International Organizations
ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အစီအမံ အဆင့်မြင့်အစည်းအဝေးသို့ လီချန် တက်ရောက်

ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်သည် ဒေသစံတော်ချိန် စက်တင်ဘာ ၂၃ ရက်တွင် နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌ တရုတ်နိုင်ငံမှ ကြီးမှူးကျင်းပသော ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အစီအမံ (GDI) အဆင့်မြင့်အစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြားခဲ့သည်။
အဆိုပါအစည်းအဝေးသို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်၊ ကာဇက်စတန်နိုင်ငံ သမ္မတ ကက်ဆင်ဂျိုမတ် တိုကာယာ၊ အီရတ်နိုင်ငံ သမ္မတ Abdul Latif Rashid ၊ အင်ဂိုလာနိုင်ငံ သမ္မတ Joao Lourenco ၊ အင်တီဂွါနှင့် ဘာဘူဒါနိုင်ငံ ဝန်ကြီးချုပ် Gaston Browne ၊ ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် Shahbaz Sharif ၊ နိုင်ဂျာနိုင်ငံ ဝန်ကြီးချုပ် Ali Mahaman Lamine Zeine အပါအဝင် နိုင်ငံပေါင်း ၃၀ ကျော်မှ ဝန်ကြီးအဆင့် အရာရှိများ၊ နိုင်ငံတကာအဖွဲ့အစည်း တာဝန်ခံများ တက်ရောက်ခဲ့ကြသည်။
လီချန်က သမ္မတ ရှီကျင့်ဖိန် ၂၀၂၁ ခုနှစ်တွင် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ အဆိုပြုခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အစီအမံ (GDI) သည် လူသားမျိုးနွယ် လူမှုအသိုက်အဝန်း၏ အကျယ်ပြန့်ဆုံး အကျိုးစီးပွားကို ရှေးရှုပြီး ဘက်အသီးသီးအား “အခိုင်အမာ လက်ကိုင်ထားမှု ၆ ရပ်” အား လုပ်ဆောင်ရန် တိုက်တွန်းခဲ့ကာ အတူတကွဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေး ဖော်ဆောင်ရန်အတွက် အရေးကြီး ဦးဆောင်လမ်းပြမှု အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း၊ ထိုအစီအမံအား အကောင်အထည်ဖော်သည့်ယန္တရားတွင် နိုင်ငံနှင့် နိုင်ငံတကာအဖွဲ့အစည်းပေါင်း ၁၃၀ ကျော် ပါဝင်ခဲ့ပြီးဖြစ်ရာ ကျယ်ကျယ်ပြန့်ပြန့် ကြိုဆိုမှုရရှိသော နိုင်ငံတကာ အများပြည်သူထုတ်ကုန် ဖြစ်လာခဲ့ကြောင်း ပြောကြားခဲ့သည်။
လက်ရှိတွင် တစ်ဖက်သတ်ဝါဒ၊ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒများ ဦးမော့လာလျက်ရှိရာ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသည် ပြင်းထန်စွာ ထိုးနှက်ခံရပြီး ကမ္ဘာ့စီးပွားရေး တိုးတက်မှုစွမ်းဆောင်ရည်သည်လည်း လျော့ကျလာကြောင်း၊ လက်ရှိ ဒွိဟဖြစ်နေသော ပြဿနာများစွာကို ဖြေရှင်းရန်အတွက် ဖွံ့ဖြိုးတိုးတက်မှုအား ဆက်လက်အာရုံစိုက်၍ ဖွံ့ဖြိုးတိုးတက်မှုကို အင်တိုက်အားတိုက် တွန်းအားပေးကာ ဖွံ့ဖြိုးတိုးတက်မှု အကျိုးစီးပွားကို ကြီးထွားလာအောင် လက်တွဲလုပ်ဆောင်သင့်ကြောင်း လီချန်က ထောက်ပြပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ဘက်အသီးသီးနှင့်အတူ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အစီအမံ (GDI) အား တစ်ဆင့်တိုး အကောင်အထည်ဖော်၍ ကုလသမဂ္ဂ ၂၀၃၀ ပြည့်နှစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်အား အရှိန်မြှင့်တွန်းအားပေးကာ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းအား ပြန်လည်တိုးတက်လာအောင် လုပ်ဆောင်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
