များအတွက် ဂီတအတွေ့အကြုံများ ကြွယ်ဝလာစေရန်ရည်ရွယ်၍ အဆိုပါပေကျင်းဂီတပွဲတော်တွင် အဆင့်မြင့်ဂီတသင်တန်းများ၊ ဂီတအလုပ်ရုံများနှင့် အခြားလှုပ်ရှားမှုများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
————————-
(English Version)
Beijing Music Festival to kick off in October
BEIJING, Aug. 17 (Xinhua) — The 28th Beijing Music Festival, scheduled to take place from Oct. 10 to 24, will feature artists from China, Switzerland, Japan, Russia, Britain and other countries.
Its opening concert, which is set to be held at the National Centre for the Performing Arts, will be a performance from the China Philharmonic Orchestra, under the baton of acclaimed composer Yu Long, according to a press briefing ahead of the music festival.
This year’s festival will introduce a new public benefit project that offers both online and offline music services.
It will also include masterclasses, music workshops and other activities to provide enriching musical experiences for locals, music enthusiasts and young students. ■
English Caption
Photo taken with a mobile phone shows the National Centre for the Performing Arts in Beijing, capital of China, Jan. 27, 2022. (Xinhua/Meng Tao)