Connect with us

China

ရုရှားနိုင်ငံ ဒူးမားလွှတ်တော် ဥက္ကဋ္ဌ တရုတ်နိုင်ငံသို့ လာရောက်မည်

တရုတ်နိုင်ငံ၊ ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်၌ ပြုလုပ်ခဲ့သည့်ဆွေးနွေးပွဲအတွင်း တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီဥက္ကဋ္ဌ ကျောက်လဲ့ကျိနှင့် ရုရှားနိုင်ငံ အောက်လွှတ်တော် ဥက္ကဋ္ဌ ယက်ချီဆလက်ဗ်ဗိုလိုဒင်တို့အား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၁ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၂၅ ရက် (ဆင်ဟွာ)
တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ ကျောက်လဲ့ကျိ၏ ဖိတ်ကြားမှုအရ ရုရှားနိုင်ငံ ဒူးမားလွှတ်တော် (အောက်လွှတ်တော်) ဥက္ကဋ္ဌ ယက်ချီဆလက်ဗ်ဗိုလိုဒင်သည် ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်၍ တရုတ်နိုင်ငံသို့ ဩဂုတ် ၂၅ ရက်မှ ၂၆ ရက်အထိ ၂ ရက်ကြာ အလည်အပတ်ခရီး လာရောက်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါခရီးစဉ်အတွင်း ရုရှားနိုင်ငံ ဒူးမားလွှတ်တော်ဥက္ကဋ္ဌ ဗိုလိုဒင်မှာ တရုတ်-ရုရှား နှစ်နိုင်ငံ လွှတ်တော်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ၏ ၁၀ ကြိမ်မြောက်အစည်းအဝေး တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
………………
(English Version)
Russian State Duma chairman to visit China
BEIJING, Aug. 24
(Xinhua) — At the invitation of Zhao Leji, chairman of China’s National People’s Congress (NPC) Standing Committee, Vyacheslav Volodin, chairman of the Russian parliament’s lower house, the State Duma, will lead a delegation to visit China from Aug. 25 to 26.
During the visit, Volodin will attend the 10th meeting of the China-Russia committee for parliamentary cooperation.
Photo:
Zhao Leji, chairman of the National People’s Congress Standing Committee, holds talks with Chairman of the Russian State Duma Vyacheslav Volodin at the Great Hall of the People in Beijing, capital of China, Nov. 21, 2023. (Xinhua/Pang Xinglei)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.