Connect with us

Local

အမှတ်(၁) ရေနံချက်စက်ရုံ(သန်လျင်) ရှိ ရေနံဓါတ်ငွေ့ရည် သိုလှောင်ဖြန့်ဖြူးရေး အတွက် ကုမ္ပဏီ ၁၁ ခုမှ တင်ဒါများတင်သွင်းခဲ့

စွမ်းအင်ဝန်ကြီးဋ္ဌာန သတင်းထုတ်ပြန်ခြင်းအခမ်းအနားတွင် သက်ဆိုင်ရာတာဝန်ရှိသူများမှ သတင်းမီဒီယာများ၏ မေးမြန်းချက်များအားဖြေကြားပေးနေစဉ် (စွမ်းအင်)

ရန်ကုန်၊ နိုဝင်ဘာ၁၂ ရက် (ဆင်ဟွာ)

အမှတ်(၁) ရေနံချက်စက်ရုံ( သန်လျင်) ရှိ ရေနံဓါတ်ငွေ့ရည် သိုလှောင်ဖြန့်ဖြူးရေး အကျိုးတူ ပူးပေါင်းဆောင်ရွက်ရန် တင်ဒါများခေါ်ယူခဲ့ရာ ကုမ္ပဏီ ၁၁ ခုမှ တင်ဒါ များ တင်သွင်းလာခဲ့ကြောင်း၊ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများဖြင့် အကျိုးတူပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။

ရေနံဓါတ်ငွေ့ရည် သိုလှောင်ဖြန့်ဖြူးရေးဌာန၏ Existing Facilities များကို အသုံးပြု၍ ရေနံဓါတ်ငွေ့ရည်တင်သွင်း၊ သိုလှောင်၊ လက်ကားဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း (Wholesale) ကို နိုင်ငံတကာ အဆင့်အတန်း နှင့်အညီ တိုးမြှင့်ဆောင်ရွက်နိုင်ရန် ပြည်တွင်း၊ပြည်ပ အဖွဲ့အစည်းများ၏ ရင်းနှီးမြှုပ်နှံမှုဖြင့် အကျိုးတူပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

အကျိုးတူ ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းအတွက် တင်ဒါအောင်မြင်သည့် Consultant Farm ဖြင့် Existing LPG Terminal အကျိုးတူပူးပေါင်းဆောင်ရွက်မှုလုပ်ငန်း၏ အဆိုပြုလွှာများကို စိစစ်ပြီး အကောင်းဆုံးအဆိုပြုလွှာအား ရွေးချယ်၍ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.