မြန်မာ-ENG
တရုတ်တပ်မတော်က ဟွမ်ရန်သောင်တစ်ဝိုက်တွင် တိုက်ခိုက်ရေးအသင့်အနေအထား ကင်းလှည့်မှုများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်

ပေကျင်း၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ)
တရုတ်တပ်မတော်က ဟွမ်ရန်သောင်ကျွန်း၏ ရေပိုင်နက်အနီးဝန်းကျင်နှင့် ဝေဟင်တွင် တိုက်ခိုက်ရေးအသင့်အနေအထား ကင်းလှည့်မှုများကို စက်တင်ဘာလမှစ၍ အရှိန်မြှင့်လုပ်ဆောင်ခဲ့ကြောင်း အောက်တိုဘာ ၁ ရက်က တရားဝင်ထုတ်ပြန်ခဲ့မှုအရ သိရသည်။
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တောင်ပိုင်း စစ်ဒေသကြီး၏ ထုတ်ပြန်မှုအရ ဆက်စပ်ဒေသများ၏ ထိန်းချုပ်စီမံမှုကို ပိုမိုအားကောင်းလာစေရေး၊ ဥပဒေချိုးဖောက်မှုများနှင့် ရန်စလှုံ့ဆော်မှုများကို ထိရောက်စွာတန်ပြန်ဆောင်ရွက်ရေး တစ်ဆင့်တိုးဖော်ဆောင်ရန်အတွက် ရေတပ်နှင့် လေတပ် တပ်ဖွဲ့များကို အားဖြည့်ကင်းလှည့်မှုများလုပ်ဆောင်ရန်နှင့် နိုးနိုးကြားကြားရှိရန် ဖြန့်ကြက်ထားခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ယင်းလုပ်ဆောင်မှုသည် တရုတ်နိုင်ငံ၏အချုပ်အခြာအာဏာနှင့် လုံခြုံရေးကို အခိုင်အမာကာကွယ်ရန်နှင့် တောင်တရုတ်ပင်လယ်အတွင်း ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို ထိန်းသိမ်းရေးအတွက် ရည်ရွယ်ခြင်း ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ထပ်လောင်းဖော်ပြထားသည်။ (Xinhua)
………………
(English Version)
Chinese military intensifies combat readiness patrols over Huangyan Dao
BEIJING, Oct. 1 (Xinhua) — The Chinese military has stepped up combat readiness patrols in the surrounding areas of and airspace over the territorial waters of Huangyan Dao since September, an official statement said on Wednesday.
The Chinese People’s Liberation Army Southern Theater Command said that naval and air forces have been deployed to reinforce patrols and vigilance, further strengthen control and management of relevant areas, and effectively counter unlawful infringements and provocations.
The move aims to firmly safeguard China’s sovereignty and security while maintaining peace and stability in the South China Sea, it added. ■
Photo:
An aerial drone photo taken on March 1, 2025 shows the scenery of China’s Huangyan Dao.
(Xinhua/Lang Bingbing)