Connect with us

China

ကမ္ဘာ့ဆန်းသစ်တီထွင်မှု အညွှန်းကိန်းတွင် အဆင့် ၁၅ သို့ ဟောင်ကောင် တက်လှမ်း

တရုတ်နိုင်ငံ တောင်ပိုင်း ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသတွင် ဝေဟင်နိမ့်စီးပွားရေး Regulatory Sandbox စမ်းသပ်စီမံကိန်းများ၏ ပထမအသုတ် စတင်ခြင်းအခမ်းအနား၌ တရုတ်နိုင်ငံ၏ ဝန်ဆောင်မှုဆိုင်ရာ ထိပ်တန်း e-commerce ပလက်ဖောင်းတစ်ခုဖြစ်သော Meituan ၏ ဒရုန်းယာဉ်တစ်စင်းကို ကြည့်ရှုနေကြသော ဂျာနယ်လစ်များအား ၂၀၂၅ ခုနှစ် မတ် ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟောင်ကောင်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) သည် ကမ္ဘာ့ဉာဏပစ္စည်းမူပိုင်ခွင့်အဖွဲ့၏ ၂၀၂၅ ခုနှစ် ကမ္ဘာ့ဆန်းသစ်တီထွင်မှု အညွှန်းကိန်းတွင် စီးပွားရေးနိုင်ငံ ၁၃၉ ခုအနက် ယခင်နှစ်ထက် သုံးနေရာ မြင့်တက်၍ အဆင့် ၁၅ ၌ ရပ်တည်ခဲ့သည်။
ဟောင်ကောင်မြို့သည် အဆိုပါအညွှန်းကိန်းဇယား၌ အာရှတွင်မူ ပဉ္စမအဆင့်၌ ရပ်တည်ဆဲဖြစ်သည်။ “ဆန်းသစ်တီထွင်မှု ဖြည့်သွင်းခြင်း” အညွှန်းခွဲအောက်ရှိ ၎င်း၏အဆင့်သတ်မှတ်ချက်မှာ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် အဆင့်ရှစ်သို့ မြင့်တက်လာပြီး “ဆန်းသစ်တီထွင်မှု ရလဒ်” အညွှန်းခွဲတွင် ၎င်း၏အဆင့်သတ်မှတ်ချက်သည် ကိုးနေရာခုန်တက်ပြီး အဆင့် ၂၂ ၌ ဖော်ပြခြင်းခံခဲ့ရသည်။
ထိုအဆင့်မြင့်တက်မှုများက ဟောင်ကောင်၏ ဆန်းသစ်တီထွင်မှုအား လှုံ့ဆော်ပေးသည့် မဟာဗျူဟာမှာ အောင်မြင်ကြောင်း သက်သေပြနေသည်ဟု HKSAR အစိုးရ၏ ဘဏ္ဍာရေးဌာန အတွင်းဝန် ပေါလ်ချန်းက ဆိုရှယ်မီဒီယာတွင် ရေးသားခဲ့သည်။ ဟောင်ကောင်သည် ၎င်း၏ငွေကြေးထောက်ပံ့နိုင်စွမ်း အထူးသဖြင့် ဟောင်ကောင်ရင်းနှီးမြုပ်နှံမှုကော်ပိုရေးရှင်းမှ စီးပွားရေးလုပ်ငန်းရှင်များတွင် ရင်းနှီးမြှုပ်နှံသည့်ငွေကို သိပ္ပံနှင့် နည်းပညာဆန်းသစ်တီထွင်မှုအတွက် ငွေကြေးထောက်ပံ့ရန် အသုံးချလာခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဆန်းသစ်တီထွင်မှုနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ခြင်းသည် အခြေခံသုတေသနတွင် ဟောင်ကောင်၏အားသာချက်များကို စုစည်းခိုင်မာစေရန်နှင့် သုတေသနနှင့် ဖွံ့ဖြိုးရေးရလဒ်များအား စီးပွားဖြစ်အသုံးပြုမှုကို အရှိန်မြှင့်ရန် အစီအမံများကို ဆက်တိုက်လုပ်ဆောင်ခဲ့သည့် HKSAR အစိုးရ၏မူဝါဒအစီအစဉ်၌ မြင့်မားစွာရှိသည်။
“ချေးငွေ” ၊ “ရင်းနှီးမြှုပ်နှံမှု” ၊ “တတိယအဆင့်ပညာရေး” နှင့် “အသိပညာသိုမှီးမှု” စသည့်ကဏ္ဍခွဲများတွင် ဟောင်ကောင်၏ ထိပ်တန်းအဆင့်သတ်မှတ်ချက်များက ဟောင်ကောင်သည် ဆန်းသစ်တီထွင်မှုတွင် စဉ်ဆက်မပြတ်တိုးတက်နေစေရန် ကောင်းမွန်သောအနေအထား၌ ရှိကြောင်း ပြသနေသည်ဟု HKSAR အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ပြီး ကမ္ဘာ့အရင်းအမြစ်များနှင့် စွမ်းရည်များအား ဆွဲဆောင်၍ ဆန်းသစ်တီထွင်မှုနှင့် နည်းပညာဂေဟစနစ်ကို မြှင့်တင်ရန် ဆက်လက်ကြိုးပမ်းသွားမည်ဟုလည်း ကတိပြုခဲ့ကြာင်း သိရသည်။ (Xinhua)
………………….
(English Version)
HKSAR ascends to 15th place on global innovation index
HONG KONG, Sept. 16 (Xinhua) — China’s Hong Kong Special Administrative Region (HKSAR) ranked 15th among 139 economies on the World Intellectual Property Organization’s Global Innovation Index 2025, up three places from the previous year.
The city remained fifth in Asia on the chart. Its ranking under the “Innovation Input” sub-index rose to eighth globally, and its ranking in the “Innovation Output” sub-index leapt by nine places to 22nd.
The uptick is proof that Hong Kong’s strategy to spur innovation is paying off, said Financial Secretary of the HKSAR government Paul Chan in a social media post. He said Hong Kong has leveraged its financing capacity, particularly the patient capital from the Hong Kong Investment Corporation, to bankroll sci-tech innovation.
Fostering the development of innovation and technology is high on the HKSAR government’s policy agenda, for which it took a series of measures to consolidate Hong Kong’s strengths in basic research and accelerate the commercial use of research and development outcomes.
Hong Kong’s leading rankings in the “Credit”, “Investment”, “Tertiary Education” and “Knowledge Absorption” sub-pillars demonstrate that it is well-positioned to continuously advance in innovation, said a spokesperson for the HKSAR government, pledging continued efforts to enhance the innovation and technology ecosystem and attract global resources and talent. ■
English Caption
Journalists look at a drone of Meituan, one of China’s leading e-commerce platforms for services, at the launching ceremony of the first batch of low-altitude economy (LAE) regulatory sandbox pilot projects held in Hong Kong, south China, March 20, 2025. (Xinhua/Chen Duo)