China
တရုတ်နိုင်ငံ၏ ပထမဆုံး တရုတ်စံနှုန်းဖြင့် စမတ်မြို့ပတ်ရထားနှင့် ပေကျင်း-ရှုံအန်း အမြန်ရထားတွဲကို တရုတ်နိုင်ငံ ချင်းသောင်မြို့၌ ထုတ်ဖော်ပြသ

ချင်းသောင် (ဆန်းတုန်း)၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ CRRC ကော်ပိုရှေးရှင်းမှ ကိုယ်တိုင် သုတေသနပြုလုပ် ထုတ်လုပ်ပြီး ကိုယ်ပိုင် ဉာဏပစ္စည်း မူပိုင်ခွင့် ပိုင်ဆိုင်ထားသော ပထမဆုံး တရုတ်စံနှုန်းဖြင့် စမတ်မြို့တွင်းသုံး ရထားတွဲနှင့် ပေကျင်း-ရှုံအန်း အမြန်ရထားတွဲကို စက်တင်ဘာ ၁၈ ရက်တွင် တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ် ချင်းသောင်မြို့၌ ထုတ်ဖော်ပြသခဲ့သည်။
အဆိုပါရထားတွဲတွင် တရုတ်စံနှုန်းစနစ် တပ်ဆင်ထားသောကြောင့် အဓိကအချက်အချာနည်းပညာအား ဘက်စုံ ကိုယ်ပိုင်ဖော်ဆောင်ထားခြင်းဖြစ်ကာ တစ်နာရီအမြန်နှုန်း ၂၀၀ ကီလိုမီတာဖြင့် GOA4 အဆင့် အပြည့်အဝ ကိုယ်ပိုင်လည်ပတ်ပြေးဆွဲနိုင်စွမ်းရှိသည်။ တစ်ချိန်တည်းတွင် အဓိကနည်းပညာ ၁၀ ခုကျော် ဆန်းသစ်တီထွင်စွာ တပ်ဆင်ထားသောကြောင့် ဉာဏ်ရည်ထည့်သွင်းမှု၊ လုံခြုံမှု၊ သက်သောင့်သက်သာရှိမှု၊ စွမ်းအင်ချွေတာမှု၊ အသုံးပြုရာတွင် စီးပွားရေးနှင့်ကိုက်ညီမှု စသည့် ကဏ္ဍများ၌ ဘက်စုံ အဆင့်မြှင့်တင်ထားပေသည်။ (Xinhua)

တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ် ချင်းသောင်မြို့ရှိ ချင်းသောင် ကမ္ဘာ့ကုန်စည်ပြပွဲစင်တာ၌ စမတ်မြို့ပတ်ရထားတွဲအား လူအများလှည့်လည်ကြည့်ရှုနေသည်ကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
———————
(Chinese Version)
新华全媒+|我国首列中国标准智能市域列车暨京雄快线列车在青岛亮相
新华社照片,青岛(山东),2025年9月18日
9月18日,由中国中车自主研制且拥有完全自主知识产权的首列中国标准智能市域列车暨京雄快线列车在青岛亮相。该车搭建了中国标准体系,关键核心技术全面自主化,具备时速200公里GOA4级全自动运行能力。同时,创新搭载十余项核心技术,在智能化、安全性、舒适度、节能降耗、运用经济性等方面实现全方位升级。
1、2:9月18日,人们在中铁青岛世界博览城参观智能市域列车。 新华社记者 李紫恒 摄
3:9月18日,参观者在智能市域列车上拍摄。新华社记者 李紫恒 摄