Connect with us

Europe

ယူကရိန်း-အမေရိကန် ကိုယ်စားလှယ်အဖွဲ့က ဩဂုတ် ၂၉ ရက်တွင် နယူးယောက်မြို့၌ တွေ့ဆုံဆွေးနွေးမည်ဟု ဇယ်လန်းစကီး ဆို

အမေရိကန် သမ္မတ ထရမ့် (အလယ်) က အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ အိမ်ဖြူတော်တွင် ယူကရိန်းသမ္မတ ဇယ်လန်းစကီးအား ကြိုဆိုနေသည်ကို ၂၀၂၅ ခုနှစ် ဩဂုတ် ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိဗ်၊ ဩဂုတ် ၂၈ ရက် (ဆင်ဟွာ)
ယူကရိန်းနိုင်ငံ သမ္မတ ဇယ်လန်းစကီးက ဩဂုတ် ၂၇ ရက် ညပိုင်းတွင် ဗီဒီယိုမိန့်ခွန်း ပြောကြားရာ၌ ယူကရိန်းနှင့် အမေရိကန် ကိုယ်စားလှယ်အဖွဲ့သည် ဩဂုတ် ၂၉ ရက်တွင် အမေရိကန် နယူးယောက်မြို့၌ တွေ့ဆုံဆွေးနွေးသွားမည်ဟု ပြောကြားခဲ့သည်။ အမေရိကန်နှင့် ရရှိထားသော သဘောတူညီချက်အားလုံး ဘက်စုံအကောင်အထည်ဖော်ဆောင်မှုကို တာဝန်ယူရန် ထိုနေ့တွင် ၎င်းက ဒုတိယဝန်ကြီးချုပ်ဟောင်း Olga Stefanishyna အား အမေရိကန်နိုင်ငံဆိုင်ရာ ယူကရိန်း သံအမတ်ကြီး အသစ်အဖြစ် ခန့်အပ်ခဲ့သည်။
ယူကရိန်းကိုယ်စားလှယ်အဖွဲ့ကို သမ္မတရုံး ဌာနမှူး Andriy Yermak ၊ အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီ အတွင်းရေးမှူး Rustem Umerov တို့မှ ဦးဆောင်၍ ဩဂုတ် ၂၈ ရက်တွင် ဆွစ်ဇာလန်သို့ သွားရောက်ပြီး ဩဂုတ် ၂၉ ရက်တွင်မူ အမေရိကန်သို့ သွားရောက်ကာ ယူကရိန်းအပေါ် လုံခြုံရေးအာမခံပေးမည့် စစ်ရေး၊ နိုင်ငံရေးနှင့် စီးပွားရေးကဏ္ဍ အကြောင်းအရာများနှင့် စပ်လျဉ်း၍ အမေရိကန်နှင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဇယ်လန်းစကီးက ပြောကြားခဲ့သည်။ လုံခြုံရေး အာမခံချက်နှင့် စပ်လျဉ်းသည့် ဆွေးနွေးမှုများအား အရှိန်မြှင့် တွန်းအားပေးဖော်ဆောင်ရန် လိုအပ်သည်ဟု ၎င်းက ယူဆသည်။
အမေရိကန်နိုင်ငံ အရှေ့အလယ်ပိုင်းရေးရာ အထူးသံတမန် စတိဗ် ဝစ်ကော့ဖ်က ထိုမတိုင်မီတစ်ရက်တွင် ရုရှား-ယူကရိန်း ပဋိပက္ခ အဆုံးသတ်ရန် သံတမန်ရေး ကြိုးပမ်းမှုများကို တွန်းအားပေးရန်အတွက် ၎င်းအနေဖြင့် ယခုသီတင်းပတ်အတွင်း နယူးယောက်မြို့၌ ယူကရိန်းဘက် ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဇယ်လန်းစကီးက ဗီဒီယိုမိန့်ခွန်းတွင် ၎င်းအနေဖြင့် အမေရိကန်နိုင်ငံဆိုင်ရာ ယူကရိန်း သံအမတ်ကြီး အသစ် Olga Stefanishyna အား အမေရိကန်နိုင်ငံဆိုင်ရာ ယူကရိန်းသံရုံး လုပ်ငန်းအတွက် ရှင်သန်စွမ်းအားအသစ်များ အားဖြည့်ပေးမည့် အဓိတာဝန်များကို အတည်ပြုပေးထားကြောင်း၊ “အဓိကကတော့ အမေရိကန်၊ အမေရိကန် သမ္မတ ထရမ့်နဲ့ ရရှိထားတဲ့ သဘောတူညီချက်အားလုံး၊ အထူးသဖြင့် ကာကွယ်ရေးကဏ္ဍနဲ့ ပတ်သက်တဲ့ သဘောတူညီချက်တွေကို ဘက်စုံအကောင်အထည်ဖော်ဖို့ပဲ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
“ယူကရိန်းရဲ့ ရေရှည်လုံခြုံမှုက အမေရိကန်နဲ့ ဆက်ဆံရေးနဲ့ ပတ်သက်နေပါတယ်” ဟု ဇယ်လန်းစကီးက အလေးထား ပြောကြားခဲ့သည်။ ၎င်းအနေဖြင့် လက်နက်ပံ့ပိုးရေးနဲ့ ဒရုန်း ပူးတွဲထုတ်လုပ်ရေး ကဏ္ဍများတွင် အမေရိကန်နှင့် ဆောလျင်စွာ သဘောတူညီချက်ရရှိရန် မျှော်လင့်လျက်ရှိသည်။
Andriy Yermak က ထိုနေ့တွင် လူမှုမီဒီယာ၌ ပို့စ်တင်၍ ၎င်းနှင့် Rustem Umerov တို့သည် ဩဂုတ် ၂၆ ရက်နှင့် ၂၇ ရက်တွင် ကာတာနှင့် ဆော်ဒီအာရေဗျသို့ ရှေ့ဆင့်နောက်ဆင့် ခရီးစဉ် သွားရောက်ခဲ့ကြောင်း၊ ကာတာအနေဖြင့် ရုရှားက ယူကရိန်းကလေးငယ်များ ပြန်လည်ပို့ဆောင်ရေးအား တွန်းအားပေးသည့် ကဏ္ဍတွင် လက်တွေ့ကူညီပေးခဲ့မှုများအပေါ် ကျေးဇူးတင်ရှိကြောင်း၊ ဆော်ဒီအာရေဗျနှင့်အတူ ယူကရိန်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ဆော်ဒီအာရေဗျ ပါဝင်မှုအတွက် ကိစ္စရပ်များအား ဆွေးနွေးခဲ့သည်ဟု ပြောကြားခဲ့သည်။ (Xinhua)

