North America
ခုနစ်နှစ်နီးပါးအတွင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန်အစိုးရယန္တရား ရပ်ဆိုင်းမှုဖြစ်ပေါ်

ဝါရှင်တန်၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)
ပါတီနှစ်ရပ် သဘောထားကွဲလွဲမှုများကြောင့် ကွန်ဂရက်လွှတ်တော်၌ အစိုးရအသုံးစရိတ် ဥပဒေကြမ်းအား အတည်ပြုနိုင်ခဲ့ခြင်း မရှိသည့်နောက် အောက်တိုဘာ ၁ ရက် အစောပိုင်းမှစ၍ အမေရိကန် ဖက်ဒရယ်အစိုးရယန္တရား ရပ်ဆိုင်းမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
သို့ဖြစ်၍ သိန်းနှင့်ချီသည့် ဖက်ဒရယ်အစိုးရဝန်ထမ်းများမှာ လစာမဲ့ခွင့်ယူရတော့မည်ဖြစ်ကာ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း အချို့မှာလည်း ယာယီရပ်ဆိုင်းခြင်း သို့မဟုတ် နှောင့်နှေးကြန့်ကြာခြင်းတို့ ဖြစ်ပေါ်နိုင်ဖွယ်ရှိသလို စီးပွားရေးဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ ထုတ်ပြန်မှုကိုလည်း သက်ရောက်လာနိုင်ဖွယ်ရှိသည်။
အစိုးရယန္တရားကို ယာယီအားဖြင့် ဆက်လက်လည်ပတ်စေနိုင်မည့် ကာလတို အသုံးစရိတ်ဥပဒေကြမ်းကို အမေရိကန် ဆီးနိတ်လွှတ်တော်၌ အတည်ပြုနိုင်ခြင်း မရှိသည့်နောက် နာရီပိုင်းအကြာတွင် အစိုးရယန္တရားရပ်ဆိုင်းမှု စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ရီပက်ဘလစ်ကန် ဆီးနိတ်လွှတ်တော်အမတ်များက အဆိုတင်သွင်းသည့် ဆုံးဖြတ်ချက်မူကြမ်းအား ဒီမိုကရက်များက ဟန့်တားခဲ့သည့်အတွက် ယင်းအား အတည်ပြုနိုင်ရန် လိုအပ်သော ထောက်ခံမဲ ၆၀ မဲကို ပြည့်မီခဲ့ခြင်းမရှိပေ။
လတ်တလော အချေအတင် ဆွေးနွေးမှုများတွင် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အကျိုးခံစားခွင့်များမှာ ပါတီနှစ်ရပ်ကြား အဓိကအငြင်းပွားနေသည့် အကြောင်းအရာတစ်ခုလည်းဖြစ်သည်။ ဒီမိုကရက်တို့က ယခုနှစ်ကုန်တွင် သက်တမ်းကုန်ဆုံးမည့် Affordable Care အက်ဥပဒေအတွက် ထောက်ပံ့ငွေ တိုးမြှင့်ပေးမှုကို ထပ်မံသက်တမ်းတိုးခြင်း အပါအဝင် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အကျိုးခံစားခွင့်များ ပိုမိုခိုင်မာမှုရှိရေး၊ ဒုက္ခသည်များနှင့် နိုင်ငံရေးခိုလှုံခွင့် တောင်းခံသူများ အပါအဝင် တရားဝင် နေထိုင်လျက်ရှိသည့် ရွှေ့ပြောင်းအခြေချ နေထိုင်သူအချို့အတွက် ထိုဥပဒေအရ အကျိုးခံစားခွင့် ပြန်လည်ပေးအပ်ရေးအတွက်လည်း တောင်းဆိုထားကြသည်။
တစ်ဖက်တွင်လည်း ရီပက်ဘလစ်ကန်များက ယင်းအစီအမံများကို ဆန့်ကျင်ခဲ့ကာ ဆွေးနွေးညှိနှိုင်းရာတွင် အချိန်ပိုမိုရရှိနိုင်ရန်အတွက် လက်ရှိအစိုးရအသုံးစရိတ် ပမာဏကို ယာယီဆက်လက်ထိန်းထားရေးအတွက် တွန်းအားပေးလုပ်ဆောင်လျက်ရှိသည်။
စက်တင်ဘာ ၃၀ ရက် အစောပိုင်းကလည်း ရီပက်ဘလစ်ကန်များနှင့် ဒီမိုကရက်များကြား အပြန်အလှန် အပြစ်တင်ခဲ့ကြပြီး အစိုးရယန္တရား ရပ်ဆိုင်းသွားအောင် ဇွတ်အတင်းလုပ်ဆောင်နေသည်ဟု အပြန်အလှန် စွပ်စွဲခဲ့ကြသည်။ (Xinhua)

အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ အိမ်ဖြူတော်မှ ထွက်ခွာလာစဉ် သတင်းထောက်များ၏ မေးမြန်းမှုများကို ဖြေကြားနေသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အား ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
………………..
(English Version)
U.S. gov’t enters shutdown for first time in nearly 7 years
WASHINGTON, Oct. 1 (Xinhua) — The U.S. federal government entered a shutdown at the start of Wednesday as partisan divisions prevented Congress from passing a funding bill, which marks the first government shutdown in nearly seven years.
Hundreds of thousands of federal employees will be forced to take unpaid leave, with some public services potentially suspended or delayed, and the release of economic data possibly impacted as well.
The shutdown commenced hours after the U.S. Senate failed to pass a short-term spending bill that would have temporarily kept the government running. The continuing resolution proposed by Senate Republicans was blocked by Democrats, falling short of the 60 votes required for passage.
In the latest negotiations, healthcare benefits have been one of the core sticking points between the two parties. Democrats are demanding stronger healthcare-related benefits, including an extension of the enhanced subsidies for Affordable Care Act set to expire at the end of the year, as well as restoring the act’s coverage eligibility for certain immigrants who are legally present, including refugees and asylum seekers.
Republicans, on the other hand, opposed these measures and have been pushing to temporarily maintain current government funding levels to allow more time for negotiations.
Earlier on Tuesday, Republicans and Democrats continued to trade blame, accusing each other of forcing the government into a “shutdown.”
English Caption 1
This photo taken on Sept. 28, 2023 shows the U.S. Capitol building in Washington, D.C., the United States. (Xinhua/Liu Jie)
English Caption 2
U.S. President Donald Trump speaks to the press upon departure from the White House in Washington, D.C., the United States, on Sept. 26, 2025. (Xinhua/Hu Yousong)