Connect with us

Asia

တောင်ကိုရီးယားက မြောက်ကိုရီးယား၏ “သံတမန်ရေးဆက်ဆံသူ” မဖြစ်လာနိုင်ဟု ကင်ယိုဂျွန် ပြောကြား

တောင်ကိုရီးယားနိုင်ငံနှင့် မြောက်ကိုရီးယားနိုင်ငံနယ်စပ် ပန်မွန်ဂျုံ စစ်ပြေငြိမ်းရေးရွာတွင် တောင်ကိုရီးယား စစ်သားတစ်ဦး စောင့်ကြပ်လျက်ရှိပြီး တစ်ဖက်တွင်လည်း ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ (မြောက်ကိုရီးယား) ပြည်သူ့တပ်မတော်မှ စစ်သားတစ်ဦး (ဝဲဘက်) မှန်ပြောင်းဖြင့် ကြည့်နေပုံကို ၂၀၀၇ ခုနှစ် အောက်တိုဘာ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပြုံယမ်း၊ ဩဂုတ် ၂၀ ရက် (ဆင်ဟွာ)
မြောက်ကိုရီးယားနိုင်ငံ အလုပ်သမားပါတီ ဗဟိုကော်မတီ ဌာန ဒုတိယညွှန်ကြားရေးမှူး ကင်ယိုဂျွန်သည် ဩဂုတ် ၁၉ ရက်တွင် မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိများနှင့် ကျင်းပသည့် ညှိနှိုင်းအစည်းအဝေး၌ တောင်ကိုရီးယားနိုင်ငံအစိုးရ၏ “လိမ်ညာမှုအသွင် ပျော့ပျောင်းသော တိုက်ခိုက်မှု” ၏ ပင်ကိုစရိုက်အား ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီး “တောင်ကိုရီးယားက ကျွန်မတို့နိုင်ငံရဲ့ သံတမန်ရေးဆက်ဆံသူ မဖြစ်လာနိုင်ဘူး” ဟု ထပ်မံအလေးထား ပြောကြားခဲ့သည်ဟု မြောက်ကိုရီးယားဗဟိုသတင်းဌာန (KCNA) ၏ ဩဂုတ် ၂၀ ရက် သတင်းထုတ်ပြန်မှုအရ သိရသည်။
တောင်ကိုရီးယားသည် လတ်တလောကာလအတွင်း မြောက်ကိုရီးယား၏စနစ်အား လေးစားမည်ဖြစ်ပြီး မည်သည့်အသွင်ပုံစံနှင့်မျှ “ရယူပေါင်းစည်းခြင်း” ကို ဖော်ဆောင်မည်မဟုတ်ကြောင်း၊ ရန်လိုသည့်လှုပ်ရှားမှုမှန်သမျှ လုပ်ဆောင်ရန် ဆန္ဒမရှိကြောင်း အကြိမ်များစွာ သဘောထားထုတ်ပြန်ခဲ့ကာ “တောင်ကိုရီးယားရဲ့ မြောက်ကိုရီးယားအပေါ် ထားရှိတဲ့မူဝါဒက ‘ရုတ်တရက် တစ်ဆစ်ချိုးကွေ့’ သွားတဲ့ပုံစံ ဟန်ဆောင်နေတယ်” ဟု သတင်းတွင် ဖော်ပြထားသည်။
ထို့အပေါ် ကင်ယိုဂျွန်က တောင်ကိုရီးယား၏ မြောက်ကိုရီးယားအပေါ် အတိုက်အခံပြုလုပ်လိုသည့်ဆန္ဒသည် အနည်းငယ်မျှ မပြောင်းလဲကြောင်း၊ တောင်ကိုရီးယားဘက်က “ငြိမ်းချမ်းဖော်ဆောင်ဖို့ ဟန်ဆောင်ပြီး ဆက်ဆံရေး တိုးတက်အောင် လုပ်ဆောင်ဖို့အတွက် စကားကြီး စကားကျယ်တွေ အဆက်မပြတ် ပြောဆိုလာတယ်။ ဒါတွေထဲမှာ နောက်ဆုံး မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားဆက်ဆံရေး မတိုးတက်လာတဲ့ တာဝန်ကို မြောက်ကိုရီးယားဘက် ပုံချချင်တဲ့ ယုတ်ညံ့တဲ့စိတ်ဓာတ်တွေ ပါဝင်နေပါတယ်” ဟု ပြောကြားခဲ့သည်။
တောင်ကိုရီးယားက ယခုအကြိမ်တွင် မြောက်ကိုရီးယား လုံခြုံမှုအား တိုက်ရိုက်ခြိမ်းခြောက်မှုဖြစ်စေသည့် “အမေရိကန်-တောင်ကိုရီးယား ကျူးကျော်စစ် လေ့ကျင့်မှု” လုပ်ဆောင်လျက်ရှိနေသော်လည်း ၎င်းကို “ကာကွယ်ရေးပုံစံ လေ့ကျင့်မှု” ဟုခေါ်ဆိုထားသည်ဟု ကင်ယိုဂျွန်ကဆိုသည်။
တောင်ကိုရီးယားဘက်က ပြန်လည်သင့်မြတ်ရေးလက် ကမ်းလင့်ပုံ ဟန်ဆောင်ပြီး ယခုအကြိမ် ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင်မူ အစောပိုင်းကာလအတွင်း မြောက်ကိုရီးယား၏ နျူကလီးယား ပဲ့ထိန်းဒုံးကျည်အင်အားကို “ဖယ်ရှား” ၍ မြောက်ကိုရီးယားပြည်တွင်းသို့ တိုက်ခိုက်မှုတိုးချဲ့ရန် ရည်ရွယ်သည့် ပူးတွဲစစ်ဆင်ရေးအစီအစဉ်အသစ်အား စစ်ဆေးလုပ်ဆောင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

————————–
(Chinese Version)
金与正:韩国不可能成为朝鲜的“外交对象”
新华社平壤8月20日电(记者王超 冯亚松)据朝中社20日报道,朝鲜劳动党中央委员会副部长金与正19日在同朝鲜外务省官员召开的协商会上严厉批评韩国政府“欺骗性柔和攻势”的本质,并重申“韩国不可能成为我们国家的外交对象”。
报道说,韩方近来多次表态称要尊重朝方体制,不会寻求任何形式的“吸收统一”,也无意进行一切敌对活动,“装出韩国的对朝政策似乎在‘急转弯’的样子”。
对此,金与正表示,韩国针对朝鲜的对抗野心丝毫没有改变。韩方“装模作样求和平、不断就改善关系高谈阔论,这里面有最终要把朝韩关系不好转的责任推卸给朝鲜的险恶用心”。
金与正表示,韩方此刻正展开直接威胁朝鲜安全的“美韩侵略战争演习”,却将之称为“防御性训练”。她说,韩方装作伸出和解之手的样子,却在这次联合军演中检验旨在先期“消除”朝鲜核导弹能力并向朝鲜境内扩大攻击的新联合作战计划。(完)
English Caption – File photo taken on Oct. 4, 2007 shows a soldier (L) of the People’s Army of the Democratic People’s Republic of Korea (DPRK) looks on as a South Korean soldier stands guard in the truce village of Panmunjom, border between South Korea and the DPRK. (Xinhua/Gong Bing)