Connect with us

Environment, Disasters & Accidents

မကွေးတိုင်းဒေသကြီးတွင် ချောင်းရေနှင့်အတူ လူနှစ်ဦးမျောပါ တစ်ဦးပျောက်ဆုံး

ချောင်းရေအတွင်း မျောပါသွားသူများအား ကယ်ဆယ်ရေး ဆောင်ရွက်စဉ်(MOI)

ရန်ကုန်၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ)

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်တွင် မိုးသည်းထန်းစွာ ရွာသွန်းခဲ့ပြီး နောင်ရိုးချောင်းအတွင်း ဆိုင်ကယ်ဖြင့် ဖြတ်ကူးသူလူနှစ်ဦး မျောပါခဲ့ရာမှ တစ်ဦးပျောက်ဆုံးနေကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

နောင်ရိုးချောင်းအတွင်း သြဂုတ် ၂၄ ရက်၌ ချောင်းရေစီးနေချိန်တွင် ဆိုင်ကယ်တွန်း၍ ဖြတ်ကူးနေစဉ် ရုတ်တရက် ချောင်းရေတက်လာကြောင်း၊ ရေစီးနှင့်အတူ မျောပါသွားသူနှစ်ဦးအနက် တစ်ဦးမှာ ချောင်းကမ်းဘက်သို့ တက်ရောက်လွတ်မြောက်ခဲ့သော်လည်း ကျန်တစ်ဦးမှာ ယနေ့ထိ ပျောက်ဆုံးနေကြောင်း သိရသည်။အဆိုပါရေစီးနှင့် မျောပါသွားသူအား ရှာဖွေကယ်ဆယ်ရေးများ လိုက်လံရှာဖွေရာတွင် ဆိုင်ကယ်နှင့် တူးဘောက်အတွင်းမှ ဟွာဝေးဖုန်းတစ်လုံး ပြန်လည်တွေ့ရှိကြောင်းနှင့် ရေစီးဖြင့်မျောပါသွားသူအား ဆက်လက်ရှာဖွေ လျက်ရှိကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117