Connect with us

North America

မြောက်အမေရိက၏ အကြီးဆုံး သန့်စင်စွမ်းအင်ပြပွဲကို လာ့စ်ဗီးဂတ်စ်၌ ဖွင့်လှစ်

အမေရိကန်နိုင်ငံ နီဗားဒါးပြည်နယ် လာ့စ်ဗီးဂတ်စ်မြို့၌ RE+ ပြပွဲသို့ လာရောက်ကြသူများအား ၂၀၂၅ ခုနှစ် စက်တင်ဘာ ၈ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

လာ့စ်ဗီးဂတ်စ်၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)
မြောက်အမေရိက၏ အကြီးဆုံး သန့်ရှင်းသော စွမ်းအင်ပြပွဲဖြစ်သည့် RE+ ပြပွဲကို အမေရိကန်နိုင်ငံ နီဗားဒါးပြည်နယ် လာ့စ်ဗီးဂတ်စ်မြို့တွင် စက်တင်ဘာ ၈ ရက်၌ စတင်ခဲ့ပြီး ရေရှည်တည်တံ့ခိုင်မြဲသော စွမ်းအင်၏ အနာဂတ်ကို ပုံဖော်ရန် သန့်စင်စွမ်းအင်လုပ်ငန်းခေါင်းဆောင်များနှင့် ကျွမ်းကျင်ပညာရှင်များကို စုဝေးစေခဲ့သည်။
အဆိုပါပြပွဲ၌ နေရောင်ခြည်၊ လေ၊ ဟိုက်ဒရိုဂျင်၊ မိုက်ခရိုဂရစ်များ၊ စွမ်းအင်သိုလှောင်မှု၊ လျှပ်စစ်ကားအားသွင်းခြင်းနှင့် အခြေခံအဆောက်အအုံများ အပါအဝင် သန့်ရှင်းသောစွမ်းအင်ကဏ္ဍများစွာတွင် နောက်ဆုံးပေါ် အဆင့်မြင့်ထုတ်ကုန်များ၊ နည်းပညာများနှင့် ဖြေရှင်းချက်များကို ပြသထားသည်။
အဆိုပါလေးရက်ကြာ ကျင်းပမည့်ပြပွဲတွင် ကျယ်ပြန့်သော ကွန်ရက်ချိတ်ဆက်ပွဲများနှင့်အတူ ထွန်းသစ်စနည်းပညာများနှင့် စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများအကြောင်း ပညာပေးအစီအစဉ်များနှင့် နည်းပညာဆိုင်ရာ ဆွေးနွေးပွဲများစွာကို ပြုလုပ်မည်ဖြစ်သည်။
အမေရိကန်ထိပ်တန်း သန့်စင်စွမ်းအင် အဖွဲ့အစည်းနှစ်ခုဖြစ်သည့် Smart Electric Power Alliance နှင့် Solar Energy Industries Association တို့မှ ဦးစီးကျင်းပသော RE+ ပြပွဲသည် စွမ်းအင်လုပ်ငန်းတွင် ဆန်းသစ်တီထွင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးရန် အဓိကပလက်ဖောင်းတစ်ခု ဖြစ်လာလျက်ရှိသည်။
ယမန်နှစ်က ကျင်းပခဲ့သည့် RE+ ပြပွဲတွင် တက်ရောက်သူ ၄၀,၀၀၀ ကျော်ကို ဆွဲဆောင်ခဲ့ပြီး ပါဝင်ပြသသူပေါင်း ၁,၃၀၀ ပါဝင်ခဲ့ကြောင်း သိရသည်။ (Xinhua)

အမေရိကန်နိုင်ငံ နီဗားဒါးပြည်နယ် လာ့စ်ဗီးဂတ်စ်မြို့၌ ၂၀၂၃ ခုနှစ် RE+ ပြပွဲအတွင်း တရုတ်ကုမ္ပဏီ BYD ၏ ပြပွဲဧရိယာတွင် ကြည့်ရှုလေ့လာနေသော အမျိုးသားတစ်ဦးအား ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၄ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

………………….
(English Version)
North America’s largest clean energy expo opens in Las Vegas
LAS VEGAS, Sept. 8 (Xinhua) — The RE+ expo, North America’s largest clean energy gathering, kicked off on Monday in Las Vegas, the U.S. state of Nevada, bringing together industry leaders and experts to chart the future of sustainable power.
The expo showcases cutting-edge products, technologies and solutions across a wide range of clean energy sectors, including solar, wind, hydrogen, microgrids, energy storage, as well as electric vehicle charging and infrastructure.
The four-day expo will feature a series of educational programs and technical sessions on emerging technologies and business opportunities, along with extensive networking events.
Organized by two leading U.S. clean energy organizations — the Smart Electric Power Alliance and the Solar Energy Industries Association — RE+ has become a key platform for driving innovation and collaboration in the industry.
Last year’s edition attracted more than 40,000 attendees and featured 1,300 exhibitors. ■
English Caption 1
People visit the RE+ expo in Las Vegas, the United States, Sept. 8, 2025. (Photo by Zeng Hui/Xinhua)
English Caption 2
A man visits the exhibition area of Chinese company BYD during the RE+ 2023 exhibition in Las Vegas, the United States, on Sept. 14, 2023. (Photo by Zeng Hui/Xinhua)