Connect with us

Politics, Law & Military

တရုတ် တပ်ဖွဲ့ဝင်များ မိုင်းရှင်းလင်းရေး လုပ်ငန်းစဉ်အား တရုတ်-ဗီယက်နမ် နယ်စပ် တစ်လျှောက် စတင် လုပ်ဆောင်

တရုတ်-ဗီယက်နမ် မုန်းချန် နယ်စပ်ဂိတ်အား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ကူမင်း၊ နိုဝင်ဘာလ ၄ ရက် (ဆင်ဟွာ)

တရုတ် တပ်မတော် တပ်ဖွဲ့ဝင်များသည် ၎င်းတို့၏ တတိယမြောက် မြေမြုပ်မိုင်း ရှင်းလင်းရေး လုပ်ငန်းစဉ်ကို တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန် ပြည်နယ် အတွင်း စီရင်စု ခြောက်ခုရှိ မြို့နယ် ၃၀ ကျော် နှင့် ဆက်စပ်နေသည့် တရုတ်-ဗီယက်နမ် နယ်စပ် တစ်လျှောက်တွင် နိုဝင်ဘာလ ၃ ရက်နေ့က စတင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (PLA) ချန်ဒူး စစ်ရေး ဧရိယာ ဋ္ဌာနချုပ်မှ ကျွမ်းကျင်အရာရှိ နှင့် စစ်သားပေါင်း ၄၀၀ ကျော် ပူးပေါင်း ပါဝင်ပြီး ၅၀ ကီလိုမီတာရှိ နယ်မြေ အတွင်း မိုင်းများအား ရှင်းလင်းခြင်းနှင့် မိုင်းနယ်မြေ ၂၀ စတုရန်း ကီလိုမီတာကျော်အား အမြဲတမ်း ချိပ်ပိတ် သတ်မှတ်ခြင်းတို့ကို ပြုလုပ်ခဲ့ ကြကြောင်း သိရှိရသည်။

မြေပြင် အနေအထား အမျိုးမျိုးအရ မိုင်းရှင်းလင်းရေး တပ်ဖွဲ့သည် သမားရိုးကျ မိုင်းရှင်းလင်းခြင်း၊ မိုင်းများအား ဖောက်ခွဲခြင်း၊ မိုင်းများအား ချိန်ကိုက် ဖျက်ဆီးခြင်းတို့ကို စက်ကိရိယာများနှင့် စက်ရုပ်များသုံး၍ ရှင်းလင်းခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။

မိုင်းရှင်းလင်းရေး လုပ်ငန်းစဉ်သည် ၂၀၁၇ ခုနှစ် အကုန်ပိုင်းတွင် ပြီးဆုံးမည်ဟု ခန့်မှန်းကြသည်။

ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (PLA) ယူနန်ပြည်နယ် စစ်ရေး ဧရိယာ ဋ္ဌာနချုပ်မှ တပ်မှူး ရမ်ကွမ်းယွဲ့ မှ ယင်းလုပ်ငန်းစဉ်သည် ယခင် ရှင်းလင်းရေး လုပ်ငန်းစဉ်များမှ ကျန်ရစ်ခဲ့သည့် ကြမ်းတမ်းသည့် ဒေသအတွင်း တည်ရှိသည့် မိုင်းနယ်မြေများကြောင့် ပိုမို ရှပ်ထွေးပြီး အန္တရာယ်များကြောင်း ပြောကြားခဲ့သည်။

ပထမဆုံး နယ်စပ် တစ်လျှောက် မြေမြှုပ်မိုင်း ရှင်းလင်းရေး ဆောင်ရွက်မှု နှစ်ခုကို ၁၉၉၂ မှ ၁၉၉၄ ထိနှင့် ၁၉၉၇ မှ ၁၉၉၉ အထိ အသီးသီး လုပ်ဆောင်ခဲ့သည်။ ၂၀၀၁ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိလည်း တရုတ် စစ်သားများသည် နယ်မြေ သတ်မှတ်ခြင်း စီမံကိန်း အတွက် မိုင်းရှင်းလင်းရေး ပြုလုပ်ခဲ့ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117