International Organizations
မက်ဆီ၏ အိမ်ကွင်းနောက်ဆုံးပွဲစဉ်တွင် အာဂျင်တီးနားက ဗင်နီဇွဲလားကို ဂိုးပြတ်အနိုင်ရခဲ့ပြီး မက်ဆီ နှစ်ဂိုးသွင်းယူ

ဗျူနိုအေးရိစ်၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ)
စက်တင်ဘာ ၄ ရက်က အာဂျင်တီးနားအသင်းနှင့် ဗင်နီဇွဲလားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်၌ အာဂျင်တီးနားက ၃ ဂိုးပြတ် အနိုင်ရရှိခဲ့ပြီး လီယွန်နယ် မက်ဆီမှာလည်း ၎င်း၏နောက်ဆုံး ကမ္ဘာ့ဖလားခြေစစ်ပွဲ အိမ်ကွင်းပွဲစဉ်၌ နှစ်ဂိုးသွင်းယူနိုင်ခဲ့သည်။
ဘလွန်းဒီအောဆု ရှစ်ကြိမ်ဆွတ်ခူးထားသည့် မက်ဆီမှာ ပွဲမစတင်မီ သွေးပူလေ့ကျင့်ခန်း ပြုလုပ်စဉ်အတွင်း စိတ်လှုပ်ရှားစွာဖြင့် မျက်ရည်များဝဲနေခဲ့သည်။ ပွဲကစားချိန် ၃၉ မိနစ်တွင် တန်ပြန်တိုက်စစ်မှတစ်ဆင့် ယူလီယန် အယ်လ်ဗာရက်ဇ် ဖြတ်တင်ဘောပေးပို့ခဲ့ရာ မက်ဆီက ဂိုးသမား ရာဖာအယ် ရိုမိုကိုကျော်၍ အဖွင့်ဂိုးသွင်းယူခဲ့သည်။
ထို့နောက် ဘယ်ခြမ်းမှ နစ်ကို ဂွန်ဇာလက်ဇ် အတွင်းသို့ပြန်ချိုးပေးမှုကို လူစားဝင်ကစားသမား လော်တာရို မာတီနက်ဇ်က ဒိုင်ဗင်ထိုးခေါင်းတိုက်၍ ဒုတိယဂိုးသွင်းယူခဲ့သည်။
ဆက်လက်၍ သီယာဂို အယ်လ်မာဒါနှင့် တွဲလုံးမှတစ်ဆင့် မက်ဆီက ၁၂ ကိုက်အကွာမှ ဂိုးသွင်းယူခဲ့သဖြင့် အာဂျင်တီးနားအသင်း ၃-၀ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သည်။
အသက် ၃၈ နှစ်အရွယ် အသင်းခေါင်းဆောင် မက်ဆီမှာ ပွဲချိန် ၈၉ မိနစ်တွင် ဂိုးသမားရိုမိုကို အသာအယာကျော်၍ ဂိုးသွင်းယူခဲ့သော်လည်း လူကျွံဘော သတ်မှတ်ခံရသဖြင့် ဟက်ထရစ်ဂိုးနှင့် လွဲချော်ခဲ့ရသည်။
ပွဲပြီးခါနီးတွင် ပရိသတ် ၈၀,၀၀၀ ကျော်က မက်ဆီ၏ နာမည်အား သံပြိုင်ဟစ်ကြွေးကာ ဂုဏ်ပြုခဲ့ကြသည်။ ယခုပြိုင်ပွဲမှာ ၎င်းအတွက် နောက်ဆုံးကမ္ဘာ့ဖလားခြေစစ်ပွဲ ဖြစ်လာရန် ကျိန်းသေသလောက်နီးပါး ရှိနေကြောင်း လွန်ခဲ့သော သီတင်းပတ်၌ မက်ဆီက ထုတ်ဖော်ပြောကြားခဲ့သည်။
အိမ်ကွင်း အက်စတာဒီယို မိုနူမန်တယ်လ်၌ အနိုင်ရရှိခဲ့သည့်အတွက် အာဂျင်တီးနားအသင်းမှာ တစ်ပွဲကစားရန် ကျန်ရှိနေချိန်တွင် တောင်အမေရိကဇုန်၌ အုပ်စုထိပ်ဆုံးမှ ၁၀ မှတ်ဖြတ်ကာ ဦးဆောင်ထားနိုင်ခဲ့သည်။
ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ရန် ကြိုးပမ်းနေသည့် ဗင်နီဇွဲလားအသင်းမှာမူ အသင်း ၁၀ သင်းရှိသည့်အနက် အဆင့်-၇ ၌ ဆက်လက်ရပ်တည်နေကာ playoff ကစားခွင့် ရရှိနိုင်ဖွယ်ရှိကြောင်း သိရသည်။
အာဂျင်တီးနားအသင်းမှာ နောက်ဆုံးခြေစစ်ပွဲစဉ်အဖြစ် ဂွါယာကီမြို့တွင် စက်တင်ဘာ ၉ ရက်၌ အီကွေဒေါအသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်ကာ ဗင်နီဇွဲလားအသင်းကမူ ကိုလံဘီယာအသင်းအား မာတူရင်မြို့၌ ဧည့်ခံကစားရမည်ဖြစ်သည်။ (Xinhua)

