Connect with us

International Organizations

ခရစ္စတယ်ပဲလေ့စ်မှ အက်ဇီကို အာဆင်နယ် စာချုပ်ဖြင့် ခေါ်ယူ

ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့၌ လီဗာပူးလ်နှင့် ခရစ္စတယ်ပဲလေ့စ်တို့ ကစားခဲ့သည့် အက်ဖ်အေ ကွန်မြူနတီဒိုင်း ဗိုလ်လုပွဲအပြီး ချန်ပီယံဆုဖလားနှင့် အောင်ပွဲခံနေသော အက်ဘာရီချီ အက်ဇီအား ၂၀၂၅ ခုနှစ်၊ သြဂုတ် ၁၀ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

လန်ဒန်၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ)
ခရစ္စတယ်ပဲလေ့စ်မှ အင်္ဂလန်လက်ရွေးစင် ကွင်းလယ်ကစားသမား အက်ဘာရီချီ အက်ဇီကို အာဆင်နယ်က အပြီးသတ်စာချုပ်ဖြင့် ခေါ်ယူလိုက်ကြောင်း သိရသည်။
အသက် ၂၇ နှစ်အရွယ်ရှိ အက်ဇီမှာ အာဆင်နယ်နှင့် ၄ နှစ် စာချုပ်ချုပ်ဆိုခဲ့ပြီး အဆိုပါစာချုပ်တွင် အလို အလျောက် တစ်နှစ်စာချုပ်သက်တမ်းထပ်တိုးနိုင်သည့် သဘောတူညီချက်လည်းပါဝင်ခဲ့ကာ အက်ဇီမှာ အမ်းမရိတ်တွင် ကျောနံပါတ် ၁၀ ကို ဝတ်ဆင်ကစားမည်ဖြစ်ကြောင်း သိရသည်။
စပါးစ်ဥက္ကဋ္ဌ ဒန်နီရယ်လဲဗီးနှင့် ပဲလေ့စ်ဥက္ကဋ္ဌ စတိဗ်ပါရစ်ရှ်တို့အကြား ဆွေးနွေးမှုများကြောင့် တော့တင်ဟမ်ဟော့စပါးသို့ အက်ဇီ ပြောင်းရွှေ့လိမ့်မည်ဟု သတင်းများကျယ်ပြန့်စွာ ထွက်ပေါ်ခဲ့သေး သော်လည်း ကိုင်ဟာဗက်ဇ် ဒူးဒဏ်ရာရသွားပြီးနောက် အာဆင်နယ်က အက်ဇီအား ခေါ်ယူနိုင်ရေးကို အရှိန်မြှင့်လုပ်ဆောင်ခဲ့ကာ အပြောင်းအရွှေ့ဖြစ်မြောက်ခဲ့ခြင်းဖြစ်သည်။
အက်ဇီကို ဖရက်ဒရစ်စတက်နှင့် ကစားရမည့် ယူရိုပါကွန်းဖရန့်လိဂ်ပွဲတွင် ပဲလေ့စ်အတွက် နောက်ဆုံးပွဲ ကစားလိမ့်မည်ဟု မျှော်လင့်ခဲ့ကြသော်လည်း ပွဲကစားရန်အသင့်မဖြစ်ကြောင်း အက်ဇီ၏ပြောကြား မှုအရ ပဲလေ့စ်လူစာရင်းမှ ဖယ်ထုတ်လိုက်ပြီဖြစ်ကြောင်း နည်းပြချုပ် အိုလီဗာဂလက်စနာက အတည်ပြု ပြောကြားခဲ့သည်။
အာဆင်နယ်အားကစားဒါရိုက်တာသစ် အန်ဒရီယာဘာတာမှာ နွေရာသီကစားသမား အပြောင်းအရွှေ့ စျေးကွက်အတွင်း ကီပါ အာရီဇာဘာလာဂါ၊ ခရစ္စတီယန် မော်ကျူရာ၊ မာတင်ဇူဘီမန်ဒီ၊ ခရစ္စတီယန် နော်ဂတ်၊ နိုနီမာဒူကီ၊ ဗစ်တာယိုးကရက်စ်တို့ကို ခေါ်ယူပြီးနောက် အက်ဇီကို ထပ်မံခေါ်ယူနိုင်ခဲ့ခြင်းဖြစ် သည်။
အက်ဇီမှာ ၂၀၂၀ ပြည့်နှစ်အတွင်း ကျူပီအာမှ ပဲလေ့စ်သို့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး စုစုပေါင်း ၁၆၉ ပွဲ ကစားခဲ့ကာ သွင်းဂိုး ၄၀ ရယူနိုင်ခဲ့သလို အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ၁၂ ပွဲကစားပြီး ၁ ဂိုးသွင်းပေးနိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)
………………………….
(English Version)
Arsenal signs Eze from Crystal Palace
LONDON, Aug. 23 (Xinhua) — Arsenal has completed the signing of England midfielder Eberechi Eze from Crystal Palace.
The 27-year-old has agreed a four-year contract with an option for an additional year and will take the No. 10 shirt at the Emirates.
Eze had been strongly linked with a move to Tottenham Hotspur, with advanced talks held between Spurs chairman Daniel Levy and Palace counterpart Steve Parish.
However, following Kai Havertz’s knee injury, Arsenal accelerated its pursuit and secured the deal. His final Palace appearance was expected to come in the Europa Conference League play-off against Fredrikstad, but head coach Oliver Glasner confirmed he was left out after saying he did not feel ready to play.
The move continues a busy summer for new Arsenal sporting director Andrea Berta, who has overseen the arrivals of Kepa Arrizabalaga, Cristhian Mosquera, Martin Zubimendi, Christian Norgaard, Noni Madueke, and Viktor Gyokeres.
Eze joined Palace from QPR in 2020, scoring 40 goals in 169 appearances. He has also been capped 12 times for England, finding the net once.
Photo:
Crystal Palace’s Eberechi Eze celebrates with the trophy after the FA Community Shield final match between Crystal Palace and Liverpool in London, Britain, on Aug. 10, 2025. (Xinhua)