———————–
(Chinese Version)
泽连斯基说乌美代表团29日将在纽约会晤
新华社基辅8月27日电(记者李东旭)乌克兰总统泽连斯基27日晚在视频讲话中说,乌克兰和美国代表团29日将在美国纽约举行会晤。当天,他任命前副总理奥莉加·斯特凡尼希娜为新任驻美国大使,负责全面落实与美方达成的一切协议。
泽连斯基说,乌方代表团由总统办公室主任叶尔马克、国家安全与国防委员会秘书乌梅罗夫领衔,28日将访问瑞士,29日访问美国,并就对乌安全保障的军事、政治和经济方面内容与美方进行讨论。他认为,有必要加快推进关于安全保障的谈判进程。
美国中东问题特使威特科夫前一天说,他将于本周在纽约与乌方代表举行会晤,以推动结束俄乌冲突的外交努力。
泽连斯基在视频讲话中说,他向新任驻美大使斯特凡尼希娜明确了为乌驻美大使馆工作注入新活力的关键任务,“重点是全面落实与美方、与美国总统特朗普达成的一切协议,尤其是防务领域的相关协议”。
泽连斯基强调,“乌克兰的长期安全有赖于与美国的关系”。他希望在武器供应和无人机联合生产方面与美国迅速达成协议。
叶尔马克当天在社交媒体发文说,他和乌梅罗夫26日至27日先后访问卡塔尔和沙特阿拉伯,对卡塔尔在推动俄罗斯送返乌克兰儿童方面提供的切实帮助表达感谢,同沙特方面讨论了沙特参与乌克兰和平进程事宜。(完)
图说:8月18日,美国总统特朗普(中)在华盛顿白宫迎接乌克兰总统泽连斯基。新华社记者 胡友松 摄

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.