Europe
မော်စကိုမြို့၌ ထရမ့်နှင့်တွေ့ဆုံဆွေးနွေးရန် ပူတင် အဆင်သင့်ရှိကြောင်း ရုရှားအစိုးရအဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် ပြောကြား

မော်စကို၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်သည် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်နှင့် ရုရှားနိုင်ငံမြို့တော်၊ မော်စကိုမြို့၌ တွေ့ဆုံဆွေးနွေးရန် ဆန္ဒရှိကြောင်း၊ သို့ရာတွင် အမေရိကန်ဘက်က ဆုံးဖြတ်ရန်သာ ကျန်ရှိကြောင်း ရုရှားအစိုးရအဖွဲ့ပြောခွင့်ရ ပုဂ္ဂိုလ် ဒီမီထရီပက်စ်ကော့ဗ်က စက်တင်ဘာ ၂၈ ရက်က ပြောကြားလိုက်သည်။
ပူတင်၏ ထရမ့်ကိုဖိတ်ကြားမှုမှာ စားပွဲဝိုင်းပေါ်၌ ဆက်လက်ရှိနေဆဲဖြစ်ကြောင်း ရုရှားသတင်း အေဂျင်စီ TASS သို့ ပက်စ်ကော့ဗ်က ပြောကြားခဲ့သည်။
ပူတင်က ထရမ့်နှင့် မော်စကိုမြို့၌တွေ့ဆုံဆွေးနွေးရန် ဆန္ဒရှိနေကြောင်း ပက်စ်ကော့ဗ်က ပြောကြားခဲ့ သလို “အရာရာတိုင်းက ထရမ့်ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်နေပါတယ်” ဟုလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
သြဂုတ်လအတွင်းက အလက်စ်ကာ၌ ထရမ့်နှင့်တွေ့ဆုံဆွေးနွေးခဲ့စဥ်က ၎င်းတို့၏ နောက်တစ်ကြိမ် ဆွေးနွေးပွဲအား မော်စကိုမြို့၌ ပြုလုပ်ရန် ပူတင်က အဆိုပြုခဲ့ကြောင်း သိရသည်။
အမေရိကန်နိုင်ငံသမ္မတ ဒေါ်နယ်ထရမ့်ကလည်း ၎င်းအနေဖြင့် ဝေဖန်ခံရမှုများတွေ့ကြုံလာရနိုင်ခြင်းကို သတိပြုထားပြီးဖြစ်သော်လည်း ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင်၏ မော်စကိုတွင်တွေ့ဆုံရေး အဆိုပြုချက်မှာ ဖြစ်ကောင်းဖြစ်လာနိုင်သည်ဟု ပြောကြားခဲ့ဖူးကြောင်း သိရသည်။ (Xinhua)
…………………………
(English Version)
Putin ready to meet Trump in Moscow: Kremlin
MOSCOW, Sept. 28 (Xinhua)
Russian President Vladimir Putin is willing to meet with U.S. President Donald Trump in Moscow, but the decision rests with the U.S. side, Kremlin Spokesman Dmitry Peskov said on Sunday.
Peskov told Russia’s TASS news agency that the invitation extended by Putin to Trump remains on the table.
Peskov added that Putin is ready and willing to hold the meeting with Trump in Moscow. “Everything depends on Trump’s decision,” he said.
In August, following their meeting in Alaska, Putin proposed holding their next meeting in Moscow. The U.S. leader described the proposal as possible, though he acknowledged that he would face criticism for it. ■
Photo:
U.S. President Donald Trump (R) and Russian President Vladimir Putin attend a joint press conference after concluding their talks in Anchorage, Alaska, the United States, on Aug. 15, 2025. (Xinhua/Wu Xiaoling)