International Organizations
ဖီဖာကမ္ဘာ့အဆင့်ရပ်တည်မှုတွင် စပိန်နှင့် ပြင်သစ်က အာဂျင်တီးနားကို ဖြတ်ကျော်ပြီး ရပ်တည်

ဂျီနီဗာ၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)
စက်တင်ဘာ ၁၈ ရက်က နောက်ဆုံးထုတ်ပြန်လိုက်သည့် ဖီဖာအမျိုးသားဘောလုံးလက်ရွေးစင် အသင်းများ၏ ကမ္ဘာ့အဆင့်ရပ်တည်ချက်အရ စပိန်လက်ရွေးစင်အသင်းက ၁၁ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ထိပ်ဆုံးနေရာမှ ရပ်တည်ခဲ့ကြောင်း၊ ကမ္ဘာ့အဆင့်ရပ်တည်မှုတွင် ထိပ်ဆုံးနေရာမှ ၂ နှစ်ကြာရပ်တည်ခဲ့သော အာဂျင်တီးနားလက်ရွေးစင်အသင်း၏ လွှမ်းမိုးမှု အဆုံးသတ်သွားခြင်းဖြစ်ကြောင်း သိရသည်။
ကမ္ဘာ့ဖလားလက်ရှိချန်ပီယံ အာဂျင်တီးနားအသင်းမှာ စက်တင်ဘာ ၉ ရက်က ကစားခဲ့သည့် ၂၀၂၆ ကမ္ဘာ့ဖလားအတွက် တောင်အမေရိကဇုန်ခြေစစ်ပွဲတွင် အီကွေဒေါအသင်းကို ၁-၀ ရလဒ်ဖြင့် ရှုံးနိမ့် ခဲ့ပြီးနောက် ကမ္ဘာ့အဆင့်ရပ်တည်မှု၌ ပြင်သစ်အသင်း၏နောက် တတိယနေရာသို့ ကျဆင်းသွားခြင်း ဖြစ်သည်။ အာဂျင်တီးနားအသင်းမှာ နောက်ဆုံး ခြေစစ်ပွဲတွင် မရှုံးနိမ့်ခင် လွန်ခဲ့သော မတ်လအတွင်း ကတည်းက ကမ္ဘာ့ဖလားပြိုင်ပွဲကစားခွင့်ရခဲ့ပြီးသားဖြစ်သလို တောင်အမေရိကဇုန် ကမ္ဘာ့ဖလား ခြေစစ်ပွဲရပ်တည်မှုတွင်လည်း ထိပ်ဆုံးနေရာရရန် သေချာခဲ့ပြီးသားဖြစ်ကြောင်း သိရသည်။
စပိန်လက်ရွေးစင်အသင်းမှာ ကမ္ဘာ့ဖလားခြေစစ်ပွဲများတွင် ဘူလ်ဂေးရီးယားလက်ရွေးစင်အသင်းကို ၀-၃ ရလဒ်ဖြင့် အနိုင်ရခဲ့ပြီးနောက် တူကီယဲလက်ရွေးစင်အသင်းကိုလည်း အဝေးကွင်း၌ပင် ၀-၆ ရလဒ် ဖြင့် အနိုင်ရခဲ့သည်။ ကမ္ဘာ့အဆင့်ရပ်တည်မှုတွင် စပိန်အသင်းအနေဖြင့် ထိပ်ဆုံးမှ ရပ်တည်နိုင်ခဲ့သော နောက်ဆုံးအကြိမ်မှာ ကမ္ဘာ့ဖလားနှင့် ဥရောပချန်ပီယံဖလားနှစ်ခုစလုံးကို ရယူနိုင်ခဲ့သော ၂၀၁၄ ခုနှစ် အတွင်းက ဖြစ်ကြောင်း သိရသည်။
ပြင်သစ်လက်ရွေးစင်အသင်းကလည်း ကမ္ဘာ့ဖလားဥရောပဇုန်ခြေစစ်ပွဲများတွင် တာထွက်ကောင်းခဲ့ပြီး ယူကရိန်းကို ၂-၀၊ အိုက်စလန်ကို ၂-၁ ရလဒ်များဖြင့် အနိုင်ရခဲ့သည်။
ဖီဖာကမ္ဘာ့အဆင့်ရပ်တည်မှုတွင် အင်္ဂလန်က စတုတ္ထနေရာ၌ ဆက်လက်ရပ်တည်နေသလို ပေါ်တူဂီက ဘရာဇီးကို ကျော်ဖြတ်ကာ ပဥ္စမနေရာ၌ ရပ်တည်ခဲ့သည်။ ဘရာဇီး၊ နယ်သာလန်နှင့် ဘယ်ဂျီယမ်တို့က ဆဋ္ဌမ၊ သတ္တမနှင့် အဋ္ဌမနေရာများ၌ ရပ်တည်ခဲ့သလို ခရိုအေးရှားက နဝမ၊ အီတလီက ဒဿမ နေရာများတွင် ရပ်တည်ခဲ့ကာ ထိပ်ဆုံး ၁၀ သင်းစာရင်းဝင်ခဲ့ပြီး ဂျာမနီကမူ အဆင့် ၁၂ သို့ ကျဆင်းသွား ခဲ့သည်။
ဆလိုဗက်ကီးယားအသင်းမှာ ဂျာမနီအသင်းကို အိမ်ကွင်း၌ ၂-၀ ရလဒ်ဖြင့် အနိုင်ရခဲ့ပြီးနောက် ကမ္ဘာ့အဆင့်ရပ်တည်မှုတွင် အမြင့်ဆုံးတက်လှမ်းမှုအဖြစ် အဆင့် ၁၀ ခုန်တက်ကာ ဖီဖာကမ္ဘာ့အဆင့် ရပ်တည်မှုတွင် အဆင့် ၄၂ နေရာသို့ ရောက်ရှိလာခဲ့ကြောင်းသိရသည်။ (Xinhua)
…………………..
(English Version)
Spain,France surpass Argentina in FIFA World Ranking
GENEVA, Sept. 18 (Xinhua) — Spain climbed to the top of the latest FIFA Men’s World Ranking on Thursday for the first time in 11 years, ending Argentina’s two-year reign.
The world champions slipped to third, behind France, after a 1-0 loss to Ecuador in CONMEBOL qualifying for the 2026 World Cup on Sept. 9. Argentina had already secured their World Cup berth in March and clinched top spot in the qualifying standings before their final-round defeat.
Spain began their World Cup qualifying campaign with a 3-0 win over Bulgaria before sweeping Turkiye 6-0 away. The last time Spain topped the rankings was in June 2014, when they were both world and European champions.
France also enjoyed a strong start to UEFA qualifying, defeating Ukraine 2-0 and Iceland 2-1.
England stayed fourth, while Portugal overtook Brazil to move into fifth. Brazil, the Netherlands and Belgium occupied sixth to eighth, with Croatia and Italy completing the top 10 at ninth and 10th, pushing Germany down to 12th.
Slovakia made the biggest leap, rising 10 places to 42nd after their 2-0 home win over Germany. ■
Photo:
Spain’s starting players pose for a group photo before the UEFA Euro 2024 Semifinal match between Spain and France in Munich, Germany on July 9, 2024. (Xinhua/Xiao Yijiu)