China
တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် ဘရာဇီးနိုင်ငံသမ္မတ၏ထိပ်တန်းအကြံပေးပုဂ္ဂိုလ် တွေ့ဆုံ

ပေကျင်း၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲနှင့်ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ် အခမ်းအနားများ တက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိလာသော ဘရာဇီးနိုင်ငံ သမ္မတ၏ ထိပ်တန်း အကြံပေးပုဂ္ဂိုလ်ဆယ်လ်ဆိုအာမိုရင်မ်နှင့် စက်တင်ဘာ ၄ ရက်က တွေ့ဆုံခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် ဗဟိုနိုင်ငံခြားရေးရာ ကော်မရှင်ရုံး အကြီးအကဲလည်းဖြစ်သူ ဝမ်ရိက တရုတ်နိုင်ငံနှင့် ဘရာဇီးနိုင်ငံတို့သည် နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုကို ပြတ်ပြတ်သားသားမြှင်တင်သင့်ကြောင်းနှင့် နိုင်ငံတကာစည်းမျဥ်းစည်းကမ်းများကို ထိန်းသိမ်းသင့်ကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ဘရာဇီးနိုင်ငံ နှင့် BRICS နိုင်ငံများ၏ကောင်းမွန်သည့်အရှိန်အဟုန်တောင့်တင်းခိုင်မာရန်နှင့် နိုင်ငံများအကြား အရေးကြီးသည့်ကိစ္စရပ်များတွင် ဆက်သွယ်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ရန် ဆန္ဒရှိကြောင်း ဝမ် က ထပ်လောင်းပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် နိုင်ငံအချို့သည် နိုင်ငံတကာစည်းမျဥ်းစည်းကမ်းများကို မသိကျိုးကျွန်ပြုကာ စည်းကြပ်ခွန်များဖြင့်ဗိုလ်ကျအနိုင်ကျင့်နေပြီး နိုင်ငံစုံပါဝင်သောကုန်သွယ်ရေးစနစ် ထိခိုက်ပျက်ပြားနေစဥ်တွင် ကမ္ဘာ့တောင်ဘက်ပိုင်းနိုင်ငံများနှင့် BRICS နိုင်ငံများသည် ပိုမိုအားကောင်းသော စည်းလုံးညီညွတ်မှု နှင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်မှုသည် အရေးတကြီးတိုးမြင့်လာနေကြောင်း အာမိုရင်မ် က ပြောကြားခဲ့သည်။
ယခုအခြေအနေတွင် တရုတ်နိုင်ငံက အဆိုပြုသည့် ကမ္ဘာလုံးဆိုင်ရာစီမံခန့်ခွဲမှုအစီအမံသည် လွန်စွာအရေးကြီး ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ဘရာဇီးနိုင်ငံသည် တရုတ်နိုင်ငံနှင့် နိုင်ငံတကာကိစ္စရပ်များတွင် အားကောင်း စွာ ပူးပေါင်းလုပ်ဆောင်ရန်နှင့် နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒကို ပူးတွဲထိန်းသိမ်းရန်ဆန္ဒရှိကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံပေကျင်းမြို့တွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် ဗဟို နိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲလည်းဖြစ်သူ ဝမ်ရိ နှင့် ဘရာဇီးနိုင်ငံသမ္မတ၏ ထိပ်တန်းအကြံပေး ပုဂ္ဂိုလ် ဆယ်လ်ဆိုအာမိုရင်မ်တို့ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၄ ရက်က တွေ့ဆုံစဥ် (ဆင်ဟွာ)
…………………………..
(English Version)
Top Chinese diplomat meets chief advisor to Brazilian president
BEIJING, Sept. 4 (Xinhua) — China’s top diplomat Wang Yi on Thursday met with Celso Amorim, chief advisor to the president of Brazil, who is in China to attend commemorations marking the 80th anniversary of the victory in the Chinese People’s War of Resistance against Japanese Aggression and the World Anti-Fascist War.
Wang, a member of the Political Bureau of the Communist Party of China Central Committee and director of the Office of the Central Commission for Foreign Affairs, said China and Brazil should unequivocally promote multilateralism and uphold international rules.
China is willing to work with Brazil to consolidate the positive momentum of the BRICS and to enhance communication and coordination among BRICS countries on major issues, Wang added.
At present, while certain countries ignoring international rules, abusing tariffs and undermining the multilateral trading system, the need for stronger solidarity and cooperation among the Global South and BRICS countries has become increasingly important, Amorim said.
In this context, China’s proposal of the Global Governance Initiative is of great significance, he said, adding that Brazil is willing to strengthen coordination with China in international affairs and jointly uphold multilateralism.
Photo : Wang Yi, a member of the Political Bureau of the Communist Party of China Central Committee and director of the Office of the Central Commission for Foreign Affairs, meets with Celso Amorim, chief advisor to the president of Brazil, in Beijing, capital of China, Sept. 4, 2025. (Xinhua/Cai Yang)