Connect with us

Local

၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ် ပထမခုနှစ်လ အတွင်း ကုန်သွယ်မှုလိုငွေ အမေရိကန် ဒေါ်လာ ၂,၁၉၂ . ၆၅၉ သန်းပြ

မြန်မာ့ဆိပ်ကမ်း တစ်ခုရှိ ကုန်သေတ္တာတင် သင်္ဘောတစ်စီးအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ)

၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ် ၁-၄-၂၀၁၅ မှ ၂၃-၁၀-၂၀၁၅ ထိ ပထမ ခုနှစ်လ အတွင်း ပို့ကုန် တင်ပို့နိုင်မှု အခြေအနေမှာ အမေရိကန် ဒေါ်လာ ၆,၇၀၅ သန်း၊ သွင်းကုန်တင်သွင်း နိုင်မှု အခြေအနေ အမေရိကန် ဒေါ်လာ ၈,၈၉၈ သန်း ဖြစ်သဖြင့် စုစုပေါင်း ကုန်သွယ်မှု ပမာဏမှာ အမေရိကန် ဒေါ်လာ ၁၅,၆၀၃ သန်းကျော် ဆောင်ရွက်နိုင်ခဲ့ပြီး ကုန်သွယ်မှု လိုငွေ အမေရိကန် ဒေါ်လာ ၂,၁၉၂ . ၆၅၉ သန်း ပြနေကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်သည်။

ပြည်ပသို့ တင်ပို့လျက်ရှိသည့် ပို့ကုန်အုပ်စု ခုနစ်ခု (လယ်ယာထွက် ပစ္စည်း၊ တိရစ္ဆာန်ထွက် ပစ္စည်း၊ ရေထွက်ကုန်၊ သတ္တုတွင်းထွက် ပစ္စည်း၊ သစ်တောထွက် ပစ္စည်း၊ စက်မှုကုန်ချောနဲ့အခြား) ရှိသည့် အနက် သတ္တုတွင်းထွက် ပစ္စည်းအုပ်စု တင်ပို့ နိုင်မှုသာ ယမန်နှစ် အလားတူ ကာလထက် အမေရိကန် ဒေါ်လာ ၁၀၂ သန်းနီးပါး လျော့နည်းခဲ့ပြီး ကျန်အုပ်စုများက ပိုမိုခဲ့သည့်အတွက် ပို့ကုန်ပိုင်းမှာ ယမန်နှစ် အလားတူ ကာလထက် အမေရိကန် ဒေါ်လာ ၂၇၂ သန်းကျော် ပိုမို ခဲ့ကြောင်း သတင်း ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

လယ်ယာထွက် ကုန်ပစ္စည်း တင်ပို့မှုမှာ ဆန်ကွဲ၊ ပဲအမျိုးမျိုး (မတ်ပဲ၊ ပဲတီစိမ်း၊ ကုလားပဲ၊ မြေထောက်ပဲ၊ ပဲယင်း၊ ပဲကတ္တီပါ/စွန်တာပြာ၊ ပဲပုတ်စေ့၊ နိုင်လွန်ပဲ၊ အခြားပဲ) နှမ်းရောင်စုံနှင့် ရော်ဘာစိမ်း တင်ပို့မှုတို့ ပိုမို ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။ သွင်းကုန်ပိုင်းမှာ ယမန်နှစ် အလားတူ ကာလထက် သွင်းကုန် အမေရိကန် ဒေါ်လာ ၃၄၃ သန်းကျော် လျော့နည်းခဲ့ကြောင်း တွေ့ရပါသည်။ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်း၊ လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်း အုပ်စုတို့ တင်သွင်းမှု လျော့နည်းခဲ့ပြီး လူသုံးကုန်ပစ္စည်း အုပ်စု တစ်ခုသာ ယမန်နှစ် အလားတူ ကာလထက် ပိုမို တင်သွင်းနိုင်ခဲ့ကြောင်း သိရသည်။

ကုန်ပစ္စည်း အလိုက် သွင်းကုန် တင်သွင်းမှု နှိုင်းယှဉ်ရာတွင် ရင်းနှီးမြှုပ်နှံမှု ပစ္စည်းများ ဖြစ်သည့် စက်နှင့် စက်ပစ္စည်း၊ သံနှင့်သံမဏိ ဆောက်လုပ်ရေး ပစ္စည်း၊ လယ်ယာသုံး နောက်တွဲယာဉ်နှင့် အခြားယာဉ်များ၊ ဆောက်လုပ်ရေး ပစ္စည်းများ၊ အင်ဂျင်များ၊ လုပ်ငန်းသုံး ကုန်ကြမ်း ပစ္စည်များ ဖြစ်သည့် ရေနံထွက် ပစ္စည်းများ၊ ဓာတုဗေဒ ချည်ခင်များ၊ ဓာတ်မြေ သြဇာများ၊ သံနှင့်သံမဏိပစ္စည်း၊ သတ္တုကုန်ကြမ်း ပစ္စည်းများ ယမန်နှစ် အလားတူ ကာလထက် လျော့နည်း တင်သွင်းခဲ့ကြောင်း သိရသည်။

ပင်လယ် ရေကြောင်းနှင့် နယ်စပ် ကုန်သွယ်မှု နည်းလမ်းဖြင့် ပို့ကုန်သွင်းကုန် ဆောင်ရွက်နိုင်မှုမှာ ပို့ကုန်ပိုင်း ပင်လယ်ရေကြောင်းမှ အမေရိကန်ဒေါ်လာ ၄,၃၇၂ သန်းကျော်၊ နယ်စပ် ကုန်သွယ်မှု အမေရိကန် ဒေါ်လာ သန်း ၂,၃၃၃ သန်းကျော် နှင့် သွင်းကုန်ပိုင်း ပင်လယ်ရေကြောင်းမှ အမေရိကန် ဒေါ်လာ ၇,၄၉၈ သန်းကျော် နယ်စပ် ကုန်သွယ်မှု ကန်ဒေါ်လာ သန်း ၁,၄၀၀ ကျော် အသီးသီး ဆောင်ရွက်ခဲ့ပြီး ယခင်နှစ် အလားတူ ကာလနှင့် နှိုင်းယှဉ်ပါက ပို့ကုန်ပိုင်းတွင် ပင်လယ်ရေကြောင်းရော နယ်စပ်ကပါ ပိုမို ဆောင်ရွက်နိုင်ခဲ့သော်လည်း သွင်းကုန်ပိုင်းတွင် ပင်လယ် ရေကြောင်းမှ တင်သွင်းမှု လျော့နည်းခဲ့ကြောင်း၊ အတွက် နယ်စပ်မှ တင်သွင်းမှု ပိုမိုခဲ့သော်လည်း ယခင်နှစ် အလားတူ ကာလထက် ကုန်သွယ်မှု နှစ်ရပ်ပေါင်း အနေနဲ့ လျော့နည်းခဲ့ကြောင်း သတင်း ထုတ်ပြန်ချက် ထဲတွင် ပါရှိသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117