ပထမအနေဖြင့် တည်ငြိမ်၍ တံခါးဖွင့်လှစ်သော နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်မှု ပတ်ဝန်းကျင် ဖန်တီးကာ ကုလသမဂ္ဂအား ဗဟိုပြုသော နိုင်ငံတကာစနစ်အား အတူတကွ ထိန်းသိမ်းပြီး နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုဝါဒ၊ လွတ်လပ်စွာ ကုန်သွယ်ရေးအား အခိုင်အမာ လက်ကိုင်ထား၍ တံခါးဖွင့်လှစ်မှုပုံစံ ကမ္ဘာ့စီးပွားရေးကို ကြိုးပမ်းတည်ဆောက်ရမည်ဖြစ်သည်။
ဒုတိယအနေဖြင့် ဟန်ချက်ညီ၍ ကျယ်ကျယ်ပြန့်ပြန့် အကျိုးပြုသော ဖွံ့ဖြိုးတိုးတက်မှု မိတ်ဖက်ဆက်ရေးကို တည်ဆောက်၍ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ လိုအပ်ချက်ကို ပိုမိုဂရုပြုကာ ဖွံ့ဖြိုးတိုးတက်မှု ဟန်ချက်ညီမှုမရှိခြင်း၊ ပြည့်ဝမှုမရှိခြင်း ပြဿနာအား တက်ကြွစွာ ဖြေရှင်းရမည်ဖြစ်သည်။
တတိယအနေဖြင့် အနာဂတ်အား မျက်နှာမူသော ဆန်းသစ်တီထွင် ဖွံ့ဖြိုးတိုးတက်မှု စွမ်းရည်အား ပျိုးထောင်ကာ နိုင်ငံတကာ သိပ္ပံနည်းပညာ ဆန်းသစ်တီထွင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပြီး “အကာအရံ အတားအဆီးများ တည်ဆောက်ထားရှိခြင်း” အား ဆန့်ကျင်ကာ ဆန်းသစ်တီထွင် ဖွံ့ဖြိုးတိုးတက်မှုဖြင့် တစ်ကမ္ဘာလုံးကို အစစ်အမှန် အကျိုးပြုစေရမည်ဖြစ်သည်။
စတုတ္ထအနေဖြင့် ပိုမိုစဉ်ဆက်မပြတ်ဖြစ်သော အစိမ်းရောင် ကာဗွန်နည်း ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ကာ တစ်ကမ္ဘာလုံး စွမ်းအင်သစ် စသည့် လုပ်ငန်းများ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်၍ လူသားနှင့် သဘာဝ သဟဇာတဖြစ်စွာ အတူရှင်သန်မှု၏ ပိုမိုစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို လက်တွဲကြိုးပမ်း ဖော်ဆောင်ရမည်ဖြစ်သည်။
တရုတ်နိုင်ငံအနေဖြင့် အတူတကွ ဖွံ့ဖြိုးတိုးတက်မှု၏ ထောက်ခံအားပေးသူ၊ မြှင့်တင်သူအဖြစ် အစဉ်အမြဲ လုပ်ဆောင်ပြီး လှုပ်ရှားမှုများ ပိုမိုတက်ကြွစွာ လုပ်ဆောင်၍ ရှိသင့်ရှိထိုက်သည့် တာဝန်သိမှုကို ဖော်ပြလျက်ရှိကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် ထည့်ဝင်မှုကို ဆက်လက်တိုးချဲ့ကာ သိပ္ပံနည်းပညာ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအား အားဖြည့်မှုကို မြှင့်တင်ပြီး ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု၏ အစိမ်းရောင်အသွင်ကူးပြောင်းမှုကို တက်ကြွစွာ တွန်းအားပေးသွားမည်ဖြစ်ကြောင်း လီချန်က အလေးထား ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် တာဝန်ယူမှုရှိသည့် ဖွံ့ဖြိုးဆဲနိုင်ငံကြီးအနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ လက်ရှိနှင့် အနာဂတ် ဆွေးနွေးညှိနှိုင်းမှုအတွင်း တစ်မူထူးခြားသောနှင့် ခွဲခြားဆက်ဆံမှုရှိသော ခံစားခွင့်အသစ်များကို ရှာဖွေသွားမည်မဟုတ်ကြောင်း၊ တရုတ်နိုင်ငံ အစိုးရအနေဖြင့် “ဉာဏ်ရည်တု (AI) +” နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု အစီအမံအား အဆိုပြုခဲ့ရာ ဘက်ပေါင်းစုံမှ တက်ကြွစွာ ပါဝင်ရန် ကြိုဆိုကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံအသီးသီးနှင့်အတူ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအစီအမံကို အားထား၍ တစ်ကမ္ဘာလုံး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ နက်ရှိုင်းစွာလုပ်ဆောင်ကာ ကမ္ဘာကြီး၏ ပိုမိုစည်ပင်ဝပြောပြီး သာယာလှပသော မနက်ဖြန်အား အတူဖန်တီးသွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
