Connect with us

မြန်မာ-ENG

တရုတ်အိုးပင်းဒုတိယအဆင့်တွင် ဒဏ်ရာမှ တစ်ကျော့ပြန်လာသည့် တရုတ်နိုင်ငံမှ ကျိန့်က အာရန်ဂိုအား အနိုင်ရ

၂၀၂၅ ခုနှစ် တရုတ်အိုးပင်း အမျိုးသမီးတစ်ဦးချင်း ဒုတိယအဆင့်ပွဲစဥ်အဖြစ် ကိုလံဘီယာမှ အမ်မလီယာနာ အာရန်ဂိုနှင့်ကစားခဲ့သည့်ပွဲမှ ကျိန့်ချင်းဝန်၏ တုံ့ပြန်မှုအား ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၇ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံမှ နာမည်ကျော် တင်းနစ်မယ်လေး ကျိန့်ချင်းဝန်က စက်တင်ဘာ ၂၇ ရက်က ကျင်းပခဲ့သော ၂၀၂၅ ခုနှစ် တရုတ်အိုးပင်း အမျိုးသမီးတစ်ဦးချင်း ဒုတိယအဆင့်ပွဲစဥ်၌ ကိုလံဘီယာနိုင်ငံမှ အမ်မလီယာနာ အာရန်ဂိုအား ၆-၃၊ ၆-၂ ရလဒ်များဖြင့် အနိုင်ရဖြတ်ကျော်ခဲ့ကြောင်း သိရသည်။ပထမအဆင့်ကို “Bye” ရခဲ့ခြင်းကြောင့် ဒုတိယအဆင့်မှ စတင်ကစားခဲ့ရသည့် ကျိန့်အတွက် လွန်ခဲ့သည့် ဇူလိုင်လအတွင်းက သူမ၏ ညာဘက်တံတောင်ဆစ် ဒဏ်ရာကို ခွဲစိတ်မှုခံယူပြီးနောက်ပိုင်း ပထမဆုံးအကြိမ် တရားဝင်ပွဲအဖြစ် ပြန်လည်ကစားခဲ့ခြင်းဖြစ်သည်။

အသက် ၂၂ နှစ်အရွယ်သာ ရှိသေးသော အိုလံပစ်ချန်ပီယံ ကျိန့်မှာ တရုတ်အိုးပင်းပြိုင်ပွဲတွင် ပြန်လည်ယှဥ်ပြိုင်ခြင်းမပြုမီ ခွဲစိတ်မှုခံယူခဲ့ရခြင်းကြောင့် ယူအက်စ်အိုးပင်းနှင့် ဘီလီဂျင်းဘုရင့်ဖလား ပြိုင်ပွဲများ၌ ဝင်ရောက်ယှဥ်ပြိုင်နိုင်ခြင်း မရှိဘဲ နုတ်ထွက်ခဲ့ရသေးသည်။

ဆီဒင်-၇ သတ်မှတ်ခံထားရသော ကျိန့်မှာ စပေးဘောစတင်ရရှိခဲ့ခြင်းနှင့်အတူ ပထမပွဲအား ၆-၃ ရလဒ်ဖြင့် အနိုင်ရခဲ့သည်။ ထို့နောက် အိမ်ရှင်ပရိသတ်များ၏အသည်းစွဲ ကျိန့်က ဒုတိယပွဲတွင်လည်း လွှမ်းမိုးကစားခဲ့ခြင်းဖြင့် အာရန်ဂိုကို အခွင့်အရေးအနည်းငယ်သာပေးခဲ့ပြီး ၆-၂ ရလဒ်ဖြင့် နှစ်ပွဲပြတ်အနိုင်ရယူနိုင်ခဲ့ခြင်းဖြစ် သည်။

” ကျွန်မရဲ့ ဒဏ်ရာအခြေအနေက ၈၀ ရာခိုင်နှုန်းနီးပါး ပြန်ကောင်းနေပါပြီ။ ဒါပေမယ့် ကျန်တဲ့ ၂၀ ရာခိုင်နှုန်းက အခက်ခဲဆုံးအဖြစ် ကျန်နေတုန်းပါပဲ” ဟု ကျိန့်က ပြောကြားခဲ့သလို ” လာမယ့်ပွဲမှာ ပိုကောင်းတဲ့ စွမ်းဆောင်မှုရဖို့ ကျွန်မ ရည်မှန်းနေပါတယ်။ တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်အောင် လုပ်သွားပါမယ်” ဟုလည်း ဆက်လက်ပြောကြားခဲ့သည်။
ကျိန့်မှာ တရုတ်အိုးပင်း တတိယအဆင့်တွင် ချက်ပြည်သူ့သမ္မတနိုင်ငံမှ လင်ဒါနော့စ်ကိုဗာနှင့် ယှဥ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
————————–
(English Version)
China’s Zheng comes back to beat Arango in China Open second round
BEIJING, Sept. 27 (Xinhua) — China’s tennis sensation Zheng Qinwen cruised past Colombia’s Emiliana Arango 6-3, 6-2 in the women’s singles second round of the 2025 China Open on Saturday.
Zheng advanced after a first-round bye, marking her first official match since undergoing surgery on her right elbow in July.
Olympic champion Zheng, 22, withdrew from tournaments including the US Open and the Billie Jean King Cup finals following her surgery, before making her comeback at the China Open.
The 7th seed Zheng opened her account with an ace and took the first set 6-3. The home favorite then dominated the second set, leaving Arango with few chances, and sealed the victory 6-2.
“I have recovered almost 80 percent, but the 20 percent left would be the most difficult part,” Zheng said. “I am looking forward to having a better performance in my next match and making progress step by step.”
In the third round, Zheng will face Linda Noskova of the Czech Republic. ■

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.