မြန်မာ-中文
ကုလသမဂ္ဂ အထွေထွေညီလာခံတွင် “နှစ်နိုင်ငံဖြေရှင်းမှုနည်းလမ်း” ဖော်ဆောင်ခြင်းဆိုင်ရာ နယူးယောက်ကြေညာချက်အား ထောက်ခံအားပေးသည့် ဆုံးဖြတ်ချက် အတည်ပြု

ကုလသမဂ္ဂ၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)
ကုလသမဂ္ဂ အထွေထွေညီလာခံသည် စက်တင်ဘာ ၁၂ ရက်တွင် ထောက်ခံမဲ ၁၄၂ မဲ၊ ကန့်ကွက်မဲ ၁၀ မဲ၊ ကြားနေမဲ ၁၂ မဲ မဲခွဲမှုရလဒ်ဖြင့် ဆုံးဖြတ်ချက်တစ်ခုအား အတည်ပြု၍ ပါလက်စတိုင်းအရေးကိစ္စအား ငြိမ်းချမ်းစွာဖြေရှင်းရေးနှင့် “နှစ်နိုင်ငံဖြေရှင်းရေးနည်းလမ်း” ဖော်ဆောင်ခြင်း နယူးယောက်ကြေညာချက်အား ထောက်ခံအားပေးခဲ့သည်။
ကုလသမဂ္ဂ အခြေစိုက် ပါလက်စတိုင်း၏ စောင့်ကြည့်သူ Riyad Mansour က ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ဆုံးဖြတ်ချက်အား အတည်ပြုပြီးနောက် ပါဝင်ဆွေးနွေးရာတွင် လူတိုင်းနီးပါးက “ငြိမ်းချမ်းရေးတံခါးအား ဖွင့်လှစ်ရန်” မျှော်လင့်တောင့်တကြောင်း၊ နယူးယောက်ကြေညာချက်ကမူ ယင်းအတွက် အသေးစိတ် လမ်းပြမြေပုံကို ပံ့ပိုးပေးလိုက်ကြောင်း၊ “စစ်ပွဲနှင့် ဖျက်ဆီးမှုအား တွန်းအားပေးနေသူများ” အား အပြုသဘောဆောင်သည့် အသံများကို နားဆင်ရန် ၎င်းအနေဖြင့် ဖိတ်ကြားလိုကြောင်း ပြောကြားခဲ့သည်။
အဆိုပါဆုံးဖြတ်ချက်သည် စက်တင်ဘာ ၉ ရက်တွင် စတင်ဖွင့်လှစ်ကျင်းပခဲ့သည့် ၈၀ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံက အတည်ပြုခဲ့သည့် ပထမဆုံး အရေးကြီးအကြောင်းအရာဖြစ်ပြီး ယင်းသည် “နိမိတ်ကောင်း” တစ်ခု ဖြစ်နိုင်ခြေရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
နယူးယောက်ကြေညာချက်က “နှစ်နိုင်ငံဖြေရှင်းမှုနည်းလမ်း” အား ဖော်ဆောင်သည့် တစ်ခုတည်းသော လမ်းပြမြေပုံအား သတ်မှတ်လိုက်ကြောင်း၊ အဆိုပါလမ်းပြမြေပုံတွင် အဓိကအားဖြင့် ဂါဇာကမ်းမြောင်ဒေသ ချက်ချင်းအပစ်ရပ်မှု၊ ဖမ်းဆီးထိန်းသိမ်းထားသူအားလုံး လွှတ်ပေးမှု၊ အသက်ရှင်သန်မှုစွမ်းရည်ရှိသော၊ အချုပ်အခြာအာဏာရှိသော ပါလက်စတိုင်းနိုင်ငံ တစ်နိုင်ငံတည်ဆောက်ရန်၊ ပါလက်စတိုင်း အစ္စလာမ်မစ် တော်လှန်ရေး လှုပ်ရှားမှု (ဟားမက်စ်) အဖွဲ့ ဖျက်သိမ်း၍ ၎င်းအား ဂါဇာကမ်းမြောင်ဒေသ စီမံခန့်ခွဲမှုပြင်ပ၌ ဖယ်ရှားထားရန်၊ အစ္စရေးနှင့် အာရပ်နိုင်ငံများဆက်ဆံရေး ပုံမှန်အသွင်ဖော်ဆောင်၍ အစုလိုက် လုံခြုံရေးအာမခံ ပံ့ပိုးပေးရန်တို့ ပါဝင်ကြောင်း ဆုံးဖြတ်ချက်မူကြမ်းအား အဆိုပြုသူနိုင်ငံများအနက် တစ်နိုင်ငံဖြစ်သည့် ပြင်သစ်နိုင်ငံကိုယ်စားလှယ်က မဲပေးမှု မစတင်မီ ပြောကြားခဲ့သည်။
