Connect with us

China

ဆင်ဟွာသတင်းဌာနက အဇာဘိုင်ဂျန်မီဒီယာဖွံ့ဖြိုးရေးအေဂျင်စီ၊ အာမေးနီးယားနိုင်ငံသတင်းဌာနတို့နှင့်အတူ နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်

ဆင်ဟွာသတင်းဌာန ဥက္ကဋ္ဌ ဖုဟွာနှင့် အဇာဘိုင်ဂျန်မီဒီယာဖွံ့ဖြိုးရေးအေဂျင်စီ အမှုဆောင်ညွှန်ကြားရေးမှူး Ahmad Ismayilov တို့ စက်တင်ဘာ ၅ ရက်က ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် ဖလှယ်ခြင်းအခမ်းအနားသို့ တက်ရောက်နေစဉ် (ဆင်ဟွာ)

ကူမင်း၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ)
၂၀၂၅ “ကမ္ဘာ့တောင်ဘက်ခြမ်း” မီဒီယာနှင့် Think Tank အဆင့်မြင့်ဖိုရမ်ကာလအတွင်း ဆင်ဟွာသတင်းဌာနက အဇာဘိုင်ဂျန်မီဒီယာဖွံ့ဖြိုးရေးအေဂျင်စီ၊ အာမေးနီးယားနိုင်ငံသတင်းဌာနတို့နှင့်အတူ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် လက်မှတ်ရေးထိုးအခမ်းအနားကို တရုတ်နိုင်ငံ ကူမင်းမြို့၌ မေ ၅ ရက်တွင် သီးခြားစီ ကျင်းပခဲ့သည်။ ယင်းမှာ သတင်းအချက်အလက်ထုတ်ကုန်များ အပြန်အလှန်ဖလှယ်ခြင်း၊ လူပုဂ္ဂိုလ်များ အပြန်အလှန်လည်ပတ်ခြင်းနှင့် မွမ်းမံသင်တန်းပေးခြင်း စသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန်နှင့် ကမ္ဘာ့တောင်ဘက်ခြမ်း မီဒီယာနှင့် Think Tank များအကြား ကူးလူးဖလှယ်၍ အပြန်အလှန်သင်ယူမှုကို တစ်ဆင့်တိုးမြှင့်တင်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။

ဆင်ဟွာသတင်းဌာန ဥက္ကဋ္ဌ ဖုဟွာက အဇာဘိုင်ဂျန်မီဒီယာဖွံ့ဖြိုးရေးအေဂျင်စီ အမှုဆောင်ညွှန်ကြားရေးမှူး Ahmad Ismayilov ၊ အာမေးနီးယားနိုင်ငံသတင်းဌာန အကြီးအကဲ Narine Nazaryan တို့နှင့်အတူ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် ဖလှယ်ခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

ဆင်ဟွာသတင်းဌာနသည် မကြာသေးမီနှစ်များအတွင်း ကဏ္ဍစုံ ကြွယ်ဝသော နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေး ယန္တရားများကို တည်ဆောက်ခဲ့ပြီး ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ ဘုံဖွံ့ဖြိုးတိုးတက်ရေးကို အားဖြည့်ကူညီရာတွင် အပြုသဘောဆောင်သောအခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း၊ ဆင်ဟွာသတင်းဌာန အပါအဝင် ကမ္ဘာ့တောင်ဘက်ခြမ်း မီဒီယာ၊ Think Tank များနှင့်အတူ ပူးပေါင်းဆောင်ရွက်မှု နေ့စဉ်နှင့်အမျှ နက်ရှိုင်းစေရန်၊ ပြည်သူများ စိတ်နှလုံးသားချင်း တစ်နေ့ထက်တစ်နေ့ နီးကပ်စေရန် မြှင့်တင်ဆောင်ရွက်ပြီး နိုင်ငံတကာတွင်ကမ္ဘာ့တောင်ဘက်ခြမ်း၏ ပြောရေးဆိုခွင့်ကို အဆက်မပြတ် မြှင့်တင်ရန်အတွက် ပံ့ပိုးကူညီမှု လုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်း ပြည်ပမီဒီယာအေဂျင်စီတာဝန်ခံများက ပြောကြားခဲ့သည်။
Ahmad Ismayilov က ဆင်ဟွာသတင်းဌာနနှင့်အတူ သတင်းတုများ တိုက်ဖျက်ခြင်း၊ မွမ်းမံသင်တန်းပေးခြင်း စသည့် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်သွားလိုကြောင်း၊ ယင်းမှာ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများအကြား ကူးလူးဖလှယ်၍ အပြန်အလှန်သင်ယူမှုနှင့် အပြန်အလှန် အကျိုးပြုသော ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးလိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

Narine Nazaryan က ဆင်ဟွာသတင်းဌာနနှင့်အတူ ပုံမှန်ဆက်သွယ်ဆွေးနွေးမှုကို ထိန်းသိမ်းထားပြီး သတင်းအချက်အလက် ဖလှယ်ခြင်း စသည့်ကဏ္ဍများတွင် အပြန်အလှန်ထောက်ခံမှုပေးကာ နိုင်ငံတကာအသိုင်းအဝိုင်းထံ နှစ်နိုင်ငံချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အကြောင်းအရာများကို ကောင်းမွန်စွာ အတူတကွပြောပြသွားလိုကြောင်း ဖော်ပြခဲ့သည်။ (Xinhua)

ဆင်ဟွာသတင်းဌာန ဥက္ကဋ္ဌ ဖုဟွာနှင့် အာမေးနီးယားနိုင်ငံသတင်းဌာန အကြီးအကဲ Narine Nazaryan တို့ စက်တင်ဘာ ၅ ရက်က ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် ဖလှယ်ခြင်းအခမ်းအနားသို့ တက်ရောက်နေစဉ် (ဆင်ဟွာ)

………………………
(Chinese Version)
新华社同阿塞拜疆媒体发展署、亚美尼亚通讯社深化合作

新华社昆明9月5日电(记者刘杨、赵瀚泽)2025“全球南方”媒体智库高端论坛期间,新华社同阿塞拜疆媒体发展署、亚美尼亚通讯社5日在昆明分别举行合作协议交换仪式,旨在深化新闻信息产品互换、人员互访与培训等领域合作,进一步推动全球南方媒体智库之间的交流互鉴。

新华社社长傅华分别同阿塞拜疆媒体发展署署长艾哈迈德·伊斯迈洛夫、亚美尼亚通讯社社长纳里内·纳扎里扬出席合作协议交换仪式。

外方媒体机构负责人表示,新华社近年来搭建起多元丰富的多边交流机制,在助力全球南方国家共同发展方面发挥了积极作用。愿同包括新华社在内的全球南方媒体智库一道,推动合作日益深化、民心日益拉近,为不断提升全球南方国际话语权作出贡献。

伊斯迈洛夫说,希望与新华社共同进行打击虚假信息、开展人员培训等合作,相信这将增强全球南方国家之间的交流互鉴与互利合作。

纳扎里扬表示,愿同新华社保持定期沟通,并在新闻信息互换等方面相互支持,共同向国际社会讲好两国友好合作的故事。(完)

图说1:这是9月5日,新华社社长傅华同阿塞拜疆媒体发展署署长艾哈迈德·伊斯迈洛夫出席合作协议交换仪式。 新华社记者 张领 摄
图说2:这是9月5日,新华社社长傅华同亚美尼亚通讯社社长纳里内·纳扎里扬出席合作协议交换仪式。 新华社记者 张领 摄

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.