Connect with us

China

အမေရိကန် သမ္မတ ထရမ့် တရုတ်နိုင်ငံခရီးစဉ်အခြေအနေနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က သတင်းထောက်မေးမြန်းမှုအား ဖြေကြား

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က အမေရိကန် သမ္မတ ထရမ့် တရုတ်နိုင်ငံသို့ ခရီးစဉ်လာရောက်မှုအား ကြိုဆိုရန်အတွက် ၂၀၂၆ ခုနှစ် မေ ၁၄ ရက် ညပိုင်းက တရုတ်နိုင်ငံ ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်၌ ကြိုဆိုဧည့်ခံပွဲ ကျင်းပနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၁၅ ရက် (ဆင်ဟွာ)

အမေရိကန် သမ္မတ ထရမ့် တရုတ်နိုင်ငံခရီးစဉ်အခြေအနေနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က သတင်းထောက်မေးမြန်းမှုကို မေ ၁၅ ရက်တွင် ဖြေကြားခဲ့သည်။
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံသို့ ခရီးစဉ်လာရောက်လျက်ရှိသည့် အမေရိကန်နိုင်ငံ သမ္မတ ထရမ့်အတွက် မေ ၁၄ ရက်တွင် နိုင်ငံတော် အခမ်းအနားအစီအစဉ်များစွာ ကျင်းပပေးခဲ့ရာ တရုတ်နိုင်ငံ ပြည်တွင်းပြည်ပ၏ အထူးအာရုံစိုက်ခြင်းခံရကြောင်း၊ တရုတ်ဘက်အနေဖြင့် သက်ဆိုင်ရာအခြေအနေအား တစ်ဆင့်တိုး မိတ်ဆက်ပြောကြားပေးနိုင်မည်လောဟု သတင်းထောက်က မေးမြန်းခဲ့သည်။

ပြောခွင့်ရပုဂ္ဂိုလ်က သမ္မတ ရှီကျင့်ဖိန်၏ ဖိတ်ကြားချက်အရ အမေရိကန် သမ္မတ ထရမ့်သည် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် လာရောက်လျက်ရှိကြောင်း၊ ယင်းသည် တရုတ်-အမေရိကန်နှစ်နိုင်ငံခေါင်းဆောင်များက ယမန်နှစ် အောက်တိုဘာလတွင် တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့ တွေ့ဆုံဆွေးနွေးပွဲအပြီး နောက်ထပ်မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးမှု ဖြစ်သလို အမေရိကန်နိုင်ငံ သမ္မတက ၉ နှစ်အကြာတွင် တရုတ်နိုင်ငံသို့ ခရီးစဉ်ထပ်မံလာရောက်ခြင်းလည်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

သမ္မတ ရှီကျင့်ဖိန်သည် မေ ၁၄ ရက်တွင် သမ္မတ ထရမ့်အတွက် ကြိုဆိုပွဲအခမ်းအနားနှင့် ကြိုဆိုဧည့်ခံပွဲကျင်းပပေးပြီး သမ္မတ ထရမ့်နှင့် တွေ့ဆုံဆွေးနွေးခဲ့သလို ထျန်းထန်ဥယျာဉ်ကိုလည်း အတူတကွ လေ့လာကြည့်ရှုခဲ့ကြောင်း၊ နှစ်နိုင်ငံ အကြီးအကဲများက နှစ်နိုင်ငံနှင့် ကမ္ဘာကြီးနှင့်သက်ဆိုင်သော အရေးကြီးကိစ္စရပ်များနှင့်စပ်လျဉ်း၍ နက်ရှိုင်းစွာ သဘောထားအမြင်ချင်း ဖလှယ်ခဲ့ကာ သဘောတူညီချက် အသစ်များစွာရရှိခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
နှစ်နိုင်ငံ အကြီးအကဲများက “အပြုသဘောဆောင်သော မဟာဗျူဟာမြောက် တည်ငြိမ်မှုရှိသည့် တရုတ်-အမေရိကန် ဆက်ဆံရေး” တည်ဆောက်မှုအား တရုတ်-အမေရိကန် ဆက်ဆံရေး၏ အနေအထား သတ်မှတ်ချက်အသစ်အဖြစ် ထားရှိရန် သဘောတူညီခဲ့ကြပြီး အနာဂတ် ၃ နှစ်မှသည် ပိုမိုအချိန်ကာလကြာရှည်သော တရုတ်-အမေရိကန် ဆက်ဆံရေးအတွက် မဟာဗျူဟာလမ်းညွန်ချက် ပံ့ပိုးပေးမည်ဖြစ်ရာ နှစ်နိုင်ငံ ဆက်ဆံရေး တည်ငြိမ်ကောင်းမွန်စွာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးသွားမည်ဖြစ်သလို ကမ္ဘာကြီးအတွက် ပိုမိုများပြားသော ငြိမ်းချမ်းမှု၊ စည်ပင်ဝပြောမှု၊ တိုးတက်မှုများ သယ်ဆောင်လာမည်ဖြစ်ကြောင်း ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

