Politics, Law & Military
နှစ်နိုင်ငံဆက်ဆံရေးထူထောင်မှု ၇၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် သမ္မတရှီနှင့် လစ်ချ်တင်စတိန်းနိုင်ငံ အိမ်ရှေ့မင်းသားတို့ ဂုဏ်ပြုသဝဏ်လွှာ အပြန်အလှန်ပေးပို့

ပေကျင်း၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် လစ်ချ်တင်စတိန်းနိုင်ငံ အိမ်ရှေ့မင်းသား အလွိုက်စ်တို့သည် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်မှု ၇၅ နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် စက်တင်ဘာ ၁၄ ရက်က ဂုဏ်ပြုသဝဏ်လွှာ အပြန်အလှန်ပေးပို့ခဲ့ကြောင်း သိရသည်။နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး စတင်ထူထောင်ချိန်မှစ၍ လွန်ခဲ့သည့် ၇၅ နှစ်အတွင်း တရုတ်နိုင်ငံနှင့် လစ်ချ်တင်စတိန်းနိုင်ငံတို့မှာ အပြန်အလှန်လေးစားမှု၊ အပြန်အလှန်ယုံကြည်မှုတို့ကို အစဉ်တစိုက် ထိန်းသိမ်းကာ ချစ်ကြည်ရင်းနှီးစွာ ကူးလူးဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တက်တက်ကြွကြွ လုပ်ဆောင်ခဲ့ပြီး ဘက်ပေါင်းစုံပါဝင်သော နယ်ပယ်များတွင် နီးနီးကပ်ကပ် ညှိနှိုင်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံကြီးနှင့် နိုင်ငံငယ်များကြား ချစ်ကြည်ရင်းနှီးစွာ အတူယှဉ်တွဲနေထိုင်မှုနှင့် အပြန်အလှန် အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှု စံနမူနာတစ်ခုကို ချမှတ်နိုင်ခဲ့သည်ဟု ရှီက ၎င်း၏သဝဏ်လွှာ၌ အလေးအနက်ဖော်ပြထားသည်။
မိမိအနေဖြင့် တရုတ်-လစ်ချ်တင်စတိန်း ဆက်ဆံရေး တိုးတက်ဖြစ်ထွန်းမှုအပေါ် များစွာအလေးထားကြောင်း၊ နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ စဉ်ဆက်မပြတ် နက်နက်ရှိုင်းရှိုင်းရှိရေးအတွက် အိမ်ရှေ့မင်းသား အလွိုက်စ်နှင့် အတူလက်တွဲလုပ်ဆောင်ရန် အသင့်ရှိကြောင်း ရှီက ဆိုသည်။
အလွိုက်စ်ကလည်း တရုတ်နိုင်ငံနှင့် လစ်ချ်တင်စတိန်းနိုင်ငံတို့အနေဖြင့် သံတမန်ဆက်ဆံရေး ထူထောင်ချိန်မှစ၍ ချစ်ကြည်ရင်းနှီးမှုကို ထိန်းသိမ်းခြင်း၊ အပြန်အလှန် ကူးလူးဖလှယ်မှုများကို နက်နက်ရှိုင်းရှိုင်း လုပ်ဆောင်ခြင်း၊ ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်များကို ချဲ့ထွင်ခြင်း၊ အပြန်အလှန် ပံ့ပိုးကူညီမှုများကို အခိုင်အမာလုပ်ဆောင်ခြင်း၊ စိန်ခေါ်မှုများစွာရှိနေသော ယနေ့ခေတ်တွင် အထူးအရေးပါသည့် တည်ငြိမ်၍ ယုံကြည်အားထားရသော မိတ်ဖက်ဆက်ဆံရေး တည်ဆောက်ခြင်းတို့ကို လုပ်ဆောင်ခဲ့သည်ဟု ၎င်း၏သဝဏ်လွှာ၌ ရေးသားထားသည်။
ဆက်လက်၍ နှစ်နိုင်ငံအနေဖြင့် အပြန်အလှန် ကူးလူးဖလှယ်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်ကာ အနာဂတ်ကာလတွင် ဖွံ့ဖြိုးတိုးတက်မှုနှင့် သာယာဝပြောမှုတို့ကို အတူတကွ အားပေးမြှင့်တင်သွားမည်ဟု ယုံကြည်ကြောင်း ၎င်းက ဆိုသည်။ (Xinhua)
………………………………………………….
(English Version)
Xi, Liechtenstein’s hereditary prince exchange congratulations on 75th anniversary of ties
BEIJING, Sept. 14 (Xinhua) — Chinese President Xi Jinping and Hereditary Prince of Liechtenstein Alois exchanged on Sunday congratulations on the 75th anniversary of diplomatic ties between the two countries.
In his message, Xi noted that over the past 75 years since the establishment of diplomatic relations, China and Liechtenstein have consistently adhered to mutual respect and trust, actively engaged in friendly exchanges and cooperation, and closely coordinated in multilateral arenas, setting an example of friendly coexistence and mutually beneficial cooperation between large and small countries.
Xi said that he attaches great importance to development of China-Liechtenstein relations and stands ready to work with Hereditary Prince Alois to continuously deepen friendship and cooperation between the two countries.
In his message, Alois said that since the establishment of diplomatic relations, Liechtenstein and China have maintained friendship, deepened bilateral exchanges, expanded areas of cooperation, strengthened mutual support, and built a stable and trusting partnership, which is especially important in today’s era of multiple challenges.
He expressed the confidence that the two countries will continue to enhance exchanges and cooperation, and jointly promote development and prosperity in the future. ■