North America
လော့စ်အိန်ဂျလိစ်တွင် အင်အား ၄.၄ ပမာဏရှိ ငလျင်တစ်ခုလှုပ်ခတ်သွား
![ငလျင်တိုင်းတာမှု ပုံစံတစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)](https://xinhuamyanmar.com/wp-content/uploads/2018/08/images_world_2018_08_29e1.jpg)
လော့စ်အိန်ဂျလိစ်၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်မြို့နေ ဒေသခံများသည် သြဂုတ် ၂၈ ရက် ညနေပိုင်းတွင် ငလျင်လှုပ်ခတ်မှုကို သိသိသာသာခံစားသိရှိခဲ့ကြောင်း သိရသည်။
အမေရိကန်ဘူမိဗေဒတိုင်းတာရေးအဖွဲ့၏ ပြောကြားချက်အရ ငလျင်သည် ည ရး၃၃နာရီတွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ရစ်ချ်တာစကေး ၄.၄ ပမာဏရှိကြောင်း သိရသည်။ (Xinhua)