မြန်မာ-ENG8 months ago
တရုတ်အိုးပင်းဒုတိယအဆင့်တွင် ဒဏ်ရာမှ တစ်ကျော့ပြန်လာသည့် တရုတ်နိုင်ငံမှ ကျိန့်က အာရန်ဂိုအား အနိုင်ရ
ပေကျင်း၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံမှ နာမည်ကျော် တင်းနစ်မယ်လေး ကျိန့်ချင်းဝန်က စက်တင်ဘာ ၂၇ ရက်က ကျင်းပခဲ့သော ၂၀၂၅ ခုနှစ် တရုတ်အိုးပင်း အမျိုးသမီးတစ်ဦးချင်း ဒုတိယအဆင့်ပွဲစဥ်၌ ကိုလံဘီယာနိုင်ငံမှ အမ်မလီယာနာ အာရန်ဂိုအား ၆-၃၊ ၆-၂ ရလဒ်များဖြင့် အနိုင်ရဖြတ်ကျော်ခဲ့ကြောင်း သိရသည်။