အစည်းအဝေးတက်ရောက်လာသော ဘက်ပေါင်းစုံက သမ္မတ ရှီကျင့်ဖိန် အဆိုပြုသည့် ကမ္ဘာလုံးဆိုင်ရာ အစီအမံကြီး ၄ ရပ်နှင့် “ရပ်ဝန်းနှင့် ပိုးလမ်းမ” အဆိုပြုချက်အား ထောက်ခံအားပေးကြပြီး ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အစီအမံ (GDI) ပူးပေါင်းဆောင်ရွက်မှုတွင် ရရှိထားသည့် ပြည့်ဝသော ရလဒ်များအပေါ် များစွာ ချီးကျူးသုံးသပ်ပြောကြားခဲ့သည့်အပြင် တရုတ်နိုင်ငံက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်အတွင်း ပါဝင်သည့် စံနမူနာပြ ဦးဆောင်လမ်းပြမှု အခန်းကဏ္ဍကို လှိုက်လှဲစွာ ချီးကျူးခဲ့ကာ တရုတ်နိုင်ငံ အဆိုပြုသော ဉာဏ်ရည်တု (AI) နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု အစီအမံအသစ်ကိုလည်း ကြိုဆိုခဲ့ကြသည်။
ဘက်အသီးသီးက တရုတ်နိုင်ငံ၏ အယူအဆသည် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း ရည်ရွယ်ချက်၊ အခြေခံမူအား လက်တွေ့ဖော်ဆောင်မှုသည် များစွာကိုက်ညီကြောင်း၊ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်မှုဝါဒကို အတူတကွ ကျင့်သုံးကာ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုကို ပြုပြင်ပြောင်းလဲ၍ ကောင်းမွန်ပြည့်စုံအောင် လုပ်ဆောင်ပြီး တံခါးဖွင့်၍ အားလုံးပါဝင်သော ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်သည့်အပြင် နိုင်ငံတကာ အသိုင်းအဝိုင်း အထူးသဖြင့် ကမ္ဘာ့တောင်ဘက်ခြမ်း၏ ဘုံအကျိုးစီးပွားကို ကာကွယ်ထိန်းသိမ်းသင့်ကြောင်း ပြောကြားခဲ့သည်။
အစည်းအဝေးက ကြေညာချက်ထုတ်ပြန်ခဲ့ရာ ဘက်အသီးသီးက ဖွံ့ဖြိုးတိုးတက်မှုကို အခိုင်အမာအာရုံစိုက် လုပ်ဆောင်ရန်၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အစီအမံ (GDI) ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာ ဖော်ဆောင်ရန်၊ အတူလက်တွဲ၍ ကုလသမဂ္ဂ ၂၀၃၀ ပြည့်နှစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်အား အကောင်အထည်ဖော်ရန် အလေးထား ပြောကြားခဲ့ကြသည်။ (Xinhua)
———————-
(Chinese Version)
李强出席全球发展倡议高级别会议
新华社联合国9月23日电(记者夏林 孙奕)当地时间9月23日,国务院总理李强在纽约联合国总部出席由中方主办的全球发展倡议高级别会议并致辞。联合国秘书长古特雷斯、哈萨克斯坦总统托卡耶夫、伊拉克总统拉希德、安哥拉总统洛伦索、安提瓜和巴布达总理布朗、巴基斯坦总理夏巴兹、尼日尔总理泽内以及30多国部长级官员、国际组织负责人与会。
李强表示,习近平主席2021年在联合国大会上提出全球发展倡议,着眼人类社会最广泛利益,呼吁各方做到“六个坚持”,为推进共同发展发挥了重要引领作用。这一重要倡议的落实机制已有130多个国家和国际组织参与,成为广受欢迎的国际公共产品。
李强指出,当前,单边主义、保护主义上升,国际发展合作受到严重冲击,世界经济增长动能减弱。要解决当下的诸多矛盾问题,应当持续聚焦发展,全力推动发展,携手做大发展蛋糕。中方愿同各方进一步落实全球发展倡议,加快推进联合国2030年可持续发展议程,重振全球发展事业。一是营造稳定开放的国际发展环境,共同维护以联合国为核心的国际体系,坚持多边主义、自由贸易,努力构建开放型世界经济。二是构建均衡普惠的发展伙伴关系,更多照顾发展中国家需要,积极解决发展不平衡不充分问题。三是培育面向未来的创新发展动能,加强国际科技创新合作,反对“筑墙设垒”,让创新发展真正惠及全世界。四是促进更可持续的绿色低碳发展,加强全球新能源等产业协作,携手努力实现人与自然和谐共生的更可持续发展。
李强强调,中国将始终做共同发展的支持者、促进者,更加积极开展行动、展现应有担当。中国将继续加大对全球发展的投入,加强科技合作赋能全球发展,积极推动全球发展绿色转型。中国作为负责任的发展中大国,在世贸组织当前和未来谈判中将不寻求新的特殊和差别待遇。中国政府提出“人工智能+”国际合作倡议,欢迎各方积极参与。中国愿同各国以全球发展倡议为依托,深化全球发展合作,共创世界更加繁荣美好的明天。
与会各方支持习近平主席提出的四大全球倡议和“一带一路”倡议,高度评价全球发展倡议合作取得的丰硕成果,由衷赞赏中方在世贸组织改革进程中发挥的示范引领作用,欢迎中方提出的人工智能国际合作新举措。各方表示,中方理念与实践同联合国宪章宗旨原则高度契合,应共同践行多边主义,改革完善全球治理,促进开放包容发展,维护国际社会特别是全球南方共同利益。
会议发表声明,各方重申坚持聚焦发展、深化全球发展倡议合作、携手落实联合国2030年可持续发展议程。(完)
图说:当地时间9月23日,国务院总理李强在纽约联合国总部出席由中方主办的全球发展倡议高级别会议并致辞。 新华社记者 刘彬 摄