Connect with us

Asia

ဂျပန်နိုင်ငံ၏ စိုက်ပျိုးရေးဝန်ကြီး LDP ပါတီ၏ခေါင်းဆောင်ပိုင်းနေရာအတွက် ဝင်ရောက်ယှဥ်ပြိုင်မည်

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) ရုံးချုပ်၌စကားပြောနေသော LDP ၏ ရွေးကောက်ပွဲအကြီးအကဲ ရှင်ဂျီရို ကိုအိဇုမိအား ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၇ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

တိုကျို၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ၏စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီး ရှင်ဂျီရိုကိုအိဇုမိက ဝန်ကြီးချုပ် ရှီဂဲရုအီရှီဘာ ၏ နေရာကိုဆက်ခံနိုင်ရေးအတွက် အာဏာရလစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) ဥက္ကဋ္ဌ ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ရန် ရည်ရွယ်ထားကြောင်း စက်တင်ဘာ ၁၆ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။အစိုးရအဖွဲ့အစည်းအဝေးတစ်ခုအပြီး သတင်းစာရှင်းလင်းပွဲတွင် ကိုအိဇုမိက ဝင်ရောက်ယှဥ်ပြိုင်မည့် အစီအစဥ်အား လွန်ခဲ့သည့် သီတင်းပတ်ကုန်ပိုင်းက ၎င်းကိုထောက်ခံသောအဖွဲ့သို့ အကြောင်းကြားခဲ့ ကြောင်း အတည်ပြုပြောကြားခဲ့ခြင်းဖြစ်သည်။

ပါတီ၏စည်းလုံးမှုက အရေးကြီးကြောင်း၊ စျေးနှုန်းမြင့်တက်မှုအပေါ် ပြည်သူများ၏ စိုးရိမ်ကြောင့်ကြ နေမှုများကို ဖြေရှင်းပေးနိုင်ရေးသည် ပါတီအတွက် အရေးအကြီးဆုံးတာဝန်ဖြစ်ကြောင်း ကိုအိဇုမိက အလေးအနက်ပြောကြားခဲ့သည်။

ယမန်နှစ်က ခေါင်းဆောင်ပိုင်းနေရာအတွက် ပါဝင်ယှဉ်ပြိုင်ခဲ့သော ဘဏ္ဍာရေးဝန်ကြီး ကတ်ဆုနို ဘူကာတိုကလည်း ကိုအိဇုမိ၏ မဲဆွယ်စည်းရုံးရေးအဖွဲ့အကြီးအကဲအဖြစ်တာဝန်ယူပေးရန် သဘော တူခဲ့ကြောင်း နိုင်ငံပိုင်ရုပ်သံလိုင်း NHK ၏ဖော်ပြမှုအရ သိရသည်။

အီရှီဘာ၏နေရာအတွက်ဆက်ခံရန် ယှဉ်ပြိုင်ကြမည့်သူ များပြားနေကြောင်းလည်း သိရသည်။ နိုင်ငံခြားရေးဝန်ကြီးဟောင်း တိုရှီမစ်ဆုကလည်း ရွေးကောက်ပွဲဝင်ပြိုင်မည်ဟု လွန်ခဲ့သော သီတင်း ပတ်က ကြေညာခဲ့သည်။ စီးပွားရေးလုံခြုံမှု ဝန်ကြီးဟောင်း တာကာယုကီကိုဘာယာရှီနှင့် ဆာနဲ တာကာအိချိ၊ အစိုးရအဖွဲ့အတွင်းဝန်ချုပ် ယိုရှီမာဆာဟာရာရှီတို့ကလည်း ဝန်ကြီးချုပ်ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းများအဖြစ် ယှဉ်ပြိုင်ကြဖွယ်ရှိကြောင်းသိရသည်။

LDP ပါတီသည် လာမည့်ပါတီခေါင်းဆောင်ရွေးကောက်ပွဲအား ဥပဒေပြုလွှတ်တော်အမတ်များနှင့် ပါတီဝင်များ၏ မဲပေးမှုများအပါအဝင် ဖွဲ့စည်းပုံအပြည့်အစုံဖြင့် အောက်တိုဘာ ၄ ရက်၌ ကျင်းပသွားရန် ဆုံးဖြတ်ထားကြောင်း သိရသည်။ (Xinhua)

———————————-
(English Version)
Japan’s agriculture minister to run in LDP leadership race
TOKYO, Sept. 16 (Xinhua) — Japanese Agriculture, Forestry and Fisheries Minister Shinjiro Koizumi on Tuesday announced his intention to run in the ruling Liberal Democratic Party (LDP)’s presidential election to choose a successor to Prime Minister Shigeru Ishiba.
Speaking at a press conference following a cabinet meeting, Koizumi confirmed that he had informed his support group over the weekend of his plan to run.
Koizumi stressed the importance of party unity, saying addressing issues that people are anxious about, including rising prices, is the most important task for the party.

He also revealed that Finance Minister Katsunobu Kato, who ran in last year’s leadership race, has agreed to serve as his campaign chief, national broadcaster NHK reported.
The race to succeed Ishiba is shaping up to be crowded. Former Foreign Minister Toshimitsu Motegi declared his candidacy last week. Former Economic Security Minister Takayuki Kobayashi, Chief Cabinet Secretary Yoshimasa Hayashi, and Former Economic Security Minister Sanae Takaichi are also likely candidates for the race.
The LDP has decided to hold its upcoming leadership election in a full-scale format, including votes from both lawmakers and rank-and-file party members, on Oct. 4. ■
Photo:
The election chief of Japan’s Liberal Democratic Party (LDP) Shinjiro Koizumi speaks at the LDP’s headquarters in Tokyo, Japan, on Oct. 27, 2024. (Takashi Aoyama/Pool via Xinhua)