China
၂၃ ကြိမ်မြောက် တရုတ်နိုင်ငံ ကူမင်း နိုင်ငံတကာ ပန်းမန်ပြပွဲ ဖွင့်လှစ်ကျင်းပ

ကူမင်း၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ)
၂၃ ကြိမ်မြောက် တရုတ်နိုင်ငံ ကူမင်း နိုင်ငံတကာ ပန်းမန်ပြပွဲကို စက်တင်ဘာ ၁၉ ရက်တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့၌ စတင်ဖွင့်လှစ်ကျင်းပခဲ့သည်။ ယခုအကြိမ်ပြပွဲမှာ “ယူနန်ပြည်နယ် ကမ္ဘာ့ပန်းဥယျာဉ်သို့ သွားရောက်လိုခြင်း” ခေါင်းစဉ်ဖြင့်ကျင်းပခြင်းဖြစ်ပြီး တစ်ကမ္ဘာလုံးမှ လုပ်ငန်းကုမ္ပဏီပေါင်း ၅၀၀ ကျော် ပါဝင်ပြသရန် ဆွဲဆောင်ခဲ့သည်။
ယခုအကြိမ်ပြပွဲသည် စက်တင်ဘာ ၂၁ ရက်အထိ ပြသသွားမည်ဖြစ်ပြီး ပန်းမန်၊ ကော်ဖီ၊ အပူပိုင်းအပင်၊ ဘယ်ရီသီးလေး ဟူသည့် ထုတ်လုပ်မှုလုပ်ငန်းကြီးလေးရပ် ပူးတွဲပြသသွားမည်ဖြစ်ရာ လာရောက်လေ့လာသူများက “တစ်နေရာတည်းတွင်ပင်” ယူနန်ကုန်းပြင်မြင့်ဒေသထူးခြားချက်ရှိသော စိုက်ပျိုးရေးလုပ်ငန်း၏ ဆွဲဆောင်မှုကို ခံစားနိုင်မည်ဖြစ်သည်။ (Xinhua)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့၌ ကျင်းပသည့် ၂၃ ကြိမ်မြောက် တရုတ်နိုင်ငံ ကူမင်း နိုင်ငံတကာ ပန်းမန်ပြပွဲ၌ ပန်းအလိုအလျောက်အရောင်းစက်အား လေ့လာနေသူတစ်ဦးကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
———————
(Chinese Version)
第二十三届中国昆明国际花卉展开幕
新华社照片,昆明,2025年9月19日
第二十三届中国昆明国际花卉展9月19日在云南昆明开幕。本届展会以“‘象’往云南 世界花园”为主题,吸引全球超500家企业参展。
据了解,本届展会将持续至9月21日,实现花卉、咖啡、热带植物、小浆果四大产业联展,观众可“一站式”感受云南高原特色农业魅力。
1、9月19日,参展商在第二十三届中国昆明国际花卉展直播推介花卉。 新华社记者 高咏薇 摄
2、9月19日,观众在第二十三届中国昆明国际花卉展了解一款鲜花自助售卖机。新华社记者 高咏薇 摄