နှစ်နိုင်ငံအကြီးအကဲများက အပြန်အလှန်ဂရုပြုသောကိစ္စရပ်များအား လျော်ကန်စွာကိုင်တွယ်စီမံမှုအတွက် အရေးကြီးသဘောတူညီချက်များ ရရှိခဲ့သလို နိုင်ငံတကာဒေသတွင်း အရေးကိစ္စများနှင့်စပ်လျဉ်း၍ ချိတ်ဆက်မှုနှင့် ညှိနှိုင်းမှုအား မြှင့်တင်ဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြောင်း ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။
နှစ်နိုင်ငံအကြီးအကဲများ အပြန်အလှန် ဆက်ဆံမှုသည် အပြန်အလှန်နားလည်သိရှိမှု မြှင့်တင်ပေးခြင်း၊ အပြန်အလှန်ယုံကြည်မှုကို နက်ရှိုင်းလာစေခြင်း၊ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများ တွန်းအားပေးခြင်း၊ နှစ်နိုင်ငံပြည်သူများ အကျိုးစီးပွားများ တိုးမြှင့်ပေးခြင်းတို့ဖြင့် ကမ္ဘာကြီး အရေးတကြီးလိုအပ်နေသည့် တည်ငြိမ်မှုနှင့် သေချာရေရာမှုများ ဖြည့်တင်းပေးလိုက်ကြောင်း ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။ (Xinhua)

—————–
(Chinese Version)
外交部发言人就美国总统特朗普访华情况答记者问
新华社北京5月15日电 外交部发言人15日就美国总统特朗普访华情况答记者问。
有记者问:5月14日,习近平主席为正在访华的美国总统特朗普举行系列国事活动,国内外高度关注。中方能否进一步介绍相关情况?
发言人表示,应习近平主席邀请,美国总统特朗普正在对中国进行国事访问。这是中美两国元首继去年10月釜山之后再次面对面会晤,也是美国总统时隔9年再次访华。5月14日,习近平主席为特朗普总统举行欢迎仪式和欢迎宴会,同特朗普总统举行会谈,并共同参观天坛。两国元首就事关两国和世界的重大问题深入交换意见,达成一系列新共识。
发言人说,两国元首赞同将构建“中美建设性战略稳定关系”作为中美关系新定位,为未来3年乃至更长时间的中美关系提供战略指引,推动两国关系稳定、健康、可持续发展,为世界带来更多和平、繁荣、进步。
发言人表示,两国元首还就妥善处理彼此关切达成重要共识,同意就国际地区问题加强沟通和协调。
发言人说,两国元首互动促进了相互理解,加深了彼此信任,推进了务实合作,增进了两国人民的福祉,为世界注入了亟需的稳定性和确定性。(完)
图说:5月14日晚,国家主席习近平在北京人民大会堂举行宴会,欢迎美国总统特朗普访华。 新华社记者 李响 摄


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117