ကုလသမဂ္ဂ အထွေထွေညီလာခံက ထိုနေ့တွင် အဆိုပါဆုံးဖြတ်ချက်မူကြမ်းအပေါ် လှုပ်ရှားမှု လုပ်ဆောင်ခြင်းမှာ နောက်ထပ်တစ်ကြိမ် “အထင်လွဲမှားမှုဖြစ်စေပြီး အချိန်အခါနှင့် မသင့်လျော်သည့် ကြော်ငြာစတန့်” ဖြစ်ကြောင်း ဆုံးဖြတ်ချက် မူကြမ်းအား ကန့်ကွက်မဲပေးခဲ့သည့် အမေရိကန် ကိုယ်စားလှယ်က ပြောကြားခဲ့သည်။
ယခုနှစ် ဇူလိုင်လကုန်တွင် ပြင်သစ်နှင့် ဆော်ဒီအာရေဗျနိုင်ငံ အစိုးရတို့ ကြီးမှူးကျင်းပသည့် ပါလက်စတိုင်း အရေးကိစ္စအား ငြိမ်းချမ်းစွာဖြေရှင်းရေးနှင့် “နှစ်နိုင်ငံဖြေရှင်းမှုနည်းလမ်း” အကောင်အထည်ဖော်ရေး အဆင့်မြင့် နိုင်ငံတကာအစည်းအဝေးကို ကုလသမဂ္ဂ၌ ကျင်းပခဲ့သည်။ အဆိုပါ အစည်းအဝေးတွင် ကိုယ်စားလှယ်အဖွဲ့များက စစ်ဆေးခွင့်ပြုနိုင်စေရန်အတွက် နယူးယောက်ကြေညာချက် စာရွက်စာတမ်း ခွဲဝေပေးခဲ့သည်။ အဆိုပါအစည်းအဝေးကို ကုလသမဂ္ဂ အထွေထွေညီလာခံ အဆင့်မြင့်ဆွေးနွေးပွဲကာလအတွင်း စက်တင်ဘာ ၂၂ ရက်တွင် ပြန်လည်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
—————————-
(Chinese Version)
联大通过决议支持有关实施“两国方案”的纽约宣言
新华社联合国9月12日电(记者潘云召)联合国大会12日以142票赞成、10票反对、12票弃权的表决结果通过一项决议,支持关于和平解决巴勒斯坦问题及实施“两国方案”的纽约宣言。
巴勒斯坦常驻联合国观察员里亚德·曼苏尔在联大通过决议后发言说,几乎所有人都渴望“打开和平之门”,而纽约宣言为此提供了详细路线图,他邀请“仍在推动战争和破坏选项的一方”倾听理性的声音。他表示,这份决议是9日开幕的第80届联大通过的第一个重要议题,这或许是一个“好兆头”。
决议草案主提国之一的法国代表在投票前表示,纽约宣言制定了实现“两国方案”的单一路线图。这份路线图主要包括在加沙地带立即停火,释放所有被扣押人员,建立一个有生存能力、拥有主权的巴勒斯坦国,解除巴勒斯坦伊斯兰抵抗运动(哈马斯)武装并将其排除在加沙地带治理之外,以及实现以色列与阿拉伯国家关系正常化并提供集体安全保障。
对决议草案投反对票的美国代表称,联大当天就该决议草案采取行动是又一次“误导性且不合时宜的宣传噱头”。
今年7月底,由法国和沙特阿拉伯政府主办的和平解决巴勒斯坦问题和落实“两国方案”高级别国际会议在联合国举行,会议分发了纽约宣言文本,供各代表团审议批准。该会议将于9月22日、即联大高级别周期间恢复举行。(完)
图说:9月12日,在位于纽约的联合国总部举行的联合国大会上,会场显示屏显示投票结果。新华社发(联合国供图/洛伊·费利佩摄)