Economy
ဇန်နဝါရီမှ သြဂုတ်အထိ တရုတ်နိုင်ငံ၏ ရထားကုန်စည်တင်ပို့မှု ၃.၅ ရာခိုင်နှုန်း မြင့်တက်

ပေကျင်း၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အမျိုးသားရထားလမ်းပိုင်းမှ သယ်ယူပို့ဆောင်ခဲ့သည့် ကုန်စည်စုစုပေါင်းမှာ ၂၀၂၅ ခုနှစ် ပထမရှစ်လအတွင်း တန်ချိန် ၂.၆၈ ဘီလီယံခန့်ရှိခဲ့ပြီး ယမန်နှစ် ကာလတူကထက် ၃.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း အမျိုးသားမီးရထားလုပ်ငန်းက စက်တင်ဘာ ၁၆ ရက်၌ ထုတ်ပြန်သည့်အချက်အလက်များအရ သိရသည်။ကုန်တင်တွဲ စုစုပေါင်းပျမ်းမျှ ၁၈၄,၀၀၀ လုံး နေ့စဥ် ကုန်စည်တင်ဆောင်ခဲ့ရပြီး ယမန်နှစ် အလားတူကာလကထက် ၄.၃ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း China State Railway Group ကုမ္ပဏီ (CSRG) ၏ အချက်အလက်များက ဖော်ပြခဲ့သည်။
ဇန်နဝါရီလမှ သြဂုတ်လအထိ အမျိုးသားရထားလမ်းပိုင်းမှတစ်ဆင့် ကျောက်မီးသွေးသယ်ယူပို့ဆောင်မှု စုစုပေါင်း တန်ချိန် ၁.၃၈ ဘီလီယံ ရှိပြီး လျှပ်စစ်မီးအသုံးအများဆုံး ကာလများတွင် နိုင်ငံ၏ လျှပ်စစ်မီးဖြန့်ဖြူးရေးစနစ် တည်ငြိမ်စေရန် အထောက်အကူပေးလျက်ရှိသည်။
ယခုနှစ်တွင် ပိုမိုထိရောက်သည့် ကုန်စည်ပို့ဆောင်ရေးဖြေရှင်းမှု ထောက်ပံ့ရန်လုပ်ဆောင်ခဲ့ပြီး ဖြစ်ကြောင်း CSRG က ပြောကြားခဲ့သည်။ ရှစ်လတာကာလအတွင်း ရထား-ရေကြောင်း ကုန်သေတ္တာတင်ပို့မှုသည် ပေ၂၀ ကွန်တိန်နာ စံအတိုင်းအတာယူနစ် (TEUs) ၁၁.၄၈ သန်း ရှိခဲ့ပြီး ယမန်နှစ်ကထက် ၁၇.၅ ရာခိုင်နှုန်း မြင့်တက်လာခြင်း ဖြစ်သည်။
CSRG က အခြားသောနိုင်ငံများမှ မီးရထားလုပ်ငန်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ခဲ့သည်။ တရုတ်-ဥရောပ အမြန်ချောပို့ရထားလမ်းနှင့် တရုတ်-ဗဟိုအာရှ ကုန်တင်ရထားများကဲ့သို့ နယ်စပ်ဖြတ်ကျော် ကုန်တင်ပို့မှုများ လုပ်ငန်းလည်ပတ်မှု တည်ငြိမ်ချောမွေ့မှုရှိခဲ့ကြောင်း သိရသည်။ (Xinhua)
……….
(English Version)
China’s rail freight volume up 3.5 pct in Jan-Aug
BEIJING, Sept. 16 (Xinhua) — China’s national railways transported approximately 2.68 billion tonnes of goods in the first eight months of 2025, which was up 3.5 percent year on year, according to data released by the national railway operator on Tuesday.
The China State Railway Group Co., Ltd. (CSRG) data showed that an average of 184,000 freight cars were loaded each day, up 4.3 percent from the same period last year.
From January to August, coal transported via national railways totaled 1.38 billion tonnes, providing stable support for the country’s power supply system during peak electricity consumption periods.
CSRG says it has worked to provide more efficient logistics solutions this year. Rail-water container shipments hit 11.48 million twenty-foot equivalent units (TEUs) during the eight-month period, rising 17.5 percent year on year.
CSRG has also strengthened its cooperation with railway operators in other countries. Cross-border freight services such as the China-Europe Railway Express and China-Central Asia freight trains have maintained smooth, stable operations.
Photo : An aerial drone photo taken on Aug. 13, 2025 shows a China-Europe freight train bound for Baku, Azerbaijan, departing from Xi’an International Port Station in Xi’an, northwest China’s Shaanxi Province. (Xinhua/Li Yibo)