အာဂျင်တီးနားနိုင်ငံ ဗျူနိုအေးရိစ်မြို့တွင် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၄ ရက်က အာဂျင်တီးနားအသင်းနှင့် ဗင်နီဇွဲလားအသင်းတို့ ယှဉ်ပြိုင်ကစားသည့် ၂၀၂၆ ခုနှစ် ဖီဖာကမ္ဘာ့ဖလား တောင်အမေရိကဇုန် ခြေစစ်ပွဲစဉ်မတိုင်မီ အာဂျင်တီးနားအသင်းမှ လီယွန်နယ် မက်ဆီ (အပေါ်) အား ၎င်း၏သားများနှင့်အတူ တွေ့ရစဉ် (ဆင်ဟွာ)

အာဂျင်တီးနားနိုင်ငံ ဗျူနိုအေးရိစ်မြို့တွင် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၄ ရက်က အာဂျင်တီးနားအသင်းနှင့် ဗင်နီဇွဲလားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၆ ခုနှစ် ဖီဖာကမ္ဘာ့ဖလား တောင်အမေရိကဇုန် ခြေစစ်ပွဲစဉ်၌ အာဂျင်တီးနားအသင်းမှ လီယွန်နယ် မက်ဆီ (ဝဲ) နှင့် ဗင်နီဇွဲလားအသင်းမှ ခရစ်ရှန် ကက်ဆာရက်စ်တို့ ဘောလုံးယှဉ်လုနေစဉ် (ဆင်ဟွာ)
……………………..
(English Version)
Messi nets brace in home farewell as Argentina beats Venezuela
BUENOS AIRES, Sept. 4 (Xinhua) — Lionel Messi scored twice in his last home World Cup qualifier as Argentina secured a 3-0 victory over Venezuela on Thursday.
Eight-time Ballon d’Or winner Messi, who was moved to tears during the warmup, put the host ahead in the 39th minute, lifting a shot over goalkeeper Rafael Romo after Julian Alvarez’s cross on the counterattack.
Substitute Lautaro Martinez doubled the lead with a diving header following Nico Gonzalez’s cut-back from the left byline.
Messi made it 3-0 by combining with Thiago Almada and side-footing home from 12 yards.
The 38-year-old Argentina captain appeared to secure his hat-trick when he chipped the ball over Romo in the 89th minute, only to be flagged for offside.
Messi, who said last week this qualifying campaign would almost certainly be his last, was saluted by more than 80,000 fans chanting his name in the final minutes.
The result at Estadio Monumental leaves Argentina 10 points clear at the top of the South American group with one matchday remaining.
Venezuela, seeking to qualify for its first World Cup, remains seventh in the 10-team standings, a position that would earn it a playoff spot.
In next Tuesday’s final round of qualifiers, Argentina will meet Ecuador in Guayaquil, while Venezuela hosts Colombia in Maturin. ■
English Caption 1
Lionel Messi of Argentina celebrates his goal during the 2026 FIFA World Cup CONMEBOL Qualifier football match between Argentina and Venezuela in Buenos Aires, Argentina, Sept. 4, 2025. (Photo by Martin Zabala/Xinhua)
English Caption 2
Lionel Messi (top) of Argentina is seen with his sons before the 2026 FIFA World Cup CONMEBOL Qualifier football match between Argentina and Venezuela in Buenos Aires, Argentina, Sep. 4, 2025. (Photo by Martin Zabala/Xinhua)
English Caption 3
Lionel Messi (L) of Argentina vies with Cristian Casseres of Venezuela during the 2026 FIFA World Cup CONMEBOL Qualifier football match between Argentina and Venezuela in Buenos Aires, Argentina, Sept. 4, 2025. (Photo by Martin Zabala/Xinhua)